ဧရာဝတီတိုင်းအတွင်း ကုန်းကြောင်း ရေကြောင်းများ လုံခြုံရေး တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရေကြောင်းလမ်းရှိသော မြို့များ၏ ဆိပ်ကမ်း နှင့် မြစ်ချောင်းများ ဆုံရာ နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က လုံခြုံရေးအတွက်ဆိုကာ ပိတ်ဆို့ စစ်ဆေးမှု ပြုလုပ်နေသည်။
ယခု အောက်တိုဘာလဆန်း မှစတင်၍ စစ်ဆေးနေခြင်း ဖြစ်ပြီး အထူးသဖြင့် ပင်လယ်ပြင် ထွက်ပေါက်၊ ရန်ကုန်၊ ဒေသတွင်းကျေးလက်များ နှင့် ရေကြောင်းလမ်းများ ဆက်စပ်နေသည့် မြို့ဆိပ်ကမ်းများ နှင့် မြစ်များအတွင်း ပိတ်ဆို့ စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
ပုသိမ်ဆိပ်ကမ်းတွင် ရှာဖွေခံရသည့် ရေယာဉ် ဆလင်(ရေယာဉ်မောင်းနှင်သူ) တစ်ဦး က “ဘာရှာနေသလဲ ဘယ် သူ့ရှာနေသလဲ မသိပါဘူး။ လုံခြုံရေး အတွက်လို့ပြောတယ်။ ပစ္စည်းတွေကို မိုင်းရှင်းတဲ့ စစ်သားတွေနဲ့ရှာတယ် ဆိုတော့ လက်နက်လို ဗုံးလိုဟာမျိုး ရှာတာနေမယ်” ဟု ပြောသည်။
မြစ်တွင်းသွားလာနေသည့် ခရီးသည်တင်ရေယာဉ်များ ကုန်တင်ရေယာဉ်များ၊ စက်လှေဆိပ်၊ ကူးတို့ဆိပ်၊ သင်္ဘော ဆိပ်များရှိ ဆိုက်ကပ်ထားသည့် စက်လှေ၊ သင်္ဘော၊ လှေ၊ သမ္မန်များကို စစ်ကောင်စီတပ်ဖွဲ့များက တက်ရောက် စစ်ဆေး ရှာဖွေနေသည်ဟု ဧရာတီတိုင်း ရေကြောင်း ပို့ဆောင်ရေး ဌာန ဝန်ထမ်းအချို့ က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်နှင့် တတိယအပတ်အတွင်းက ရခိုင်ရိုးမ တောင်ကျော နှင့် တစ်ဆက်စပ် တည်းရှိသည့် ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ကန်ကြီးထောင့်၊ သစ်တောများအတွင်း PDF များကို စစ်ကြောင်းထိုး ရှာဖွေခဲ့သည်ဟုလည်း ဒေသခံအချို့က ပြောသည်။
“PDF တွေက Mytel တာဝါတိုင် ဖြိုတာတွေ ဒလန် သုတ်သင်တာတွေ လုပ်လာပြီးနောက်ပိုင်း လုံခြုံရေး ပိုတင်း ကြပ်လာတယ်” ဟု အသက် ၆၅ နှစ် အရွယ်ခန့် စစ်မှုထမ်းဟောင်းတစ်ဦး က ပြောသည်။
ဧရာဝတီတိုင်းတွင်း၌ PDF များ ၏ ဒလန် သုတ်သင်မှု ၆ ကြိမ် ရှိခဲ့ပြီး၊ ဒလန် ၄ ဦးသေဆုံးခဲ့ကာ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဒေသအတွင်း ဗုံးခွဲတိုက်ခိုက်မှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ပုသိမ်မြို့ဘဏ် အနီးရှိ စစ်ကောင်စီ ၏ ယာယီကင်းစခန်း ပေါက်ကွဲမှုတွင် စစ်သား ၄ ဦး ဒဏ်ရာရခဲ့ကာ၊ Mytel ဖုန်း တာဝါတိုင် ၅ တိုင် ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
