(ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ SSPP အဖွဲ့နှင့် အင်တာဗျူး)
နယ်မြေကို ကာကွယ်ရင်း ပဋိပက္ခဖြစ်နေရဟု SSPP ပြော

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

မကြာမီ ရက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့က တွေ့ဆုံဆွေးနွေးရန် သဘောထားရှိသည်ဟု ထုတ်ပြန် ချက်ကိုယ်စီ ထုတ်ပြန်ထားသော်လည်း တွေ့ဆုံဆွေးနွေးမှုများမှာ ဖြစ်ပေါ်လာခြင်း မရှိသေးပဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကို ရပ်တန့်သွားအောင် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအသင်းအဖွဲ့များ၊ ရှမ်းပြည်သူများက နှစ် ဖက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂ ခုအကြားတွင် ပြေလည်နိုင်ရေးနှင့် ပေါင်းစည်းနိုင်အောင်ရေး အတွက် ကြိုးစားညှိနှိုင်းခဲ့ကြသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြေလည်မှု မရှိသေးပဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဘယ်လို အခက်အခဲတွေရှိနေပါသလဲ၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက် ပြီး SSPP ရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ၊ ဘယ်လို အနေအထားရောက်မှ တိုက်ပွဲတွေ ရပ်တန့်သွားမှာ လဲ စတဲ့ အကြောင်းအရာတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး – RCSS နဲ့ SSPP တို့က တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ သဘောထားတော့ရှိကြတယ်ပေါ့နော။ ဒါပေမယ့် လက်ရှိ အချိန်အထိ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဆောင်နိုင်ရတဲ့ အဓိကအကြောင်းအရင်းက ဘာလို့ပြောလို့ ရသလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် – ကျနော်တို့က တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ကျနော်တို့ အသုံးပြုခဲ့တာ နှစ်ပေါင်း ဆယ်ချီရှိပြီလေ။ အမှန်ကျတော့ ကျနော်တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်ပေါ့နော တွေ့ဆုံဆွေး နွေး ရေး နည်းလမ်းဖြင့်သာ ဖြေရှင်းဖို့ကို ကျနော်တို့မှာ သဘောထား မူပေါ်လစီက ရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးပြီးတော ရလဒ် မထွက်နိုင်တဲ့ အခြေအနေမှာကျတော့ လက်နက်ကိုင် နည်း လမ်းကို ဖြေရှင်းရတယ်။ ဖြေရှင်းခြင်းဖြစ်တယ်ပေါ့လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ပြောဆိုဆွေးနွေးခြင်း အဖြေရှာခြင်းဟာကို ကျနော်တို့ လက်မလွှတ်သေးပါဘူး။ ဒါက ရှိပြီးသားဖြစ်တယ်ခင်ဗျာ။ ဒါက နှစ်ဖက် အဆင်ပြေနိုင်တဲ့နေရာ အဆင်ပြေနိုင်တဲ့ အချိန်ပေါ့နော်။ ဒါကျတော့ ပြန်ဆက်ဖို့ရှိပါတယ်။ လောလောဆယ်က တော့ ကျနော်တို့ အခက်အခဲက အဖြေမထွက်နိုင်ဘူးပေါ့နော်။ အဖြေမထွက်နိုင်လို့ ဒီလက်နက်ကိုင်ပြီးတော့ ဖြေရှင်းရတဲ့ အခြေအနေဖြစ်တယ်ခင်ဗျာ။

မေး – တွေ့ဆုံဆွေးနွေးရေး မဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် – ပြောရမယ်ဆိုလို့ရှိရင်ပေါ့ နှစ်ဖက် အဆင်ပြေနိုင်တဲ့ အခြေအနေ ညှိနှိုင်းဖို့လိုပါတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာတာ ပိုကောင်းတယ်ဆိုတဲ့ဟာက ကျနော်တို့ အရင်ကတည်းက ကျနော်တို့ လုပ်ခဲ့တာ နှစ်ပေါင်း ဆယ်ချီရှိပြီ။ ဒါပေမယ့် တစ်ဖက်က အပြော တစ်မျိုး အလုပ်တစ်မျိုးဆိုတဲ့ဟာပေါ့ ဒါဟာ ကျနော်တို့ ဆုံးဖြတ်ခဲ့တဲ့ဟာတွေက လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူးပေါ့လေ။ ကျနော်တို့ ကိုယ့်နယ်မြေကို ပြန်ပြီးတော့ ကာကွယ်ရတဲ့ အနေအထားကနေ အခုပြန် ပြီးတော့ ပဋိပက္ခပြန်ပြီးတော့ ဖြစ်တာပေါ့လေ။ အမှန်ကျရင် ကျနော်တို့က ပြဿနာ စတာမဟုတ်ပါဘူး။ ဟို ဖက်က ပြဿနာထွင်တာပေါ့လေ။ အဲမျိုးကျတော့ နည်းနည်းဖြေရှင်းရတာ နည်းနည်းခက်တယ်လေ။ နိုင်ငံရေး ပါတီတွေလည်း ဝင်ပြီးတော့ လုပ်ခဲ့ဘူးတာပဲ ပြီးတော့ တစ်ခြားအဖွဲ့အစည်းကလည်း လုပ်ခဲ့ဘူးတာပဲ။ ဒါပေ မယ့် မအောင်မြင်ဘူးလေ။ မအောင်မြင်တော့လည်း ဒီဟာက အဓိက ဟန့်တားချက်က ကျနော်တို့ဖက်က မဟုတ်ပါဘူး။ ကျနော်တို့ဖက်ကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ဟာကို အစဉ်ဦးထိပ်ထားပြီးတော့ လုပ်ခဲ့တာ ရှိခဲ့တဲ့ သာဓကတွေ အများကြီးပေါ့လေ။

