ရေးတွင် မီတာခများ ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ ဖြန့်ဖြူးသည့် လျှပ်စစ်မီတာခ စျေးနှုန်းများ ဆက်တိုက် မြင့်တက်လာသည်ဟု ဒေသခံ များက ပြောသည်။
လက်ရှိတွင် ဒီဇယ်စျေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာတို့တွင် မူလက တစ်ယူနစ်ကို ၆၀၀ ကျပ် ကောက်ခံရမှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ စျေးတက်သွားသည်ဟု သုံးစွဲသူများက ပြောပြသည်။
“အခု ဆီစျေးတွေ တက်တော့ မီတာခလည်း စျေးတက်သွားတယ်။ စက်တင်ဘာလက စပြီး တစ်ယူနစ် ၁၀၀၀ ကောက်တယ် အရင်က ၆၀၀ ပြီးတော့ ၈၀၀ အခု ၁၀၀၀ ဖြစ်သွားတယ်။ စျေးတက်သွားတော့ ချွေတာ သုံးရ တာ ပေါ့လေ။ တချို့ရွာတွေဆိုရင် နေ့ခင်းပိုင်း မပေးတော့ပဲ ညပိုင်းပဲ ပေးဖို့ ပြောနေကြတယ်” ဟု ရေးမြို့နယ် အာယုတောင်ကျေးရွာခံ တစ်ဦး က ပြောသည်။
မဟာဓါတ်အား လိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီတို့နှင့် ကျေး ရွာ အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးရေးလုပ်ဆောင်နေသည်။
ယခင်က ပုဂ္ဂလိကကုမ္ပဏီအချို့က ဖြန့်ဖြူးသည့် မီးခဆိုလျှင် တစ်ယူနစ် ကျပ် ၆၀၀ ရှိပြီး ကျေးရွာအတွင်း ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ဖြန့်ဖြူးရေး လျှပ်စစ်မီးဆိုလျှင် တစ်ယူနစ် ကျပ် ၈၀၀ ရှိသည်။
ထို့အတူ ပုဂ္ဂလိက ကုမ္ပဏီတို့မှ ဖြန့်ဖြူးပေးနေသည့် ရပ်ကွက် ကျေးရွာတို့တွင်လည်း လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၆၀၀ ကောက်ခံနေရာမှ အောက်တိုဘာလမှစပြီး တစ်ယူနစ် ကျပ် ၈၀၀ အထိ တိုးမြှင့်ကောက်ခံရန်ရှိ သည် ဟု ရေးမြို့ မီးလင်းရေးကော်မတီထံမှ သိရသည်။
“ဒီဇယ်စျေးအတက်အကျပေါ် မူတည်ပြီး ဒီဇယ်စျေးကျရင် မီတာခ ပြန်ချတယ်။ ဒီဇယ်စျေးတက်ရင် မီတာခတိုး ကောက်တယ်” ဟု ရေးမြို့ မီးလင်းရေး ကော်မတီဝင်တစ်ဦး က ပြောသည်။
ဒီဇယ်စျေးသည် ၂၂၀ လီတာဝင် တစ်ပီပါလျှင် ကျပ် ၂၂၀၀၀၀ ဝန်းကျင်ရှိရာမှ စျေးတက်လာခဲ့ရာ စက်တင်ဘာလ အတွင်း တစ်ပီပါ ကျပ် ၃၀၀၀၀၀ ကျော်အထိ စျေးတက်သွားသည်ဟု မီးလင်းရေးကော်မတီထံမှ သိရသည်။
လျှပ်စစ်မီတာခ ဆက်တိုက်မြင့်တက်လာသည့်အတွက် အထူးသဖြင့် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရ သည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရသည်ဟုလည်း ရေးမြို့ဒေသခံတို့ထံမှ သိရသည်။
ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှင့် ၄၅၀ အကြား အစိုးရက ကုမ္ပဏီတို့နှင့် ညှိ နှိုင်း သတ်မှတ်ပေးခဲ့သော်လည်း တဖြည်းဖြည်းမြင့်တက်လာခဲ့သည့် ဒိဇယ်စျေးကြောင့် မီတာခကို တစ်ယူနစ် ကျပ် ၄၅၀ မှ ၅၀၀ ကျပ် နောက်ပိုင်းတွင် တစ်ယူနစ် ကျပ် ၆၀၀ အထိ စျေးတက်လာခဲ့ပြီး ယခုဆိုလျှင် တစ်ယူနစ် ကျပ် ၈၀၀ နှင့် ၁၀၀၀ အထိ စျေးတက်သွားသည်။
*** ZAWGYI ***
မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ ဖြန့်ဖြူးသည့် လျှပ်စစ်မီတာခ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာသည်ဟု ဒေသခံ များက ပြောသည်။
လက်ရှိတွင် ဒီဇယ်ဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာတို့တွင် မူလက တစ်ယူနစ်ကို ၆၀၀ ကျပ် ကောက်ခံရမှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားသည်ဟု သုံးစွဲသူများက ပြောပြသည်။
“ဒီဇယ်ဈေးအတက်အကျပေါ် မူတည်ပြီး ဒီဇယ်ဈေးကျရင် မီတာခ ပြန်ချတယ်။ ဒီဇယ်ဈေးတက်ရင် မီတာခတိုး ကောက်တယ်” ဟု ရေးမြို့ မီးလင်းရေး ကော်မတီဝင်တစ်ဦး က ပြောသည်။
ဒီဇယ်ဈေးသည် ၂၂၀ လီတာဝင် တစ်ပီပါလျှင် ကျပ် ၂၂၀၀၀၀ ဝန်းကျင်ရှိရာမှ ဈေးတက်လာခဲ့ရာ စက်တင်ဘာလ အတွင်း တစ်ပီပါ ကျပ် ၃၀၀၀၀၀ ကျော်အထိ ဈေးတက်သွားသည်ဟု မီးလင်းရေးကော်မတီထံမှ သိရသည်။
ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှင့် ၄၅၀ အကြား အစိုးရက ကုမ္ပဏီတို့နှင့် ညှိ နှိုင်း သတ်မှတ်ပေးခဲ့သော်လည်း တဖြည်းဖြည်းမြင့်တက်လာခဲ့သည့် ဒိဇယ်ဈေးကြောင့် မီတာခကို တစ်ယူနစ် ကျပ် ၄၅၀ မှ ၅၀၀ ကျပ် နောက်ပိုင်းတွင် တစ်ယူနစ် ကျပ် ၆၀၀ အထိ ဈေးတက်လာခဲ့ပြီး ယခုဆိုလျှင် တစ်ယူနစ် ကျပ် ၈၀၀ နှင့် ၁၀၀၀ အထိ ဈေးတက်သွားသည်။