ငရုတ်ကောင်းမြို့သို့ သင်တန်းတက်ရန် သွားသူနှစ်ဦး သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်အတွင်း ပျူစောထီးသင်တန်းတက်ရန် သွားသူနှစ်ဦး ဓါတ်ခုတ်သတ်ခံရသည်ဟု ဒေသခံများ က ပြောသည်။

သဲဖြူကျေးရွာနေ အသက် ၄၀ ကျော်ဝန်းကျင်ရှိ ဦးဆန်းတင့်နှင့် ဦးတင့်ထူးတို့ ပျူစောထီး စစ်သင်တန်းတက်ရန် ကျေးရွာမှ ပျောက်သွားပြီး ၃ ပတ်ခန့် အကြာတွင် ဓားခုတ်ခံရသည့် ဒဏ်ရာများဖြင့် ကမ်းစပ်တွင် သေဆုံးနေသည်ကို ဒေသခံအချို့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုလ အောက်တိုဘာလ ၂ ရက်နေ့က ကမ်းစပ်တွင် လာတင်နေသည့် အလောင်း ၂ လောင်း ကို စစ်ကောင်စီ တပ်ဖွဲ့များက စစ်ဆေးပြီးနောက် တာဝန်ရှိသူများ က အသတ်ခံရသူမှာ ပျောက်ဆုံးနေသူ နှစ်ဦးဖြစ်ကြောင်း အကြောင်းကြားလာသည်ဟု ငရုတ်ကောင်းမြို့ အုပ်ချုပ်အဖွဲ့ဝင် အချို့က ပြောသည်။

“နှစ်ယောက်စလုံးက စစ်တပ်အာဏာသိမ်းတာ ဆန့်ကျင် ဆန္ဒပြတဲ့ သူတွေကို ရဲစခန်း တိုက်ရိုက် သတင်းပေးနေ တာပါ။ သူတို့ကြောင့်အဖမ်းခံရတာ မနည်းဘူး” ဟု သဲဖြူကျေးရွာ မှ ဒေသခံတစ်ဦးက ပြောသည်။

ဦးဆန်းတင့်နှင့် ဦးတင့်ထူးတို့ နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ သဲဖြူကျေးရွာ နှင့် ကနစိုးကုန်းကျေးရွာတို့တွင် စစ် ကောင်စီတပ်က (တပ်စုတစ်စု) အင်အား ၃၀ ခန့်ဖြင့်လာရောက် စစ်ဆေးနေသည်ဟု သဲဖြူကျေးရွာက အဆိုပါ ဒေသခံ က ဆက်ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်ခံ တပ်ဖွဲ့များက ပုသိမ်၊ သာပေါင်း၊ ငပုတော မြို့နယ်များရှိ ကမ်းခြေဒေသများမှ တောတောင်များ အတွင်း၌ PDF များ ရှိနေသည် ယူဆကာ စစ် ကြောင်းထိုး၍ ရှာဖွေနေသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
င႐ုတ္ေကာင္းၿမိဳ႕သို႔ သင္တန္းတက္ရန္ သြားသူႏွစ္ဦး သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္အတြင္း ပ်ဴေစာထီးသင္တန္းတက္ရန္ သြားသူႏွစ္ဦး ဓါတ္ခုတ္သတ္ခံရသည္ဟု ေဒသခံမ်ား က ေျပာသည္။

သဲျဖဴေက်း႐ြာေန အသက္ ၄၀ ေက်ာ္ဝန္းက်င္ရွိ ဦးဆန္းတင့္ႏွင့္ ဦးတင့္ထူးတို႔ ပ်ဴေစာထီး စစ္သင္တန္းတက္ရန္ ေက်း႐ြာမွ ေပ်ာက္သြားၿပီး ၃ ပတ္ခန႔္ အၾကာတြင္ ဓားခုတ္ခံရသည့္ ဒဏ္ရာမ်ားျဖင့္ ကမ္းစပ္တြင္ ေသဆုံးေန သည္ ကို ေဒသခံအခ်ိဳ႕က ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ယခုလ ေအာက္တိုဘာလ ၂ ရက္ေန႔က ကမ္းစပ္တြင္ လာတင္ေနသည့္ အေလာင္း ၂ ေလာင္း ကို စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက စစ္ေဆးၿပီးေနာက္ တာဝန္ရွိသူမ်ား က အသတ္ခံရသူမွာ ေပ်ာက္ဆုံးေနသူ ႏွစ္ဦးျဖစ္ေၾကာင္း အေၾကာင္းၾကားလာသည္ဟု င႐ုတ္ေကာင္းၿမိဳ႕ အုပ္ခ်ဳပ္အဖြဲ႕ဝင္ အခ်ိဳ႕က ေျပာသည္။

“ႏွစ္ေယာက္စလုံးက စစ္တပ္အာဏာသိမ္းတာ ဆန႔္က်င္ ဆႏၵျပတဲ့ သူေတြကို ရဲစခန္း တိုက္႐ိုက္ သတင္းေပးေန တာပါ။ သူတို႔ေၾကာင့္အဖမ္းခံရတာ မနည္းဘူး” ဟု သဲျဖဴေက်း႐ြာ မွ ေဒသခံတစ္ဦးက ေျပာသည္။

ဦးဆန္းတင့္ႏွင့္ ဦးတင့္ထူးတို႔ ႏွစ္ဦးေသဆုံးမႈႏွင့္ ပတ္သက္၍ သဲျဖဴေက်း႐ြာ ႏွင့္ ကနစိုးကုန္းေက်း႐ြာတို႔တြင္ စစ္ ေကာင္စီတပ္က (တပ္စုတစ္စု) အင္အား ၃၀ ခန႔္ျဖင့္လာေရာက္ စစ္ေဆးေနသည္ဟု သဲျဖဴေက်း႐ြာက အဆိုပါ ေဒသခံ က ဆက္ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီတပ္၏ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္လက္ခံ တပ္ဖြဲ႕မ်ားက ပုသိမ္၊ သာေပါင္း၊ ငပုေတာ ၿမိဳ႕နယ္မ်ားရွိ ကမ္းေျခေဒသမ်ားမွ ေတာေတာင္မ်ား အတြင္း၌ PDF မ်ား ရွိေနသည္ ယူဆကာ စစ္ ေၾကာင္းထိုး၍ ရွာေဖြေနသည္ဟု ေဒသခံမ်ားက ေျပာသည္။