မေး – မအောင်မြင်ရတဲ့ အဓိက အကြောင်းအချက်တွေက ဘာကြောင့်လဲ။ ဘယ်လိုပြောလို့ရသလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် – မအောင်မြင်ရတဲ့ အကြောင်းအရင်းက နယ်မြေပိုင်းခြားသတ်မှတ်မှုပေါ့လေ။ အမှန်က တိုက်ပွဲဖြစ်နေတာက ရှမ်းမြောက်မှာ ဖြစ်နေတာဖြစ်တယ်။ အခုလောလောဆယ်တော့ ရှမ်းပြည်တောင်ပိုင်း တချို့ပေါ့လေ။ ဒီဟာတွေကကျတော့ ကျနော်တို့ SSPP လွှမ်းမိုးလှုပ်ရှားခဲ့တဲ့ နယ်မြေတွေ အကုန်လုံးဖြစ် တယ် ခင်ဗျာ။ အမှန်ကျတော့ ကျနော်တို့ RCSS ကို နယ်မြေကျူးပြီးတော့ဖော်တဲ့ တိုက်ပွဲတစ်ပွဲမှ မရှိသေးဘူး။ အဲ့ ကြောင့်မို့လို့ ဒီဟာကျတော့ လူထုနဲ့ ကျနော်တို့ မဟာမိတ်တွေရော တခြား ရဟန်းသံဃာ ပြည်သူလူထုတွေ ရော ဒါသိဖို့လိုပါတယ်။ ကျနော်တို့ ခုဖြစ်နေတဲ့ တိုက်ပွဲက ကျနော်တို့ ဟိုဟာပေါ့နော်။ ကျနော်တို့ SSPP လွှမ်းမိုး ခဲ့တဲ့ နယ်မြေတွေ ဖြစ်တယ်။ ဆိုတဲ့အကြောင်းပေါ့လေ။ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့က တစ်စိုးတစ်စိမှ ကျနော် တို့ ကျူးလွန်မှု တစ်ခုမှ မရှိသေးပါဘူး။

မေး – ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက RCSS ရော SSPP ရော ထုတ်ပြန်ချက်ထုတ်ထားတာရှိတယ်။ SSPP ရဲ့ ထုတ်ပြန် ချက်ထဲမှာ တွေ့ရတာက RCSS အနေနဲ့ ယခင်အတိုင်းပဲ ရှမ်းပြည်တောင်ပိုင်းကို တာဝန်ယူဖို့ ပြောထားတာရှိ တယ်။ ဒီလိုပြောထားတဲ့အပေါ်မှာ RCSS ဖက်က ဒီနယ်မြေကန့်သတ်မှုတွေ ကြိုတင်ကန့်သတ်မှုတွေ အပေါ်မှာ အခြေခံပြီး ဆွေးနွေးမယ်ဆိုရင် အလုပ်မဖြစ်ဘူးလို့ ပြန်ပြီး ပြောထားတယ်။ ဆိုတော့ ဒီလို ပြောဆိုမှု အပေါ်မှာ ရော ဘာပြောချင်သလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် – ဟုတ်ပါတယ်။ အဓိက ဖြစ်နေတဲ့ ပြဿနာက ဒီနယ်မြေပိုင်းခြားသတ်မှတ်မှုပဲ သူတို့က ရှမ်းပြည်တပ်မတော် ဖြစ်တယ်ပေါ့နော။ သွားချင်တဲ့ နေရာသွားလို့ရတယ်။ လုပ်ချင်တဲ့နေရာ လုပ်လို့ရတယ်။ လုပ်ချင်တဲ့ဟာ လုပ်လို့ရတယ်ဆိုတဲ့ သဘောက သူတို့က ဒါက သူတို့ရဲ့ မူပေါ့လေ။ ပြဿနာက ဒီကနေစတာပဲ ကျနော်တို့ နယ်မြေပိုင်း ခြားသတ်မှတ်မှုပဲ ဒီဟာကို မလုပ်နိုင်သေးသရွေ့ကျတော့ တွေ့ဆုံဆွေးနွေးရေး နည်း လမ်းက ဘယ်လိုမှ မတတ်နိုင်ဘူး။ ဥပမာ ပြောရမယ်ဆိုလို့ရှိရင် ဒီဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဝန်းခတ် ရတာပဲလေ။ ရွာတစ်ရွာမှာ ဆိုလို့ရှိရင် သူက ရွာရဲ့ နယ်နမိတ်ဆိုတာ ရှိတာပဲ။ ဒါကို ကျနော်တို့ ကျော်လွန်ပြီး တော့ လုပ်လို့ မရဘူးဆိုတဲ့ဟာပေါ့။ ဒါကတော့ အရင်းခံကျတော့ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိ အမှတ်ပြုမှု ဆိုတဲ့ဟာကို ကျနော်တို့က ပြန်ပြီးတော့ သွားစဉ်းစားရမှာ ဖြစ်တယ်။ အဲကြောင့်မို့လို့ ဒီဟာကို တကယ်လို့ RCSS က နယ်မြေပိုင်းခြား သတ်မှတ်မှုကို အရေးမထားဘူးဆိုလို့ရှိရင် SSPP ရဲ့ အသိအမှတ်ပြုမှုကို လုံး၀မလုပ်ဘူးဆိုတဲ့ဟာကို သွားပြီးတော့ သက်ရောက်တယ်လေ။ အဲကြောင့်မို့လို့ ကျနော်တို့ ပြဿနာ ဖြေရှင်း တဲ့ နေရာမှာကျတော့ ဒီဟာကို အခြေခံပြီးတော့ စဉ်းစားရမှာဖြစ်တယ်ခင်ဗျာ။

