ထိုင်ဝမ် ကာကွယ်ရေးဘတ်ဂျက် စံချိန်တင် အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
ထိုင်ဝမ်အစိုးရသည် လာမည့်နှစ်အတွက် စံချိန်တင် မြင့်မားသည့် ကာကွယ်ရေးဘတ်ဂျက် မူကြမ်းကို ကြာသပတေးနေ့က အတည်ပြုလိုက်သည်။
လာမည့်နှစ်တွင် စုစုပေါင်း ထိုင်ဝမ်ဒေါ်လာ ၁.၁၂၂၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံကျော်) အသုံးပြုသွားမည်ဖြစ်ပြီး ယင်းဘတ်ဂျက်သည် ထိုင်ဝမ်၏ ခန့်မှန်းကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃.၀၁ ရာခိုင်နှုန်းရှိကာ ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်း တိုးမြှင့်ထားခြင်းဖြစ်သည်။
သမ္မတ လိုင်ချင်တဲက ကာကွယ်ရေးဘတ်ဂျက်ကို GDP ၏ ၃ ရာခိုင်နှုန်းထက် မလျော့စေဘဲ ၂၀၃၀ ပြည့်နှစ်တွင် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်မှန်းထားသည်။
ယခု အတည်ပြုလိုက်သည့် ဘတ်ဂျက်တွင် ဒရုန်းများနှင့် ဒုံးကျည်များ ဝယ်ယူရေး၊ စစ်တပ်ပင်စင်ရန်ပုံငွေနှင့် ကမ်းခြေစောင့်တပ်ဖွဲ့အတွက် အသုံးပြုမည့် စရိတ်များ ပါဝင်သည်။