ကနေဒါကို EU ၏ ပထမဆုံး ပူးတွဲအဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်မှုအပေါ် အမေရိကန် သမ္မတ သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

ဥရောပသမဂ္ဂ (EU) ၏ ပထမဆုံး “ပူးတွဲအဖွဲ့ဝင်” (Associate Member) အဖြစ် ကနေဒါနိုင်ငံအား လက်ခံရန် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် (Ursula von der Leyen) က ဖိတ်ခေါ်လိုက်သည်။

သို့သော်လည်း အဆိုပါ အရေးယူဆောင်ရွက်ချက်သည် ရန်လိုသည့် အပြုအမူ ဖြစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တုံ့ပြန် သတိပေးလိုက်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အကယ်၍ ဥရောပသမဂ္ဂ၏ မူလရည်ရွယ်ချက်မှာ သဘောထား မှန်ကန်မှု မရှိပါက ဥရောပ သမဂ္ဂအပေါ် ပြင်းထန်သည့် ပို့ကုန်အခွန်များ တိုးမြှင့် စည်းကြပ်ခြင်း သို့မဟုတ် ကုန်သွယ်ရေး ပိတ်ပင်ခြင်းများ ပြုလုပ်သွားမည်ဟု သတိပေးခဲ့သည်။

ဥရောပပါလီမန် မိန့်ခွန်းအတွင်း အာဆူလာ ဗွန်ဒါလိုင်ယန်က ယင်းသို့ အဆိုပြုခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ တက်ရောက်နေသည့် ကနေဒါ ဝန်ကြီးချုပ် မာခ် ကာနီ (Mark Carney) ကလည်း ပိုမိုခိုင်မာသည့် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းချက်ကို ကြိုဆိုခဲ့သည်။

ယခု ကမ်းလှမ်းမှုသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့ အပါအဝင် တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ရင်ဆိုင်နေရချိန်၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့ပြီးနောက် ကနေဒါနိုင်ငံသည် လာမည့် ၁၀ နှစ်အတွင်း အမေရိကန် မဟုတ်သော အခြားနိုင်ငံများနှင့် ကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိသည်။