မေး – ဒီလို မတူညီတဲ့ ရပ်တည်ချက်တွေအပေါ်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေအုံးမှာပဲ ဆိုပြီး သုံးသပ်တာတွေ ရှိတယ်။ ဆိုတော့ ဒီအနေအထားတွေမှာဆိုရင် တိုက်ပွဲရပ်တန့်သွားအောင် ဘယ်လို လုပ်ဆောင်လို့ရသလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် – ကျနော်တို့က ပြောထားပြီးသားပြီလေ ခင်ဗျာ။ သူ့နေရာ သူနေ၊ ကိုယ့်နေရာ ကိုယ်နေ ပေါ့နော်။ ဒီလိုအနေအထား ပြန်ရောက်တဲ့ အချိန်ကျရင် ကျနော်တို့က ဒီနေ့ လုပ်နိုင်လို့ရှိရင် မနက်ဖြန် ကျနော် တို့ ဆွေးနွေးပွဲက ပြန်စလို့ရပါတယ်ဆိုတဲ့ အကြောင်းပေါ့လေ။ ဒါ ကျနော်တို့ ရှိပြီးသားဖြစ်တယ်။ RCSS ကို နယ်မြေသွားလုဖို့ဆိုတဲ့ စဉ်းစားချက်ပေါ့နော် ကျနော်တို့မှာ မရှိပါဘူးခင်ဗျ။

မေး – ဆိုတော့ RCSS ဖက် တောင်ပိုင်းကို ပြန်ပြီးတော့ ဆုတ်သွားမယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခက ချုပ်ငြိမ်း သွားမယ်လို့ ပြောချင်တာလား။

ဗိုလ်မှူး စိုင်းဖုန်းဟန် – ဟုတ်ပါတယ်ခင်ဗျာ။ ကျနော်တို့က RCSS နယ်မြေ တောင်ပိုင်းနယ်မြေကို ကျနော်တို့က ကျူးကျော်ပြီးတော့ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေမှာ ကျနော်တို့ SSPP လှုပ် ရှားလွှမ်းမိုးခဲ့တဲ့ နယ်မြေတွေဖြစ်တဲ့ အကြောင်းပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ် တဲ့ အနေအထားမှာ ဖြစ်တယ်။ ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကို ရပ်တည်မှုအတွက် ကျနော်တို့ လုပ်နေတာ ဖြစ် တယ်။ အဲဒါကြောင့်မို့လို့ နယ်မြေပိုင်းခြားသတ်မှတ်မှုကို လုပ်နိုင်ပြီဆိုလို့ရှိရင် တိုက်ပွဲကငြိမ်းသွားမှာ ဖြစ်တယ် ခင်ဗျ။

