ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၉)
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီက အသစ်ခန့် အပ်ထားတဲ့ ရွေးကောက်ပွဲ ကော် မရှင် UEC က ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက် ခြင်းက စစ်ရေးအရ တိုက်ခိုက်မှုတွေ ပိုကျယ်ပြန့်လာနိုင်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို နောက် ပြန်ဆုတ်စေလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်က ဖြစ်တည်လာတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုမှု မရ အောင် စစ်ကောင်စီက လုပ်ဆောင်တာဖြစ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အမျိုးသမီး ခေါင်း ဆောင်တွေက ထောက်ပြလိုက်ပါတယ်။ ဒီအကြောင်းတွေကို “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ် ကနေ စုစည်းတင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။