ကရင်နီ NDF အမျိုးသား ညီညွတ်ရေး အစိုးရ မူဝါဒအတိုင်း ရပ်တည်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။

ဒေသအခြေစိုက် လူထု ကာကွယ်ရေး တပ်ဖွဲ့ PDF များနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့ ပါဝင် ဖွဲ့စည်းထားသည့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF သည် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ကာကွယ်ရေး မူဝါဒ အတိုင်း ရပ်တည်လုပ်ဆောင်နေသည် ဟု KNDF က ပြောသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို မေလ ၃၁ ရက် (ယမန်နေ့) က ဖွဲ့စည်းကြောင်း ကြေညာခဲ့ ပြီး အဆိုပါ အဖွဲ့၏ ကာကွယ်ရေး မူဝါဒများမှာ NUG က ချမှတ်ထားသည့် ကာကွယ်ရေး မူဝါဒ အတိုင်းပင် ဖြစ် သည် ဟု KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ဒီအဖွဲ့အစည်းရဲ့ ပေါ်လစီကတော့ ပထမ အရင် CRPH ပြီးရင် အခု ဒုတိယ NUG ပေါ့နော။ NUG ရဲ့ ကျ နော်တို့ ဒီတရားဝင် အသိအမှတ်ပြုထားတဲ့ လက်အောက်ကနေပဲ ကျနော်တို့ သွားတာပေါ့။ သူတို့ ထုတ်ပြန် ထာ တဲ့ နည်းဥပဒေအတိုင်းပဲ လိုက်နာကျင့်သုံးသွားတာပေါ့နော။ အဲဒီအတိုင်းပဲ ဆက်သွားနေတာပေါ့ အခုလက်ရှိက အဲ့လိုပဲ NUG က ထုတ်ပြန်ထားတဲ့ ဥပဒေ အတိုင်းပဲ ကျနော်တို့ ရပ်တည်နေတယ်ပေါ့နော်” ဟု ပြောသည်။

မေလ ၇ ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေး ကဏ္ဍအား ဖက်ဒရယ်စနစ်နှင့်အညီ ဒီမိုက ရေစီ နည်းကျ ထိန်းချုပ်မှုရှိစေရန် ရည်မှန်းလျက် အခြေခံမူများကို ချမှတ်ကြောင်းထုတ်ပြန် ခဲ့သည်။

ထိုအခြေခံမူထဲတွင် နိုင်ငံရေးဆိုင်ရာမူဝါများနှင့် ကိုက်ညီခြင်း၊ ဦးဆောင်မှု၊ ကာကွယ်ရေး မူဝါဒ ချမှတ်ပြဌာန်း ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကာကွယ်ရေး ကဏ္ဍအပေါ် ဥပဒေပြုအာဏာမှ ကွပ်ကဲမှု၊ ကာ ကွယ်ရေး ကဏ္ဍအပေါ် တရားစီရင်ရေး အာဏာမှ ကွပ်ကဲမှု၊ ကာကွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာမှ လက်ခံထားသော ဥပဒေများနှင့် ကျင့်ဝတ်များကို လိုက်နာခြင်း၊ ရာထူးတာဝန် သတ်မှတ်ချက်များနှင့် ဘဏ္ဍာရေး စီမံမှုနှင့် အရင်းအမြစ်ခွဲဝေမှု စသည်တို့ ပါဝင်သည်။

NUG ၏ ကာကွယ်ရေး မူဝါဒများနှင့်အညီ ဖွဲ့စည်းထားသည့် KNDF တွင် ကရင်နီပြည်နယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ် PDF ၃ ဖွဲ့၊ ရှမ်းပြည်နယ် အခြေစိုက် PDF ၂ ဖွဲ့တို့နှင့်အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များပါ ပူးပေါင်း ဖွဲ့စည်းထားသည့် တပ်ပေါင်းစု ဖြစ်သည်ဟု ဆက်ပြောသည်။