မေး – ပြီးခဲ့တဲ့ ရက်က RCSS ရဲ့ ထုတ်ပြန်ချက်ထဲမှာ SSPP နဲ့ TNLA တို့ရဲ့ တပ်အင်အားတွေ သယ်ဆောင်ဖို့ စစ် ကောင်စီတပ်ဖက်က လမ်းအသုံးပြုခွင့်ကို လွတ်လွတ်လပ်လပ် ပေးထားတယ် ဆိုတဲ့ ပြောဆိုမှုကို ဘာပြောချင် သလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် – အဲဒါတော့ လုံး၀မဟုတ်ပါဘူး။ ကျနော်တို့ စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ လုပ်တယ်ဆိုတဲ့ ဟာက သူက ပြည်သူလူထုကို လှည့်ဖြားတာပဲဖြစ်တယ်ခင်ဗျာ။ ဘယ်သူက လုပ်ခွင့်ပေးမလဲ ဆိုတဲ့ဟာကို သူတို့ လည်း သိခဲ့တာပဲ။ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအနေနဲ့ အစိုးရက ကူညီတယ် ဆိုတဲ့ဟာက ဒါကတော့ မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်ဘူး။ ပြောမယ်ဆိုလို့ရှိရင်တော့ ပြည်ပရန် ကာကွယ်မှုဆိုရင်တော့ ဒါက တချို့တလေ ဖြစ်သွားမှာပေါ့လေ။ ဒီပြည်တွင်း ပဋိပက္ခ အနေအထားမှာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုကို လုံး၀ထောက်ပံ့တယ် ကူညီကာကွယ်တယ်ဆိုတာဟာ ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဒါကတော့ ပြည်သူလူထု ထင် ယောင်ထင်မှားဖြစ်အောင် သူတို့ နားချတာဖြစ်တယ်ခင်ဗျာ။

မေး – တိုက်ပွဲတွေကြောင့် ပြည်သူတွေ အနေနဲ့ နစ်နာ ဆုံးရှုံးမှု အများကြီးကို ကြုံတွေ့နေရတယ်။ ခံစားနေရ တယ်။ အဲဒီအပေါ်မှာ ပြည်သူတွေကို ဘာပြောချင်သလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် – ကျနော်တို့က လက်နက်ကိုင်ပြီးတော့ ပြဿနာ ဖြေရှင်းတဲ့ နေရာမှာ ကျနော်တို့က ပြဿ နာကို စဖော်တာ မဟုတ်ပါဘူး။ RCSS က စဖော်တဲ့ ဖော်ကောင်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီဟာ ကို ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ အနေအထားကနေပြီးမှ မလွှဲမရှောင်ပဲနဲ့ တိုက်ပွဲဖြစ်တဲ့အကြောင်း ကျနော်တို့ ပြောလိုပါတယ်။ ပြီးတော့ ပြည်သူလူထု ဒုက္ခရောက်အောင်ဆိုတဲ့ ဆန္ဒနဲ့ ကျနော်တို့ လုပ်နေတာ မဟုတ်ပါဘူး။ အမြန်ဆုံး ကျနော်တို့ ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ ဆိုတာ ကျနော်တို့ ဆန္ဒရှိပါတယ်။ တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်းကို ဘယ်တော့မှ မပိတ်ပါဘူးဆိုတဲ့ဟာ ကျနော်တို့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

*** ZAWGYI ***
(ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ ေတြ႕ဆုံေဆြးေႏြးေရးႏွင့္ ပတ္သက္၍ SSPP အဖြဲ႕ႏွင့္ အင္တာဗ်ဴး)
နယ္ေျမကို ကာကြယ္ရင္း ပဋိပကၡျဖစ္ေနရဟု SSPP ေျပာ

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။

မၾကာမီ ရက္ပိုင္းက ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS တို႔က ေတြ႕ဆုံေဆြးေႏြးရန္ သေဘာထားရွိသည္ဟု ထုတ္ျပန္ ခ်က္ကိုယ္စီ ထုတ္ျပန္ထားေသာ္လည္း ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွာ ျဖစ္ေပၚလာျခင္း မရွိေသးပဲ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္။

ထိုတိုက္ပြဲမ်ားကို ရပ္တန႔္သြားေအာင္ ရွမ္းႏိုင္ငံေရးပါတီမ်ား၊ ရွမ္းလူမႈအသင္းအဖြဲ႕မ်ား၊ ရွမ္းျပည္သူမ်ားက ႏွစ္ ဖက္ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္း ၂ ခုအၾကားတြင္ ေျပလည္ႏိုင္ေရးႏွင့္ ေပါင္းစည္းႏိုင္ေအာင္ေရး အတြက္ ႀကိဳးစားညႇိႏႈိင္းခဲ့ၾကေသာ္လည္း ယေန႔အခ်ိန္အထိ တစ္စုံတစ္ရာ ေျပလည္မႈ မရွိေသးပဲ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနဆဲျဖစ္သည္။

ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ဘယ္လို အခက္အခဲေတြရွိေနပါသလဲ၊ ေတြ႕ဆုံေဆြးေႏြးမႈႏွင့္ ပတ္သက္ ၿပီး SSPP ရဲ႕ သေဘာထားက ဘယ္လိုရွိေနပါသလဲ၊ ဘယ္လို အေနအထားေရာက္မွ တိုက္ပြဲေတြ ရပ္တန႔္သြားမွာ လဲ စတဲ့ အေၾကာင္းအရာေတြကို ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး စိုင္းဖုန္းဟန္ကို ဆက္သြယ္ေမးျမန္းထားသည္။

