တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၅ – ၉ – ၂၀၂၃ )

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီမိသားစုဝင် ၉ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆိုက ပြန်လွှတ်ပေးလိုက်ပါတယ်။ 

မြန်မာပြည် အရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်တွေကို အကူအညီပေးရာမှာ ကန့်သတ်မှုတွေ ပိုများလာနေတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းက ပြောဆိုလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီ သမ္မတက မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုတွေတိုးမြှင့်ဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။