ဆော်ဒီ ရေနံဆိပ်ကမ်း ကာကွယ်ရန် ပြင်သစ်က စစ်ရေးအရ ကူညီမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ပင်လယ်နီကမ်းခြေရှိ အဓိက ရေနံတင်ပို့ရာ ရန်ဘူး (Yanbu) ဆိပ်ကမ်းကို အကာအကွယ်ပေးရန် စစ်ရေးအကူအညီများ ပေးပို့သွားမည်ဟု ပြင်သစ်သမ္မတ အီမန်နုအယ်လ် မက်ခရွန် (Emmanuel Macron) က စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် ရုပ်သံအင်တာဗျူးတစ်ခု၌ အတည်ပြု ပြောကြားလိုက်သည်။
ယီမင် ဟူသီလက်နက်ကိုင်တို့၏ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည့် အဆိုပါ ရေနံဆိပ်ကမ်း လုံခြုံရေးအတွက် ပြင်သစ်စစ်သည်များ၊ ရေဒါစနစ်များနှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များကို စေလွှတ်မည် ဖြစ်သည်။
အဆိုပါ စေလွှတ်မှုနဲ့ ပတ်သက်လို့ ဆော်ဒီအာဏာပိုင်တွေနဲ့ သဘောတူညီချက် ရယူထားခြင်းဖြစ်ပြီး ပြင်သစ်စစ်တပ်အနေနဲ့ ဘယ်လို တိုက်ပွဲမှာမှ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဆိပ်ကမ်းလုံခြုံရေးကိုသာ အဓိကထား ဆောင်ရွက်မည်ဟု သမ္မတ မက်ခရွန်က အလေးအနက် ပြောကြားခဲ့သည်။
ဒါ့အပြင် ဟောမုဇ် ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အီရန်၊ အိုမန်နိုင်ငံတို့နှင့် သံတမန်ရေးအရ ဆက်လက်ညှိနှိုင်းလျက်ရှိသည်ဟု ဆိုသည်။