ေမး – RCSS နဲ႔ SSPP တို႔က ေတြ႕ဆုံေဆြးေႏြးမယ္ဆိုတဲ့ သေဘာထားေတာ့ရွိၾကတယ္ေပါ့ေနာ။ ဒါေပမယ့္ လက္ရွိ အခ်ိန္အထိ ေတြ႕ဆုံေဆြးေႏြးမႈေတြ မလုပ္ေဆာင္ႏိုင္ရတဲ့ အဓိကအေၾကာင္းအရင္းက ဘာလို႔ေျပာလို႔ ရသလဲ။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – က်ေနာ္တို႔က ေတြ႕ဆုံေဆြးေႏြးေရး နည္းလမ္းက က်ေနာ္တို႔ အသုံးျပဳခဲ့တာ ႏွစ္ေပါင္း ဆယ္ခ်ီရွိၿပီေလ။ အမွန္က်ေတာ့ က်ေနာ္တို႔ ႏိုင္ငံေရး ျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ေပါ့ေနာ ေတြ႕ဆုံေဆြး ေႏြး ေရး နည္းလမ္းျဖင့္သာ ေျဖရွင္းဖို႔ကို က်ေနာ္တို႔မွာ သေဘာထား မူေပၚလစီက ရွိၿပီးသားျဖစ္တယ္။ ဒါေပမယ့္ ေတြ႕ဆုံေဆြးေႏြးဖို႔ ေတြ႕ဆုံေဆြးေႏြးၿပီးေတာ ရလဒ္ မထြက္ႏိုင္တဲ့ အေျခအေနမွာက်ေတာ့ လက္နက္ကိုင္ နည္း လမ္းကို ေျဖရွင္းရတယ္။ ေျဖရွင္းျခင္းျဖစ္တယ္ေပါ့ေလ။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ေျပာဆိုေဆြးေႏြးျခင္း အေျဖရွာျခင္းဟာကို က်ေနာ္တို႔ လက္မလႊတ္ေသးပါဘူး။ ဒါက ရွိၿပီးသားျဖစ္တယ္ခင္ဗ်ာ။ ဒါက ႏွစ္ဖက္ အဆင္ေျပႏိုင္တဲ့ေနရာ အဆင္ေျပႏိုင္တဲ့ အခ်ိန္ေပါ့ေနာ္။ ဒါက်ေတာ့ ျပန္ဆက္ဖို႔ရွိပါတယ္။ ေလာေလာဆယ္က ေတာ့ က်ေနာ္တို႔ အခက္အခဲက အေျဖမထြက္ႏိုင္ဘူးေပါ့ေနာ္။ အေျဖမထြက္ႏိုင္လို႔ ဒီလက္နက္ကိုင္ၿပီးေတာ့ ေျဖရွင္းရတဲ့ အေျခအေနျဖစ္တယ္ခင္ဗ်ာ။

ေမး – ေတြ႕ဆုံေဆြးေႏြးေရး မျဖစ္ရတဲ့ အဓိကအေၾကာင္းအရင္းက ဘာလဲ။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – ေျပာရမယ္ဆိုလို႔ရွိရင္ေပါ့ ႏွစ္ဖက္ အဆင္ေျပႏိုင္တဲ့ အေျခအေန ညႇိႏႈိင္းဖို႔လိုပါတယ္။ ေျပာမယ္ဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔က ေတြ႕ဆုံေဆြးေႏြးၿပီးေတာ့ အေျဖရွာတာ ပိုေကာင္းတယ္ဆိုတဲ့ဟာက က်ေနာ္တို႔ အရင္ကတည္းက က်ေနာ္တို႔ လုပ္ခဲ့တာ ႏွစ္ေပါင္း ဆယ္ခ်ီရွိၿပီ။ ဒါေပမယ့္ တစ္ဖက္က အေျပာ တစ္မ်ိဳး အလုပ္တစ္မ်ိဳးဆိုတဲ့ဟာေပါ့ ဒါဟာ က်ေနာ္တို႔ ဆုံးျဖတ္ခဲ့တဲ့ဟာေတြက လက္ေတြ႕ အေကာင္အထည္ မေဖာ္ႏိုင္ခဲ့ဘူးေပါ့ေလ။ က်ေနာ္တို႔ ကိုယ့္နယ္ေျမကို ျပန္ၿပီးေတာ့ ကာကြယ္ရတဲ့ အေနအထားကေန အခုျပန္ ၿပီးေတာ့ ပဋိပကၡျပန္ၿပီးေတာ့ ျဖစ္တာေပါ့ေလ။ အမွန္က်ရင္ က်ေနာ္တို႔က ျပႆနာ စတာမဟုတ္ပါဘူး။ ဟို ဖက္က ျပႆနာထြင္တာေပါ့ေလ။ အဲမ်ိဳးက်ေတာ့ နည္းနည္းေျဖရွင္းရတာ နည္းနည္းခက္တယ္ေလ။ ႏိုင္ငံေရး ပါတီေတြလည္း ဝင္ၿပီးေတာ့ လုပ္ခဲ့ဘူးတာပဲ ၿပီးေတာ့ တစ္ျခားအဖြဲ႕အစည္းကလည္း လုပ္ခဲ့ဘူးတာပဲ။ ဒါေပ မယ့္ မေအာင္ျမင္ဘူးေလ။ မေအာင္ျမင္ေတာ့လည္း ဒီဟာက အဓိက ဟန႔္တားခ်က္က က်ေနာ္တို႔ဖက္က မဟုတ္ပါဘူး။ က်ေနာ္တို႔ဖက္ကေတာ့ ေတြ႕ဆုံေဆြးေႏြးေရးဆိုတဲ့ဟာကို အစဥ္ဦးထိပ္ထားၿပီးေတာ့ လုပ္ခဲ့တာ ရွိခဲ့တဲ့ သာဓကေတြ အမ်ားႀကီးေပါ့ေလ။

