ပုသိမ်-မော်တင် ကားလမ်း မိုင်တဲ တာဝါတိုင် မိုင်းခွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ပုသိမ် -မော်တင် ကားလမ်း မိုင်တိုင်အမှတ် ၁၄/၆ အနီး Mytel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီး ခံရသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ ၇ ၇ နာရီကျော်အချိန်ခန့်က ပေါက်ကွဲမှုကြောင့် သလပ်ခွာကျေးရွာအုပ်စု၊ စိန်တောင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် အောက်ခြေရှိ ထရန်ဖော်မာ ဝါယာကြိုးများ နှင့် စက်များ ပျက်စီးသွားခဲ့ကြောင်း ပုသိမ်မြို့အခြေစိုက် Mytel ဖုန်းဆက်သွယ်ရုံး တာဝန်ရှိသူ တစ်ဦး က အတည်ပြု ပြောသည်။
“လုပ်ငန်းသဘောအရ အထက်ကို သတင်းပို့ထားပါတယ်။ တာဝါတိုင် ဝန်ထမ်းတွေကို ထိခိုက်မှာ စိုးရိမ်တယ်” ဟု Mytel ဖုန်းဆက်သွယ်ရေးရုံး တာဝန်ရှိသူ က ပြောသည် ။
စစ်ကောင်စီကို ဝင်ငွေရရာရကြောင်း အထောက်အပံ့ ပေးနေသည့် ပစ်မှတ်တစ်ခုကို တိုက်ခိုက် ဖျက်ဆီးခြင်း ဖြစ်ပြီး မြစ်ဝကျွန်းပေါ် ပြောက်ကျားတော်လှန်ရေးအဖွဲ့ နှင့် ဧရာ (၁၄) အဖွဲ့နှစ်ဖွဲ့ ပူးပေါင်း၍ အဆိုပါ ဖုန်းတာ ဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့များက သတင်း ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းတွင် စက်တင်ဘာလ အတွင်းမှစတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း စ သည့် မြို့နယ်များရှိ Mytel ဖုန်းတာဝါတိုင်များ မိုင်းခွဲမီးရှို့ဖျက်ဆီးခံရပြီး ပုသိမ်မြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရမှုမှာ ပဉ္စမမြောက် ဖြစ်သည်။
ကျိုက်လတ်မြို့နယ် နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များဖျက်ဆီးမှု မအောင်မြင်ခဲ့ခြင်း ကြောင့် အဆိုပါကိစ္စ နှင့် ပတ်သက်၍ စစ်ကောင်စီက မသင်္ကာသူ မအူပင်မြို့နယ်အတွင်းက ဒေသခံ ၆ ဦး၊ မော် လမြိုင်ကျွန်း မြို့နယ်တွင် ၁ ဦး ဖမ်းဆီးထားသည်။
*** ZAWGYI ***
ပုသိမ္-ေမာ္တင္ ကားလမ္း မိုင္တဲ တာဝါတိုင္ မိုင္းခြဲခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။
ပုသိမ္ -ေမာ္တင္ ကားလမ္း မိုင္တိုင္အမွတ္ ၁၄/၆ အနီး Mytel ဖုန္းတာဝါတိုင္ မိုင္းခြဲဖ်က္ဆီး ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။
စက္တင္ဘာလ ၂၈ ရက္ေန႔ ၇ ၇ နာရီေက်ာ္အခ်ိန္ခန႔္က ေပါက္ကြဲမႈေၾကာင့္ သလပ္ခြာေက်း႐ြာအုပ္စု၊ စိန္ေတာင္ေက်း႐ြာရွိ မိုင္တဲတာဝါတိုင္ ေအာက္ေျခရွိ ထရန္ေဖာ္မာ ဝါယာႀကိဳးမ်ား ႏွင့္ စက္မ်ား ပ်က္စီးသြားခဲ့ေၾကာင္း ပုသိမ္ၿမိဳ႕အေျခစိုက္ Mytel ဖုန္းဆက္သြယ္႐ုံး တာဝန္ရွိသူ တစ္ဦး က အတည္ျပဳ ေျပာသည္။
“လုပ္ငန္းသေဘာအရ အထက္ကို သတင္းပို႔ထားပါတယ္။ တာဝါတိုင္ ဝန္ထမ္းေတြကို ထိခိုက္မွာ စိုးရိမ္ တယ္” ဟု Mytel ဖုန္းဆက္သြယ္ေရး႐ုံး တာဝန္ရွိသူ က ေျပာသည္ ။
စစ္ေကာင္စီကို ဝင္ေငြရရာရေၾကာင္း အေထာက္အပံ့ ေပးေနသည့္ ပစ္မွတ္တစ္ခုကို တိုက္ခိုက္ ဖ်က္ဆီးျခင္း ျဖစ္ၿပီး ျမစ္ဝကြၽန္းေပၚ ေျပာက္က်ားေတာ္လွန္ေရးအဖြဲ႕ ႏွင့္ ဧရာ (၁၄) အဖြဲ႕ႏွစ္ဖြဲ႕ ပူးေပါင္း၍ အဆိုပါ ဖုန္းတာ ဝါတိုင္ကို မိုင္းခြဲဖ်က္ဆီးခဲ့ျခင္း ျဖစ္ေၾကာင္း ယင္းအဖြဲ႕မ်ားက သတင္း ထုတ္ျပန္ထားသည္။
ဧရာဝတီတိုင္းတြင္ စက္တင္ဘာလ အတြင္းမွစတင္၍ ဘိုကေလး၊ မအူပင္၊ က်ိဳက္လတ္၊ ေမာ္လၿမိဳင္ကြၽန္း စ သည့္ ၿမိဳ႕နယ္မ်ားရွိ Mytel ဖုန္းတာဝါတိုင္မ်ား မိုင္းခြဲမီးရႈိ႕ဖ်က္ဆီးခံရၿပီး ပုသိမ္ၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္ မိုင္းခြဲဖ်က္ဆီးခံရမႈမွာ ပၪၥမေျမာက္ ျဖစ္သည္။
က်ိဳက္လတ္ၿမိဳ႕နယ္ ႏွင့္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္မ်ားဖ်က္ဆီးမႈ မေအာင္ျမင္ခဲ့ျခင္း ေၾကာင့္ အဆိုပါကိစၥ ႏွင့္ ပတ္သက္၍ စစ္ေကာင္စီက မသကၤာသူ မအူပင္ၿမိဳ႕နယ္အတြင္းက ေဒသခံ ၆ ဦး၊ ေမာ္ လၿမိဳင္ကြၽန္း ၿမိဳ႕နယ္တြင္ ၁ ဦး ဖမ္းဆီးထားသည္။