စစ်မက်ဖြစ်ပွားချိန် အကျပ်အတည်းများကို ရင်ဆိုင်နိုင်ရန် ထိုင်ဝမ်ပြင်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။

ထိုင်ဝမ်နိုင်ငံတွင် စစ်ပွဲဖြစ်ပွားလာပါက ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို တုံ့ပြန်ရန် အဓိကဦးတည်သည့် ၁၀ ရက်ကြာ “ဟန်ကွမ်း” (Han Kuang) စစ်ရေးလေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ပြီဖြစ်သည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော ယခုစစ်ရေးလေ့ကျင့်မှုတွင် ယခင်နှင့်မတူဘဲ မျှော်လင့်မထားသည့် ရန်သူ့လှုပ်ရှားမှုများအပေါ် စစ်သေနာပတိများ၏ လက်ငင်းတုံ့ပြန် ကွပ်ကဲနိုင်စွမ်းကို အဓိကထား စမ်းသပ်သွားမည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု၏ ထူးခြားချက်များမှာ –

၁။ စစ်ပွဲအတွင်း ဆက်သွယ်ရေး လှိုင်းနှုန်း အကန့်အသတ်ရှိချိန်၌ ပြည်သူများ၏ ဆက်သွယ်ဆောင်ရွက်နိုင်စွမ်းကို စမ်းသပ်ရန် အင်တာနက် လှိုင်းနှုန်းများကို လျှော့ချထားမည်ဖြစ်သည်။

၂။ အမေရိကန်စစ်တပ်၏ နည်းဗျူဟာများကို ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်သည်။

၃။ ရှေ့တန်းသတင်းထုတ်ပြန်မှုနှင့် ရန်သူ့သတင်းတုများကို တုံ့ပြန်နိုင်ရေးအတွက် သတင်းထောက်များ ပူးတွဲလိုက်ပါသည့် သတင်းတု တုံ့ပြန်ရေးစနစ်ကို စမ်းသပ်သွားမည်ဖြစ်သည်။

ယခု စစ်ရေးလေ့ကျင့်မှုတွင် အရန်တပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော် ပါဝင်ပြီး တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ အရေးပေါ် နေရာချထားမှု၊ စစ်လက်နက်ပစ္စည်းများ ရွှေ့ပြောင်းမှုနှင့် ပစိဖိတ်ကမ်းလွန် ထောက်ပံ့ရေးလမ်းကြောင်း ကာကွယ်ရေး စစ်ဆင်ရေးများကိုပါ စိစစ်စမ်းသပ်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ထားသည်။

Photo:AFP