ေမး – မေအာင္ျမင္ရတဲ့ အဓိက အေၾကာင္းအခ်က္ေတြက ဘာေၾကာင့္လဲ။ ဘယ္လိုေျပာလို႔ရသလဲ။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – မေအာင္ျမင္ရတဲ့ အေၾကာင္းအရင္းက နယ္ေျမပိုင္းျခားသတ္မွတ္မႈေပါ့ေလ။ အမွန္က တိုက္ပြဲျဖစ္ေနတာက ရွမ္းေျမာက္မွာ ျဖစ္ေနတာျဖစ္တယ္။ အခုေလာေလာဆယ္ေတာ့ ရွမ္းျပည္ေတာင္ပိုင္း တခ်ိဳ႕ေပါ့ေလ။ ဒီဟာေတြကက်ေတာ့ က်ေနာ္တို႔ SSPP လႊမ္းမိုးလႈပ္ရွားခဲ့တဲ့ နယ္ေျမေတြ အကုန္လုံးျဖစ္ တယ္ ခင္ဗ်ာ။ အမွန္က်ေတာ့ က်ေနာ္တို႔ RCSS ကို နယ္ေျမက်ဴးၿပီးေတာ့ေဖာ္တဲ့ တိုက္ပြဲတစ္ပြဲမွ မရွိေသးဘူး။ အဲ့ ေၾကာင့္မို႔လို႔ ဒီဟာက်ေတာ့ လူထုနဲ႔ က်ေနာ္တို႔ မဟာမိတ္ေတြေရာ တျခား ရဟန္းသံဃာ ျပည္သူလူထုေတြ ေရာ ဒါသိဖို႔လိုပါတယ္။ က်ေနာ္တို႔ ခုျဖစ္ေနတဲ့ တိုက္ပြဲက က်ေနာ္တို႔ ဟိုဟာေပါ့ေနာ္။ က်ေနာ္တို႔ SSPP လႊမ္းမိုး ခဲ့တဲ့ နယ္ေျမေတြ ျဖစ္တယ္။ ဆိုတဲ့အေၾကာင္းေပါ့ေလ။ ေျပာရမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔က တစ္စိုးတစ္စိမွ က်ေနာ္ တို႔ က်ဴးလြန္မႈ တစ္ခုမွ မရွိေသးပါဘူး။

