ယခင်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် ရာဇဝတ်အချုပ်သားများ ပြန်လွှတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်က တရားရင်ဆိုင်နေရသည့် အချုပ်သား ၂၀ဝ ဝန်း ကျင်ကို အမှုပိတ်သိမ်း၍ အောက်တိုဘာ ၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း ရှေ့နေ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
“အတိအကျတော့ မဟုတ်ဘူးပေါ့နော်။ တစ်နေကုန်လွှတ်နေတာခန့် မှန်းခြေ ၂၀၀ လောက်တော့ရှိတယ်” ဟု အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိနေသည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက အတည်ပြုပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်က COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရန်နှင့် ကာကွယ်ကုသရန်ဟု ဆိုကာ ယခင် NLD အစိုးရလက်ထက်က တရားဆွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းရန် စစ်ကောင်စီက ကြေညာခဲ့သည်။
အမှုရုတ်သိမ်းရာတွင် ဖေဖော်ဝါရီ ၁ ရက် နှင့် အဆိုပါနေ့မတိုင်မှီက ပြစ်မှုတစ်ခုခုကြောင့် တရားစွဲဆိုခံထား ရ သည့် အမှုများကိုသာ ပိတ်သိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းဖမ်းဆီး တရားစွဲဆိုခံထားရသူများ မပါဝင် ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမှုများ ပိတ်သိမ်းခွင့်မရသဖြင့် အမှုဆက်လက်ရင်ဆိုင်ကြရမည့် သူများလည်းကျန်ရှိနေသေးသည် ဟု သိရ သည်။
တရားစွဲအဖွဲ့ (ရဲတပ်ဖွဲ့မှ) ကန့်ကွက်မှုမရှိသည့် ရာဇဝတ်မှုများ၊ နစ်နာသူတရားလိုမှ မကျေနပ်ကြောင်း စက်တင် ဘာ ၃၀ ရက်နေ့ အထိ ကန့်ကွက်လျှောက်ထားမှုမရှိသည့် အမှုများအား ယခုကဲ့သို့ ပိတ်သိမ်းခဲ့ရာ မှ စွပ်စွဲခံရသူ များကို တရားသူကြီးရှေ့တွင် လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကဲ့သို့ လွှတ်ပေးလိုက်သည့် အချုပ်သား အယောက် ၂၀ဝ ဝန်းကျင် ရှိသည်။
အမှုရုတ်သိမ်းကာ အချုပ်သားများ ပြန်လည်လွှတ်ပေးသည့်ကိစ္စ အပေါ် အင်းစိန်အကျဉ်းထောင်မှ ညွှန်ကြားရေး မှူးဦးမျိုးဦး ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
*** ZAWGYI ***
ယခင္အစိုးရလက္ထက္က ဖမ္းဆီးထားသည့္ ရာဇဝတ္အခ်ဳပ္သားမ်ား ျပန္လႊတ္ေပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။
အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ အစိုးရလက္ထက္က တရားရင္ဆိုင္ေနရသည့္ အခ်ဳပ္သား ၂၀ဝ ဝန္း က်င္ကို အမႈပိတ္သိမ္း၍ ေအာက္တိုဘာ ၁ ရက္ေန႔တြင္ အင္းစိန္အက်ဥ္းေထာင္မွ လႊတ္ေပးခဲ့ေၾကာင္း ေရွ႕ေန အသိုင္းအဝိုင္းထံမွ စုံစမ္းသိရသည္။
“အတိအက်ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ တစ္ေနကုန္လႊတ္ေနတာခန႔္ မွန္းေျခ ၂၀၀ ေလာက္ေတာ့ရွိတယ္” ဟု အင္းစိန္အက်ဥ္းေထာင္သို႔ ေရာက္ရွိေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန တစ္ဦးက အတည္ျပဳေျပာသည္။
ၿပီးခဲ့သည့္ ၾသဂုတ္ ၁၁ ရက္က COVID-19 ကပ္ေရာဂါကို ထိန္းခ်ဳပ္ရန္ႏွင့္ ကာကြယ္ကုသရန္ဟု ဆိုကာ ယခင္ NLD အစိုးရလက္ထက္က တရားဆြဲဆိုထားသည့္ အမႈမ်ားကို ပိတ္သိမ္းရန္ စစ္ေကာင္စီက ေၾကညာခဲ့သည္။
အမႈ႐ုတ္သိမ္းရာတြင္ ေဖေဖာ္ဝါရီ ၁ ရက္ ႏွင့္ အဆိုပါေန႔မတိုင္မွီက ျပစ္မႈတစ္ခုခုေၾကာင့္ တရားစြဲဆိုခံထား ရ သည့္ အမႈမ်ားကိုသာ ပိတ္သိမ္းၿပီး ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ေနာက္ပိုင္းဖမ္းဆီး တရားစြဲဆိုခံထားရသူမ်ား မပါဝင္ ေၾကာင္း စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အမႈမ်ား ပိတ္သိမ္းခြင့္မရသျဖင့္ အမႈဆက္လက္ရင္ဆိုင္ၾကရမည့္ သူမ်ားလည္းက်န္ရွိေနေသးသည္ ဟု သိရ သည္။
တရားစြဲအဖြဲ႕ (ရဲတပ္ဖြဲ႕မွ) ကန႔္ကြက္မႈမရွိသည့္ ရာဇဝတ္မႈမ်ား၊ နစ္နာသူတရားလိုမွ မေက်နပ္ေၾကာင္း စက္တင္ ဘာ ၃၀ ရက္ေန႔ အထိ ကန႔္ကြက္ေလွ်ာက္ထားမႈမရွိသည့္ အမႈမ်ားအား ယခုကဲ့သို႔ ပိတ္သိမ္းခဲ့ရာ မွ စြပ္စြဲခံရသူ မ်ားကို တရားသူႀကီးေရွ႕တြင္ လႊတ္ေပးခဲ့ျခင္းလည္း ျဖစ္သည္။
ထိုကဲ့သို႔ လႊတ္ေပးလိုက္သည့္ အခ်ဳပ္သား အေယာက္ ၂၀ဝ ဝန္းက်င္ ရွိသည္။
အမႈ႐ုတ္သိမ္းကာ အခ်ဳပ္သားမ်ား ျပန္လည္လႊတ္ေပးသည့္ကိစၥ အေပၚ အင္းစိန္အက်ဥ္းေထာင္မွ ၫႊန္ၾကားေရး မႉးဦးမ်ိဳးဦး ထံ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္းမရွိေပ။