ဟန်တာဗိုင်းရပ်စ် ကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်လာနိုင်ခြေမရှိဟု WHO အာမခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်။
အာဂျင်တီးနားမှ စပိန်သို့ ခုတ်မောင်းနေသည့် MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဖြစ်ပွားခဲ့သော ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) ဖြစ်လာနိုင်ခြေ မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် သံသယရှိလူနာ (၈) ဦးအနက် (၅) ဦးတွင် ပိုးတွေ့ရှိပြီး (၃) ဦး သေဆုံးခဲ့သည်။
ပုံမှန်အားဖြင့် ကြွက်များမှတစ်ဆင့် ကူးစက်တတ်သော်လည်း ယခုဖြစ်စဉ်တွင် “လူအချင်းချင်း ကူးစက်မှု” ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် WHO ကျွမ်းကျင်သူ မာရီယာ ဗန် ကာခိုးဗ်က အဆိုပါဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် အလွယ်တကူ ကူးစက်ခြင်းမျိုးမဟုတ်ဘဲ အလွန်နီးကပ်သော ထိတွေ့မှုမှသာ ကူးစက်နိုင်သဖြင့် စိုးရိမ်စရာ နည်းပါးကြောင်း ရှင်းလင်းခဲ့သည်။
လက်ရှိတွင် ခရီးသည်များနှင့် အမှုထမ်းများကို Mask တပ်ဆင်စေကာ ရောဂါပျိုးချိန် (၆) ပတ်အတွင်း နောက်ထပ်ကူးစက်မှု ရှိမရှိကို စောင့်ကြည့်လျက်ရှိသည်။