ေမး – ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက RCSS ေရာ SSPP ေရာ ထုတ္ျပန္ခ်က္ထုတ္ထားတာရွိတယ္။ SSPP ရဲ႕ ထုတ္ျပန္ ခ်က္ထဲမွာ ေတြ႕ရတာက RCSS အေနနဲ႔ ယခင္အတိုင္းပဲ ရွမ္းျပည္ေတာင္ပိုင္းကို တာဝန္ယူဖို႔ ေျပာထားတာရွိ တယ္။ ဒီလိုေျပာထားတဲ့အေပၚမွာ RCSS ဖက္က ဒီနယ္ေျမကန႔္သတ္မႈေတြ ႀကိဳတင္ကန႔္သတ္မႈေတြ အေပၚမွာ အေျခခံၿပီး ေဆြးေႏြးမယ္ဆိုရင္ အလုပ္မျဖစ္ဘူးလို႔ ျပန္ၿပီး ေျပာထားတယ္။ ဆိုေတာ့ ဒီလို ေျပာဆိုမႈ အေပၚမွာ ေရာ ဘာေျပာခ်င္သလဲ။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – ဟုတ္ပါတယ္။ အဓိက ျဖစ္ေနတဲ့ ျပႆနာက ဒီနယ္ေျမပိုင္းျခားသတ္မွတ္မႈပဲ သူတို႔က ရွမ္းျပည္တပ္မေတာ္ ျဖစ္တယ္ေပါ့ေနာ။ သြားခ်င္တဲ့ ေနရာသြားလို႔ရတယ္။ လုပ္ခ်င္တဲ့ေနရာ လုပ္လို႔ရတယ္။ လုပ္ခ်င္တဲ့ဟာ လုပ္လို႔ရတယ္ဆိုတဲ့ သေဘာက သူတို႔က ဒါက သူတို႔ရဲ႕ မူေပါ့ေလ။ ျပႆနာက ဒီကေနစတာပဲ က်ေနာ္တို႔ နယ္ေျမပိုင္း ျခားသတ္မွတ္မႈပဲ ဒီဟာကို မလုပ္ႏိုင္ေသးသေ႐ြ႕က်ေတာ့ ေတြ႕ဆုံေဆြးေႏြးေရး နည္း လမ္းက ဘယ္လိုမွ မတတ္ႏိုင္ဘူး။ ဥပမာ ေျပာရမယ္ဆိုလို႔ရွိရင္ ဒီဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းမွာ ဝန္းခတ္ ရတာပဲေလ။ ႐ြာတစ္႐ြာမွာ ဆိုလို႔ရွိရင္ သူက ႐ြာရဲ႕ နယ္နမိတ္ဆိုတာ ရွိတာပဲ။ ဒါကို က်ေနာ္တို႔ ေက်ာ္လြန္ၿပီး ေတာ့ လုပ္လို႔ မရဘူးဆိုတဲ့ဟာေပါ့။ ဒါကေတာ့ အရင္းခံက်ေတာ့ အျပန္အလွန္ေလးစားမႈ၊ အျပန္အလွန္ အသိ အမွတ္ျပဳမႈ ဆိုတဲ့ဟာကို က်ေနာ္တို႔က ျပန္ၿပီးေတာ့ သြားစဥ္းစားရမွာ ျဖစ္တယ္။ အဲေၾကာင့္မို႔လို႔ ဒီဟာကို တကယ္လို႔ RCSS က နယ္ေျမပိုင္းျခား သတ္မွတ္မႈကို အေရးမထားဘူးဆိုလို႔ရွိရင္ SSPP ရဲ႕ အသိအမွတ္ျပဳမႈကို လုံး၀မလုပ္ဘူးဆိုတဲ့ဟာကို သြားၿပီးေတာ့ သက္ေရာက္တယ္ေလ။ အဲေၾကာင့္မို႔လို႔ က်ေနာ္တို႔ ျပႆနာ ေျဖရွင္း တဲ့ ေနရာမွာက်ေတာ့ ဒီဟာကို အေျခခံၿပီးေတာ့ စဥ္းစားရမွာျဖစ္တယ္ခင္ဗ်ာ။

ေမး – ဒီလို မတူညီတဲ့ ရပ္တည္ခ်က္ေတြအေပၚမွာ တိုက္ပြဲေတြက ဆက္ျဖစ္ေနအုံးမွာပဲ ဆိုၿပီး သုံးသပ္တာေတြ ရွိတယ္။ ဆိုေတာ့ ဒီအေနအထားေတြမွာဆိုရင္ တိုက္ပြဲရပ္တန႔္သြားေအာင္ ဘယ္လို လုပ္ေဆာင္လို႔ရသလဲ။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – က်ေနာ္တို႔က ေျပာထားၿပီးသားၿပီေလ ခင္ဗ်ာ။ သူ႔ေနရာ သူေန၊ ကိုယ့္ေနရာ ကိုယ္ေန ေပါ့ေနာ္။ ဒီလိုအေနအထား ျပန္ေရာက္တဲ့ အခ်ိန္က်ရင္ က်ေနာ္တို႔က ဒီေန႔ လုပ္ႏိုင္လို႔ရွိရင္ မနက္ျဖန္ က်ေနာ္ တို႔ ေဆြးေႏြးပြဲက ျပန္စလို႔ရပါတယ္ဆိုတဲ့ အေၾကာင္းေပါ့ေလ။ ဒါ က်ေနာ္တို႔ ရွိၿပီးသားျဖစ္တယ္။ RCSS ကို နယ္ေျမသြားလုဖို႔ဆိုတဲ့ စဥ္းစားခ်က္ေပါ့ေနာ္ က်ေနာ္တို႔မွာ မရွိပါဘူးခင္ဗ်။

ေမး – ဆိုေတာ့ RCSS ဖက္ ေတာင္ပိုင္းကို ျပန္ၿပီးေတာ့ ဆုတ္သြားမယ္ဆိုရင္ လက္ရွိျဖစ္ေပၚေနတဲ့ ပဋိပကၡက ခ်ဳပ္ၿငိမ္း သြားမယ္လို႔ ေျပာခ်င္တာလား။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – ဟုတ္ပါတယ္ခင္ဗ်ာ။ က်ေနာ္တို႔က RCSS နယ္ေျမ ေတာင္ပိုင္းနယ္ေျမကို က်ေနာ္တို႔က က်ဴးေက်ာ္ၿပီးေတာ့ တိုက္ပြဲျဖစ္တာ မဟုတ္ပါဘူး။ တိုက္ပြဲျဖစ္ေနတဲ့ ေနရာေဒသေတြမွာ က်ေနာ္တို႔ SSPP လႈပ္ ရွားလႊမ္းမိုးခဲ့တဲ့ နယ္ေျမေတြျဖစ္တဲ့ အေၾကာင္းေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ကိုယ့္ကိုယ္ကို ကာကြယ္ တဲ့ အေနအထားမွာ ျဖစ္တယ္။ ေျပာမယ္ဆိုရင္ ကိုယ့္ကိုယ္ကို ရပ္တည္မႈအတြက္ က်ေနာ္တို႔ လုပ္ေနတာ ျဖစ္ တယ္။ အဲဒါေၾကာင့္မို႔လို႔ နယ္ေျမပိုင္းျခားသတ္မွတ္မႈကို လုပ္ႏိုင္ၿပီဆိုလို႔ရွိရင္ တိုက္ပြဲကၿငိမ္းသြားမွာ ျဖစ္တယ္ ခင္ဗ်။

