ထိုင်းစာသင်ကျောင်း ပစ်ခတ်မှု အနည်းဆုံး ၇ ဦး သေဆုံး ပြီး၁၅ ဦး ဒဏ်ရာရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်း နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အမျိုးသား အထက်တန်းကျောင်း တစ်ကျောင်းတွင် ယနေ့ သောကြာနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်တွင် အသက် ၉ တန်းအရွယ် ကျောင်းသားတစ်ဦးသည် ကျောင်းဝင်းအတွင်းသို့ လက်နက်ငယ်ယူဆောင်လာကာ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

ဒဏ်ရာရရှိသူ အများစုမှာ သေနတ်ထိမှန်ခြင်းကြောင့်ထက် အထိတ်တလန့်ဖြစ်ကာ ရုန်းရင်းဆန်ခတ် ထွက်ပြေးရာမှ ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အစောပိုင်း ကောလာဟလများတွင် ရဲတပ်ဖွဲ့က သေနတ်သမားအား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ၎င်းသည် နောက်ဆုံးအချိန်၌ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။ 

၎င်း၏ လွယ်အိတ်အတွင်း၌ မပေါက်ကွဲသေးသည့် ခဲယမ်းအမြောက်အမြား ကျန်ရှိနေခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၏ လူမှုကွန်ရက်စာမျက်နှာများထက်တွင် စာသင်ကျောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။