သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်များတွင် စက်သုံးဆီများ အကန့်အသတ်ဖြင့်သာ ရောင်းချပေး နေခြင်းကြောင့် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များ ပိတ်ထားရသည်ဟု စက်သုံးဆီကုန်သည်များထံမှ သိရသည်။

စက်သုံးဆီများ သွားသယ်ရာတွင် ယခင်သတ်မှတ်ချက်ထက် ၄-၅ ဆ ခန့် လျော့ပြီး ချပေးနေသည့်အတွက် နှစ်ကြိမ်မှ ငါးကြိမ်ခန့်အထိ စောင့်ကာ သယ်ယူနေရသည်ဟု စက်သုံးဆီကားကြီး မောင်းသူများက ပြောသည်။

“ဆိုင်ရှင်တွေက ဒေါ်လာမပေးနိုင်တော့ သင်္ဘောတွေ ဆီမချပေးရဘူးဆိုပြီး ပြောထားတယ်။ ကျနော်တို့ ဆီတစ် ခါထုတ်ဖို့ကို ကတ်လေးတွေယူပြီး တန်းစီစောင့်ရပါတယ်။ ဒါကို မသိပဲ ဆဲဆိုနေကြတာပါ။ ဈေးကျလို့ မရောင်း ဘူးဆိုတာ လုံးဝ မဟုတ်ပါဘူး။ ခဏတော့ စောင့်ပေးကြပါ။ လီတာပြည့်အောင် စောင့်ပြီး တင်လာတဲ့ ကား တချို့ တက်လာပါပြီ။ ဆိုင်အားလုံးတော့ မရနိုင်သေးပါဘူး” ဟု အသက် ၄၀ အရွယ် စက်သုံးဆီ တင်ဆောင်သည့် ကားကြီးမောင်းသူ တစ်ဦးက ပြောသည်။

ယခင် စက်သုံးဆီ လီတာ ၄၀,၀၀၀ ဝင်ဆန့်အောင် တင်ရသည့် ကားကြီးများကို ယခု လီတာ ၇,၀၀၀ ခန့်သာ ချ ပေးနေသောကြောင့် ဆီတင်ဆောင်သည့် ကားကြီးများမှာ တဖန်ပြန်၍ တန်းစီထုတ်နေရခြင်း ဖြစ်သည်ဟု သိရ သည်။ ထိုသို့ တန်းစီနေရခြင်းကြောင့် တစ်ပတ်ကျော်ခန့် ကြန့်ကြာသွားခြင်း ဖြစ်သည်ဟု စက်သုံးဆီ ကားကြီး များကို မောင်းသူများက ပြောသည်။

ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းတွင် ဆီတင်ဆောင်ရန် ကြန့်ကြာမှုများကြောင့် လက်ရှိ တောင်ကြီးမြို့ပေါ်ရှိ စက် သုံးဆီ အရောင်းဆိုင်များမှာ ဇွန်လ ၆ ရက်နေ့မှ စ၍ ယနေ့ ဇွန်လ ၈ ရက်နေ့ အထိ ပိတ်ထားရဆဲ ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် မြို့နေပြည်သူများအနေဖြင့် မော်တော်ယာဉ်များ ဓါတ်ဆီ ဖြည့်ရန်အတွက် မြို့အပြင်ဘက်ရှိ ဆီပန့် ဆိုင်များနှင့် တောင် အောက်ဘက်ဖြစ်သည့် အေးသာယာမြို့အထိ ဆင်းပြီး ဖြည့်နေရသည်ဟု မြို့ခံများက ပြော သည်။

“မြို့ပေါ်မှာ ဆိုင်တွေ အကုန်နီးပါး ပိတ်ထားတယ်။ 103 တစ်ဆိုင်ပဲ ရတယ်တဲ့။ ဒါပေမယ့် သူလည်း အကန့်အ သတ်နဲ့ပဲ ရတယ်ပြောတယ်။ တစ်စီးကို လီတာဘယ်လောက်ပဲ ရမယ်ပေါ့။ အရင်ကတော့ တစ်မြို့လုံး ဆီပြတ် ရင်တောင် BOC ကတော့ အမြဲရှိတယ်။ အခုက စစ်တပ်နဲ့ ဆက်နွယ်တဲ့ BOC တောင် ပြတ်တယ်ဆိုတော့ အခြေ အနေ မကောင်းဘူး။ ပိုက်ဆံရှိရင်တော့ ဝယ်လှောင်ထားကြပါ။ ဆီက အကြာကြီး မပြတ်ပေမယ့် လိုတဲ့အချိန်ရ ဖို့ ခက်တယ်” ဟု BOC တွင် ဓါတ်ဆီဖြည့်နေကျ အသက် ၅၀ အရွယ် မြို့ခံတစ်ဦးက ပြောသည်။

ထိုကဲသို့ စက်သုံးဆီများ သယ်ယူရန် ကြန့်ကြာနေခြင်းကြောင့် တောင်ကြီးမြို့ပေါ်ရှိ SME စက်သုံးဆီ အရောင်း ဆိုင်များမှာ အရှုံးပေါ်နိုင်ခြေများပြီး ဆိုင်ပိတ်သိမ်းရန်ပင် စဉ်းစားနေကြပြီဟု ဆီကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

တောင်ကြီးမြို့ပေါ်တွင် လက်ရှိတွင် ၎င်းတို့ တစ်ဆိုင်တည်းသာ အကန့်အသတ်ဖြင့် ရောင်းချနေသော 103 စက် သုံးဆီ အရောင်းဆိုင်မှာ အောက်တိန်း 92 တစ်လီတာလျှင် ၁၆၀၃ ကျပ်ဖြင့် ရောင်းချနေပြီး အေးသာယာ အရောင်းဆိုင်များမှာ ၁၉၀၅ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။ သို့သော်လည်း အဆိုပါဆိုင်များမှာ ဒီဇယ်၊ ပရီမီယမ် ဒီဇယ်၊ အောက်တိန်း 92 များသာ ရရှိနိုင်ပြီး 95 များပြတ်လပ်နေသည်ဟု သိရသည်။

တောင်ကြီး ဓါတ်ဆီဆိုင် အချို့ ဓါတ်ဆီ မရှိ ပိတ်ထားရ