“KNDF က PDF တွေ စုဖွဲ့ပြီး ဖွဲ့စည်းတယ်ဆိုတာမှန်တယ်။ လက်ရှိမှာ တရားဝင် ထုတ်ပြန်ထားတဲ့ PDF တွေ အကုန်လုံးပါတယ်ပေါ့နော်။ ဥပမာ ဒီကရင်နီပြည်နယ်မှာရှိတဲ့ မြို့နယ် ၈ မြို့နယ်ရှိတယ်။ အဲဒီ ၈ မြို့နယ်မှာ လွိုင်ကော် PDF ရှိတယ်။ နောက်ပြီးတော့ ဒီးမော့ဆို PDF ရှိတယ်။ နောက် နမ့်ဖက်ခုံ PDF ရှိတယ်ပေါ့နော်။ ဒါ လောလောဆယ်ပေါ့ လောလောဆယ်မှာ ဒီ PDF ၃ မြို့နယ်ပေါ့ ၃ မြို့နယ် ဖွဲ့စည်းတယ်။ နောက် မိုးဗြဲ ဖယ်ခုံ PDF ရှိတယ်။ မိုးဗြဲ PDF ရှိတယ်။ ဖယ်ခုံ PDF ရှိတယ်။ ၅ မြို့နယ်နဲ့ လောလောဆယ်တော့ စုဖွဲ့ထားတာပေါ့ နော်။ ဒီမှာရှိတဲ့ လက်ရှိရှိနေတဲ့ အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်တဲ့ အပိုင်းတွေရှိတယ်ပေါ့နော်။ အဓိကက KNPP ပေါ့။ KNPP ဒီကျန်တဲ့ ကျနော်တို့ ကရင်နီပြည်နယ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေလည်း သူ့ဟာနဲ့ သူတော့ ပါဝင် ပတ်သက်နေကြတာပဲပေါ့နော်။ ဒီမှာရှိနေတဲ့ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ ဒီမှာ လူထုနဲ့ တစ်သားတည်း ရပ်တည်နေတာပေါ့နော်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ အကြား တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှုများ အပြင် လေယာဉ် များနှင့်ပါ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကို ပိုမိုခုခံကာကွယ် တွန်းလှန်နိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရန် အ တွက် ပြန့်ကြဲနေသည့် ပြည့်သူ့ကာကွယ်ရေးတပ် PDF များနှင့် ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား စုစည်းကာ တပ်ပေါင်းစုအဖြစ် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို ဖွဲ့ စည်းရခြင်း ဖြစ်သည်ဟု KNDF ပြောရေးဆိုခွင့်ရှိက ပြောသည်။

Photo – KNDF

*** ZAWGYI ***
ကရင္နီ NDF အမ်ိဳးသား ညီၫြတ္ေရး အစိုးရ မူဝါဒအတိုင္း ရပ္တည္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁ ရက္။

ေဒသအေျခစိုက္ လူထု ကာကြယ္ေရး တပ္ဖြဲ႕ PDF မ်ားႏွင့္ လက္နက္ကိုင္ အဖြဲ႕အစည္းအခ်ိဳ႕ ပါဝင္ ဖြဲ႕စည္းထားသည့္ ကရင္နီ အမ်ိဳးသား ကာ ကြယ္ေရးတပ္ KNDF သည္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ၏ ကာကြယ္ေရး မူဝါဒ အတိုင္း ရပ္တည္လုပ္ေဆာင္ေနသည္ ဟု KNDF က ေျပာသည္။

ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF ကို ေမလ ၃၁ ရက္ (ယမန္ေန႔) က ဖြဲ႕စည္းေၾကာင္း ေၾကညာခဲ့ ၿပီး အဆိုပါ အဖြဲ႕၏ ကာကြယ္ေရး မူဝါဒမ်ားမွာ NUG က ခ်မွတ္ထားသည့္ ကာကြယ္ေရး မူဝါဒ အတိုင္းပင္ ျဖစ္ သည္ ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။

၎က “ဒီအဖြဲ႕အစည္းရဲ႕ ေပၚလစီကေတာ့ ပထမ အရင္ CRPH ၿပီးရင္ အခု ဒုတိယ NUG ေပါ့ေနာ။ NUG ရဲ႕ က် ေနာ္တို႔ ဒီတရားဝင္ အသိအမွတ္ျပဳထားတဲ့ လက္ေအာက္ကေနပဲ က်ေနာ္တို႔ သြားတာေပါ့။ သူတို႔ ထုတ္ျပန္ ထာ တဲ့ နည္းဥပေဒအတိုင္းပဲ လိုက္နာက်င့္သုံးသြားတာေပါ့ေနာ။ အဲဒီအတိုင္းပဲ ဆက္သြားေနတာေပါ့ အခုလက္ရွိက အဲ့လိုပဲ NUG က ထုတ္ျပန္ထားတဲ့ ဥပေဒ အတိုင္းပဲ က်ေနာ္တို႔ ရပ္တည္ေနတယ္ေပါ့ေနာ္” ဟု ေျပာသည္။

ေမလ ၇ ရက္ေန႔က NUG ကာကြယ္ေရးဝန္ႀကီးဌာနမွ ကာကြယ္ေရး က႑အား ဖက္ဒရယ္စနစ္ႏွင့္အညီ ဒီမိုက ေရစီ နည္းက် ထိန္းခ်ဳပ္မႈရွိေစရန္ ရည္မွန္းလ်က္ အေျခခံမူမ်ားကို ခ်မွတ္ေၾကာင္းထုတ္ျပန္ ခဲ့သည္။