*** ZAWGYI ***
ဧရာဝတီတိုင္းအတြင္း ကုန္းေၾကာင္း ေရေၾကာင္းမ်ား လုံၿခဳံေရး တင္းၾကပ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး အတြင္းရွိ ေရေၾကာင္းလမ္းရွိေသာ ၿမိဳ႕မ်ား၏ ဆိပ္ကမ္း ႏွင့္ ျမစ္ေခ်ာင္းမ်ား ဆုံရာ ေနရာမ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က လုံၿခဳံေရးအတြက္ဆိုကာ ပိတ္ဆို႔ စစ္ေဆးမႈ ျပဳလုပ္ေနသည္။
ယခု ေအာက္တိုဘာလဆန္း မွစတင္၍ စစ္ေဆးေနျခင္း ျဖစ္ၿပီး အထူးသျဖင့္ ပင္လယ္ျပင္ ထြက္ေပါက္၊ ရန္ကုန္၊ ေဒသတြင္းေက်းလက္မ်ား ႏွင့္ ေရေၾကာင္းလမ္းမ်ား ဆက္စပ္ေနသည့္ ၿမိဳ႕ဆိပ္ကမ္းမ်ား ႏွင့္ ျမစ္မ်ားအတြင္း ပိတ္ဆို႔ စစ္ေဆးေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ပုသိမ္ဆိပ္ကမ္းတြင္ ရွာေဖြခံရသည့္ ေရယာဥ္ ဆလင္(ေရယာဥ္ေမာင္းႏွင္သူ) တစ္ဦး က “ဘာရွာေနသလဲ ဘယ္ သူ႔ရွာေနသလဲ မသိပါဘူး။ လုံၿခဳံေရး အတြက္လို႔ေျပာတယ္။ ပစၥည္းေတြကို မိုင္းရွင္းတဲ့ စစ္သားေတြနဲ႔ရွာတယ္ ဆိုေတာ့ လက္နက္လို ဗုံးလိုဟာမ်ိဳး ရွာတာေနမယ္” ဟု ေျပာသည္။
ျမစ္တြင္းသြားလာေနသည့္ ခရီးသည္တင္ေရယာဥ္မ်ား ကုန္တင္ေရယာဥ္မ်ား၊ စက္ေလွဆိပ္၊ ကူးတို႔ဆိပ္၊ သေဘၤာ ဆိပ္မ်ားရွိ ဆိုက္ကပ္ထားသည့္ စက္ေလွ၊ သေဘၤာ၊ ေလွ၊ သမၼန္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕မ်ားက တက္ေရာက္ စစ္ေဆး ရွာေဖြေနသည္ဟု ဧရာတီတိုင္း ေရေၾကာင္း ပို႔ေဆာင္ေရး ဌာန ဝန္ထမ္းအခ်ိဳ႕ က ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ဒုတိယအပတ္ႏွင့္ တတိယအပတ္အတြင္းက ရခိုင္႐ိုးမ ေတာင္ေက်ာ ႏွင့္ တစ္ဆက္စပ္ တည္းရွိသည့္ ပုသိမ္၊ ငပုေတာ၊ သာေပါင္း၊ င႐ုတ္ေကာင္း၊ ကန္ႀကီးေထာင့္၊ သစ္ေတာမ်ားအတြင္း PDF မ်ားကို စစ္ေၾကာင္းထိုး ရွာေဖြခဲ့သည္ဟုလည္း ေဒသခံအခ်ိဳ႕က ေျပာသည္။
“PDF ေတြက Mytel တာဝါတိုင္ ၿဖိဳတာေတြ ဒလန္ သုတ္သင္တာေတြ လုပ္လာၿပီးေနာက္ပိုင္း လုံၿခဳံေရး ပိုတင္း ၾကပ္လာတယ္” ဟု အသက္ ၆၅ ႏွစ္ အ႐ြယ္ခန႔္ စစ္မႈထမ္းေဟာင္းတစ္ဦး က ေျပာသည္။
ဧရာဝတီတိုင္းတြင္း၌ PDF မ်ား ၏ ဒလန္ သုတ္သင္မႈ ၆ ႀကိမ္ ရွိခဲ့ၿပီး၊ ဒလန္ ၄ ဦးေသဆုံးခဲ့ကာ ႏွစ္ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည္။
ထို႔အျပင္ ေဒသအတြင္း ဗုံးခြဲတိုက္ခိုက္မႈမ်ားလည္း မၾကာခဏ ျဖစ္ပြားလွ်က္ရွိၿပီး ပုသိမ္ၿမိဳ႕ဘဏ္ အနီးရွိ စစ္ေကာင္စီ ၏ ယာယီကင္းစခန္း ေပါက္ကြဲမႈတြင္ စစ္သား ၄ ဦး ဒဏ္ရာရခဲ့ကာ၊ Mytel ဖုန္း တာဝါတိုင္ ၅ တိုင္ ဖ်က္ဆီးခံခဲ့ရေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရသိရသည္။