မိုးဗြဲတွင် ဖမ်းဆီးခံရသူ အယောက် ၁၀၀ နီးပါးမှ အချို့ ထွက်ပြေး လွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် မိုးဗြဲ ဒေသခံ အယောက် ၁၀၀ နီးပါးထဲမှ အချို့ မှာ ထွက်ပြေးလွတ်လာ သည်ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ် တောင်ပိုင်း ဗိုးဗြဲမြို့ထဲကို တနင်္လာနေ့က ဝင်ရောက်လာပြီး မိုး ဗြဲမြို့ စက်တော်ရာ ဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်ကြီးကျောင်းတွင် ပုန်းရှောင်နေသည့် ဒေသခံများကို အပြင် ထွက်ခွင့်မပေးပဲ ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရထဲက ဒေသခံအချို့မှာ ဗုဒ္ဓဟူးနေ့ က ထွက်ပြေးလွတ်မြောက်လာသည် ဟု မိုး ဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF က ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

“မနေ့က အခြေအနေကတော့ ပြည်သူတွေကတော့ တချို့ လွတ်မြောက်လာပြီပေါ့နော။ လူတစ်ရာလောက် ပိတ်မိခံနေရတဲ့ ဝန်းကျင်မှာရှိနေတော့ လွတ်မြောက်လာတာကတော့ ၅၀ ကျော် လောက်ရှိတယ်။ ပြန်လွတ် လာတာဆိုတော့ သက်သက်မဲ့ အဲ့လိုလွတ်ခိုင်းတာမျိုး မဟုတ်ဘူးလေ။ သူတို့က ထွက်ပေါက်ရနိုင်မယ် ပြေးလို့ရ နိုင်တဲ့ အချိန်လေးတော့ ပြေးလာကြာတာ ပိတ်မိတဲ့လူတွေ၊ ထွက်ပြေးလာလို့ပေါ့။ ပြန်လွတ်ရင်တော့ အကုန်ပါ ပြီပေါ့ဗျာ။ ထွက်ပြေးလာလို့သာ တချို့တဝက်က ကျန်ခဲ့တာ ဖြစ်တာလေ။ အဲလိုအတည်ပြုလို့ရတယ်” ဟု ပြောသည်။

ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) က ပြန်ကြားရေး တာဝန်ခံ က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “အဲဒီညက ကျနော်တို့ စဖြစ်တဲ့ ညက သူတို့က ဒီလိုရှိတယ်။ သူတို့က မဝင်လာခင် လက်နက်ကြီးတွေ ရွာ ထဲကို ရမ်း လျှောက်ရမ်း ထုတော့ ပြည်သူတွေက ကြောက်အားလန့်အားနဲ့ လုံခြုံမယ်ထင်တဲ့ ကျောင်းဆောင် ထဲ ကို ဝင်ပုန်းကြတာဗျာ။ အဲဒါပြီးမှ ပုန်းတော့ သတင်းပေးတစ်ယောက်က ပေးလိုက်မယ်ထင်တယ်။ အဲဒီအထဲကို ဝင်းစီးလိုက်တဲ့ ပုံစံမျိုးဖြစ်သွားတယ်ဟုတ်။ အဲမှာ ကျနော်တို့ တပ်ပေါင်းစုက ဝိုင်းပိတ်ပစ်မယ်ဆိုရင်လည်း ပစ် လို့မရတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲတွင် တပ်စွဲထားသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ နှင့် ၂၁ ရက် နေ့တို့တွင် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ မဟာမိတ် ပူးပေါင်းတပ်တို့ နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများခဲ့သော်လည်း အရေ အတွက်ကို အတိအကျကို မသိရှိရသေးဘူးဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ပြောသည်။

မိုးဗြဲမြို့နယ်ထဲတွင် နှစ်ဖက်စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး တိုက်ပွဲများလည်း အချိန်မရွေး ထပ်မံ ဖြစ် ပွားလာနိုင်သည့်အတွက် ဒေသခံပြည်သူများမှ လုံခြုံသည့် နေရာများတွင် နေထိုင်ရန်နှင့် မိုးဗြဲကားလမ်းမ ကြီးကို အသုံးမပြုသေးရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ် (MBPDF) က ပြည်သူများကို မေတ္တာရပ်ခံ တောင်းဆို ထား သည်။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ် (MBPDF) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ဒါက အရပ်သားပြည်သူတွေ အထိအခိုက်မရှိအောင်လို့ ကျနော်တို့ ကာကွယ်ထားခြင်းဖြစ်တယ်ပေါ့နော။ ဂရုစိုက်ကြပါ။ တိုက်ပွဲက တင်းမာ နေသေးတဲ့ အနေအထားမျိုးရှိတယ်။ အသွားအလာ မလုပ်သေးပါနဲ့နောလို့ ဒီအချိန်မှာ ကိုယ့်အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူးပေါ့နော။ အဲဒါကိုလည်း ပြောချင်တယ်။ ပစ္စည်း ဥစ္စာ ပြန်ရှာလို့ရတယ်။ ကိုယ့်ရဲ့ အသက်တစ်ချောင်းဟာ တန်ဖိုးအရမ်းကြီးတယ်ဆိုတာကိုလည်း ပြည်သူတွေကို အသိပေးချင်တယ်။ ပြည်သူ တွေ ပါဝင်မှု အားကောင်းမှ ကျနော်တို့ တိုက်ပွဲ ပြီးဆုံးမှု မြန်ဆန်မှာ ဖြစ်တာကိုပဲ ထပ်လောင်းပြောချင် တယ် ပေါ့နော်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲများမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

အဆိုပါ တိုက်ပွဲများကြားတွင် ရှိနေသည့် ဒေသခံပြည်သူများမှာ စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နှိပ်စက် ညှင်းပန်းခြင်း၊ လမ်းပြနှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများအပြင် အမျိုးမျိုးသော လူ့အခွင့် အရေး ချိုးဖောက်မှုများကို ခံနေပြီး ထိုသို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ရေး ပဋိပက္ခဖြစ်ပွား သည့် နေရာ ဒေသတော်တော်များများတွင် စစ်ကတပ်က ကျူးလွန်နေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

ဓါတ်ပုံ – မိုးဗြဲ စစ်ရှောင်များ (Mobye People Defense Force)