ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ICC တွင် စတင်တရားရင်ဆိုင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် လာမည့် တနင်္လာနေ့တွင် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့မှောက်၌ စတင်တရားရင်ဆိုင်ရမည် ဖြစ်သည်။

အသက် ၈၁ နှစ်အရွယ် ဒူတာတေးသည် ဒါဗာအိုမြို့တော်ဝန် ဘဝမှ သမ္မတဖြစ်လာချိန် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု ၈၅ မှုနှင့် လူသတ်ရန် ကြံစည်မှု ၂ မှုတို့အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခံထားရသည်။

တရားလိုရှေ့နေများကမူ အဆိုပါအမှုများသည် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့သည့် လူပေါင်း ၃၀,၀၀၀ ခန့်အနက် နမူနာ အနည်းငယ်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။

ယင်းအမှုတွင် ပြစ်မှုထင်ရှားပါက ဒူတာတေးသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်ပြီး ၎င်း၏ ရှေ့နေများကမူ အစိုးရမူဝါဒအရ သတ်ဖြတ်ခိုင်းခြင်း မဟုတ်ကြောင်း ငြင်းဆိုထားသည်။

မူးယစ်စစ်ပွဲအတွင်း သားနှစ်ဦး ဆုံးရှုံးခဲ့ရသည့် အသက် ၇၃ နှစ်အရွယ် မိခင်တစ်ဦးက တရားခွင် တက်ရောက်ရန် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ သွားရောက်နေပြီဖြစ်ပြီး၊ ၎င်း၏သားများအတွက်သာမက ဒူတာတေးလက်ထက် အသတ်ခံခဲ့ရသူ အားလုံးအတွက် တရားမျှတမှု ရရှိစေလိုကြောင်း ပြောကြားသည်။

ဒူတာတေးကို ထောက်ခံသူများနှင့် လက်ရှိ ဒုတိယသမ္မတဖြစ်သူ သမီးဖြစ်သူ ဆာရာ ဒူတာတေးတို့ကမူ မည်သည့်ပြည်ပတရားရုံးကမျှ ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာ အထက်တွင် မရှိသင့်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။