နီပေါနိုင်ငံတွင် မြေအောက် ရက်ပါဟောင်း တစ်ဦး ဝန်ကြီးချုပ် ဖြစ်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်။ 

နီပေါနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲနှင့် ဝန်ကြီးချုပ်သစ် နီပေါနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ၌ ရာ့စ်ထရီယာ ဆွာတန်ထြာပါတီ (RSP) မှ အမတ်လောင်း၊ ဘာလန်ဒရာ ရှာ (Balendra Shah) သည် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် မကြာမီ ကျမ်းသစ္စာဆိုတော့မည်ဖြစ်သည်။ 

သူသည် Underground ရက်ပ်ပါအဆိုတော်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီး အဂတိလိုက်စားမှုနှင့် လူမှုရေးမမျှတမှုများကို ဝေဖန်ထောက်ပြသည့် ရက်ပ်သီချင်းများဖြင့် လူငယ်ထုအကြား ရေပန်းစားလာသူဖြစ်သည်။

၎င်းသည် ၂၀၂၂ ခုနှစ်တွင် ခတ္တမန္ဒူမြို့၏ မြို့တော်ဝန်အဖြစ် တစ်သီးပုဂ္ဂလအနိုင်ရရှိခဲ့စဉ်က မြို့သန့်ရှင်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ 

ယခုရွေးကောက်ပွဲတွင်လည်း အစဉ်အလာကြီးမားသော နိုင်ငံရေးအင်အားစုများကို အနိုင်ယူကာ အလုပ်အကိုင်သစ် ၁.၂ သန်း ဖန်တီးပေးမည်ဟု ကတိပြုထားသည်။ 

သို့သော် မြို့တော်ဝန်ဘဝက လမ်းဘေးစျေးသည်များကို ကိုင်တွယ်ပုံနှင့် ဆိုရှယ်မီဒီယာပေါ်တွင် အိမ်နီးချင်းနိုင်ငံကြီးများကို ဝေဖန်ရေးသားခဲ့မှုများကြောင့် လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံရေးလေ့လာသူအချို့၏ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။