ဘီလာရုစ်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များတွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်။ 

ရုရှားသမ္မတ ပူတင်၏ ရင်းနှီးသော မဟာမိတ်များဖြစ်ကြသည့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် မတ်လ ၂၆ ရက်နေ့က ပြုံယန်းမြို့၌ တွေ့ဆုံခဲ့ကြသည်။ 

ဘီလာရုစ် သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးကဏ္ဍများတွင် ကုန်သွယ်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါနိုင်ငံနှစ်ခုစလုံးသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုကို ခံထားရသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဆက်ဆံရေး တည်ဆောက်ထားသည့် နိုင်ငံများလည်း ဖြစ်သည်။