အာဆီယံထိပ်သီးညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖြစ် အဆင့်မြင့်အရာရှိသာ တက်ရောက်ခွင့်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်။ 

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပနေသည့် အာဆီယံထိပ်သီးညီလာခံသို့ အဖွဲ့ဝင် (၁၀) နိုင်ငံမှ နိုင်ငံအဆင့် အမြင့်ဆုံးခေါင်းဆောင်များ တက်ရောက်လျက်ရှိသော်လည်း မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန်ဆွမ် သာ တက်ရောက်ခွင့်ရရှိခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် နိုင်ငံရေးအရ ကိုယ်စားပြုသူ တက်ရောက်ခွင့် မရခြင်းဖြစ်သည်။ 

ညီလာခံတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့က ထိတွေ့ဆက်ဆံလိုသော်လည်း စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့က သိသာသော တိုးတက်မှုမရှိမချင်း စစ်ကောင်စီကို အသိအမှတ်ပြုရန် လက်မခံသေးကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေသည်။ 

အလားတူ မေလ ၉ ရက်နေ့တွင် ကျင်းပမည့် ရုရှားနိုင်ငံ၏ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ အခမ်းအနားတွင်လည်း မြန်မာနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်မည့် စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။