ထိုအေျခခံမူထဲတြင္ ႏိုင္ငံေရးဆိုင္ရာမူဝါမ်ားႏွင့္ ကိုက္ညီျခင္း၊ ဦးေဆာင္မႈ၊ ကာကြယ္ေရး မူဝါဒ ခ်မွတ္ျပဌာန္း ျခင္းႏွင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း၊ ကာကြယ္ေရး က႑အေပၚ ဥပေဒျပဳအာဏာမွ ကြပ္ကဲမႈ၊ ကာ ကြယ္ေရး က႑အေပၚ တရားစီရင္ေရး အာဏာမွ ကြပ္ကဲမႈ၊ ကာကြယ္ေရး ဆိုင္ရာ စီမံခန႔္ခြဲမႈ၊ ႏိုင္ငံတကာမွ လက္ခံထားေသာ ဥပေဒမ်ားႏွင့္ က်င့္ဝတ္မ်ားကို လိုက္နာျခင္း၊ ရာထူးတာဝန္ သတ္မွတ္ခ်က္မ်ားႏွင့္ ဘ႑ာေရး စီမံမႈႏွင့္ အရင္းအျမစ္ခြဲေဝမႈ စသည္တို႔ ပါဝင္သည္။

NUG ၏ ကာကြယ္ေရး မူဝါဒမ်ားႏွင့္အညီ ဖြဲ႕စည္းထားသည့္ KNDF တြင္ ကရင္နီျပည္နယ္ အေျခစိုက္ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ၃ ဖြဲ႕၊ ရွမ္းျပည္နယ္ အေျခစိုက္ PDF ၂ ဖြဲ႕တို႔ႏွင့္အတူ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ မ်ားပါ ပူးေပါင္း ဖြဲ႕စည္းထားသည့္ တပ္ေပါင္းစု ျဖစ္သည္ဟု ဆက္ေျပာသည္။

“KNDF က PDF ေတြ စုဖြဲ႕ၿပီး ဖြဲ႕စည္းတယ္ဆိုတာမွန္တယ္။ လက္ရွိမွာ တရားဝင္ ထုတ္ျပန္ထားတဲ့ PDF ေတြ အကုန္လုံးပါတယ္ေပါ့ေနာ္။ ဥပမာ ဒီကရင္နီျပည္နယ္မွာရွိတဲ့ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္ရွိတယ္။ အဲဒီ ၈ ၿမိဳ႕နယ္မွာ လြိဳင္ေကာ္ PDF ရွိတယ္။ ေနာက္ၿပီးေတာ့ ဒီးေမာ့ဆို PDF ရွိတယ္။ ေနာက္ နမ့္ဖက္ခုံ PDF ရွိတယ္ေပါ့ေနာ္။ ဒါ ေလာေလာဆယ္ေပါ့ ေလာေလာဆယ္မွာ ဒီ PDF ၃ ၿမိဳ႕နယ္ေပါ့ ၃ ၿမိဳ႕နယ္ ဖြဲ႕စည္းတယ္။ ေနာက္ မိုးၿဗဲ ဖယ္ခုံ PDF ရွိတယ္။ မိုးၿဗဲ PDF ရွိတယ္။ ဖယ္ခုံ PDF ရွိတယ္။ ၅ ၿမိဳ႕နယ္နဲ႔ ေလာေလာဆယ္ေတာ့ စုဖြဲ႕ထားတာေပါ့ ေနာ္။ ဒီမွာရွိတဲ့ လက္ရွိရွိေနတဲ့ အဖြဲ႕အစည္းေတြလည္း ပူးေပါင္းပါဝင္တဲ့ အပိုင္းေတြရွိတယ္ေပါ့ေနာ္။ အဓိကက KNPP ေပါ့။ KNPP ဒီက်န္တဲ့ က်ေနာ္တို႔ ကရင္နီျပည္နယ္မွာရွိေနတဲ့ အဖြဲ႕အစည္းေတြလည္း သူ႔ဟာနဲ႔ သူေတာ့ ပါဝင္ ပတ္သက္ေနၾကတာပဲေပါ့ေနာ္။ ဒီမွာရွိေနတဲ့ နယ္ေျမခံ တိုင္းရင္းသား လက္နက္ကိုင္ေတြကေတာ့ ဒီမွာ လူထုနဲ႔ တစ္သားတည္း ရပ္တည္ေနတာေပါ့ေနာ္” ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

လက္ရွိတြင္ ကရင္နီျပည္နယ္တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ PDF တို႔ အၾကား တိုက္ပြဲ မ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီဖက္မွ လက္နက္ႀကီးပစ္ခတ္မႈမ်ား အျပင္ ေလယာဥ္ မ်ားႏွင့္ပါ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ထိုတိုက္ခိုက္မႈမ်ားကို ပိုမိုခုခံကာကြယ္ တြန္းလွန္ႏိုင္ရန္ႏွင့္ စစ္အာဏာရွင္စနစ္ကို အျမစ္ျပတ္ ေခ်မႈန္းရန္ အ တြက္ ျပန႔္ႀကဲေနသည့္ ျပည့္သူ႔ကာကြယ္ေရးတပ္ PDF မ်ားႏွင့္ ေဒသအေျခစိုက္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအား စုစည္းကာ တပ္ေပါင္းစုအျဖစ္ ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF ကို ဖြဲ႕ စည္းရျခင္း ျဖစ္သည္ဟု KNDF ေျပာေရးဆိုခြင့္ရွိက ေျပာသည္။

Photo – KNDF