ေမး – ၿပီးခဲ့တဲ့ ရက္က RCSS ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ SSPP နဲ႔ TNLA တို႔ရဲ႕ တပ္အင္အားေတြ သယ္ေဆာင္ဖို႔ စစ္ ေကာင္စီတပ္ဖက္က လမ္းအသုံးျပဳခြင့္ကို လြတ္လြတ္လပ္လပ္ ေပးထားတယ္ ဆိုတဲ့ ေျပာဆိုမႈကို ဘာေျပာခ်င္ သလဲ။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – အဲဒါေတာ့ လုံး၀မဟုတ္ပါဘူး။ က်ေနာ္တို႔ စစ္ေကာင္စီနဲ႔ ေပါင္းၿပီးေတာ့ လုပ္တယ္ဆိုတဲ့ ဟာက သူက ျပည္သူလူထုကို လွည့္ျဖားတာပဲျဖစ္တယ္ခင္ဗ်ာ။ ဘယ္သူက လုပ္ခြင့္ေပးမလဲ ဆိုတဲ့ဟာကို သူတို႔ လည္း သိခဲ့တာပဲ။ ေတာ္လွန္ေရး လက္နက္ကိုင္ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ အစိုးရက ကူညီတယ္ ဆိုတဲ့ဟာက ဒါကေတာ့ မျဖစ္ႏိုင္ဘူးေလ။ မျဖစ္ႏိုင္ဘူး။ ေျပာမယ္ဆိုလို႔ရွိရင္ေတာ့ ျပည္ပရန္ ကာကြယ္မႈဆိုရင္ေတာ့ ဒါက တခ်ိဳ႕တေလ ျဖစ္သြားမွာေပါ့ေလ။ ဒီျပည္တြင္း ပဋိပကၡ အေနအထားမွာ လက္နက္ကိုင္ အဖြဲ႕အစည္း တစ္ခုကို လုံး၀ေထာက္ပံ့တယ္ ကူညီကာကြယ္တယ္ဆိုတာဟာ ဒါကေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါကေတာ့ ျပည္သူလူထု ထင္ ေယာင္ထင္မွားျဖစ္ေအာင္ သူတို႔ နားခ်တာျဖစ္တယ္ခင္ဗ်ာ။

ေမး – တိုက္ပြဲေတြေၾကာင့္ ျပည္သူေတြ အေနနဲ႔ နစ္နာ ဆုံးရႈံးမႈ အမ်ားႀကီးကို ႀကဳံေတြ႕ေနရတယ္။ ခံစားေနရ တယ္။ အဲဒီအေပၚမွာ ျပည္သူေတြကို ဘာေျပာခ်င္သလဲ။

ဗိုလ္မႉး စိုင္းဖုန္းဟန္ – က်ေနာ္တို႔က လက္နက္ကိုင္ၿပီးေတာ့ ျပႆနာ ေျဖရွင္းတဲ့ ေနရာမွာ က်ေနာ္တို႔က ျပႆ နာကို စေဖာ္တာ မဟုတ္ပါဘူး။ RCSS က စေဖာ္တဲ့ ေဖာ္ေကာင္ျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔က ဒီဟာ ကို ကိုယ့္ကိုကိုယ္ ကာကြယ္တဲ့ အေနအထားကေနၿပီးမွ မလႊဲမေရွာင္ပဲနဲ႔ တိုက္ပြဲျဖစ္တဲ့အေၾကာင္း က်ေနာ္တို႔ ေျပာလိုပါတယ္။ ၿပီးေတာ့ ျပည္သူလူထု ဒုကၡေရာက္ေအာင္ဆိုတဲ့ ဆႏၵနဲ႔ က်ေနာ္တို႔ လုပ္ေနတာ မဟုတ္ပါဘူး။ အျမန္ဆုံး က်ေနာ္တို႔ ျပန္လည္ေတြ႕ဆုံေဆြးေႏြးဖို႔ ဆိုတာ က်ေနာ္တို႔ ဆႏၵရွိပါတယ္။ ေတြ႕ဆုံေဆြးေႏြးေရး လမ္း ေၾကာင္းကို ဘယ္ေတာ့မွ မပိတ္ပါဘူးဆိုတဲ့ဟာ က်ေနာ္တို႔ ေျပာလိုပါတယ္။ ေက်းဇူးတင္ပါတယ္။