အီလွန်မာ့စ်ခ်၏ SpaceX Falcon 9 ဒုံးပျံ အစိတ်အပိုင်း လကမ္ဘာပေါ်သို့ ဝင်ဆောင့်မိဟု ယူဆရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
အမေရိကန် စပေ့စ်အိက်စ် (SpaceX) ကုမ္ပဏီ၏ ဒုံးပျံအပျက်အစီး အစိတ်အပိုင်းတစ်ခုသည် လကမ္ဘာပေါ်သို့ အရှိန်ပြင်းစွာ သွားရောက်ဆောင့်မိခဲ့ပြီဟု ပညာရှင်များက ယူဆထားကြသည်။
အဆိုပါ အစိတ်အပိုင်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လကမ္ဘာပေါ် ဆင်းသက်မည့် ယာဉ်နှစ်စီးကို တင်ဆောင်လွှတ်တင်ခဲ့သည့် Falcon 9 ဒုံးပျံ၏ အထက်ပိုင်း (Upper Stage) ဖြစ်သည်။
၆ ဘီး ကုန်တင်ကားတစ်စီးစာမျှရှိပြီး အလေးချိန် ၅ တန်ခန့်ရှိသော အဆိုပါ အစိတ်အပိုင်းသည် အာကာသထဲတွင် လွင့်မျောနေရာမှ လကမ္ဘာပေါ်သို့ တစ်နာရီလျှင် မိုင်ပေါင်း ၅,၄၀၀ (တစ်နာရီ ၈,၆၉၀ ကီလိုမီတာ) အရှိန်ဖြင့် လကမ္ဘာ၏ အနောက်ဘက်အစွန်းရှိ “အိုင်စတိုင်း” (Einstein) ကျင်းကြီးအနီးသို့ သွားရောက်ဆောင့်မိခဲ့ခြင်းဖြစ်သည်။
အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ (NASA) ၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ဝင်ဆောင့်မှုကြောင့် ကမ္ဘာမြေပေါ်ရှိ ပြည်သူများအတွက် ဘေးအန္တရာယ် တစ်စုံတစ်ရာမရှိကြောင်း အတည်ပြုပြောကြားထားသည်။
ဒုံးပျံ ဝင်ဆောင့်မှုကြောင့် အကျယ် ၁၈ မီတာနှင့် အနက် ၄ မီတာရှိသော ကျင်းသစ်တစ်ခု ဖြစ်ပေါ်သွားမည်ဟု ခန့်မှန်းထားသည်။
မိုင်ပေါင်းများစွာ ကျယ်ပြန့်သည့် လကမ္ဘာမှ ဖုန်မှုန့်နှင့် အပျက်အစီး စိမ့်လှိုင်း (Plume) များ ထွက်ပေါ်လာမည်ဖြစ်သည်။
ယခုဖြစ်စဉ်သည် မတော်တဆမှုတစ်ခု ဖြစ်သော်လည်း ဒုံးပျံ၏ အရှိန်နှင့် အလေးချိန်ကို အတိအကျ သိရှိထားသဖြင့် သဘာဝ ဥက္ကာခဲများ ကျရောက်မှုကို တိုင်းတာသည့် စံချိန်စံညွှန်းများ ညှိယူရန်
(Calibration) အတွက် လည်းကောင်း၊ ထွက်ပေါ်လာသည့် ဖုန်မှုန့်များကို လေ့လာ၍ လကမ္ဘာ၏ ပါဝင်ပစ္စည်း ဖွဲ့စည်းပုံကို သိရှိနိုင်ရန်အတွက် လည်းကောင်း၊ အနာဂတ်တွင် လကမ္ဘာပေါ် အခြေစိုက်စခန်း ဆောက်လုပ်မည့် အာကာသယာဉ်မှူးများအတွက် အာကာသ အပျက်အစီးများ၏ ဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်နိုင်ရန်အတွက် လည်းကောင်း သိပ္ပံပညာရှင်များအတွက် များစွာ အသုံးဝင်မည်ဖြစ်ဟု ပညာရှင်တွေက ဆိုပါတယ်။
Photo:AFP