ဖားကန့် ဆေးရုံပစ်ခတ်မှု ရဲ နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသနေသည့် ရဲဗိုလ်မှူးတစ်ဦး ထပ်မံ ပစ်သတ်ခံရပြီး ပစ်ခတ်နေချိန် ထွက်ပြေးသွားသည့် ရဲတစ်ဦး ဥရုချောင်းတွင် ရေနစ်သေသွားသည်ဟု ဒေသခံ များက ပြောသည်။
ဖားကန့်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေသော စရဖ အရာရှိတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့ စက်တင် ဘာလ ၂၅ ရက်နေ့၊ မွန်းလွှဲပိုင်းမှာ လက်နကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတစ်ဦးမှာ ဥရုချောင်းထဲ ခုန်ချထွက်ပြေးရာ ရေနစ်သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဖားကန့်ဒေသခံတစ်ဦးက “မနေ့ကဆေးရုံ ကားနဲ့ ဝင်လာပြီးတော့မှာ တက်တာ ၁ နာရီ ၁၅ မှာ ပြန်လာ ပစ် သတ်သွားတာ ဗိုလ်မှူးဆိုလား သေသွားတယ်။ သေသွားတော့ သူ့ရဲ့ အစောင့် တစ်ယောက်ကထွက်ပြေးတာ ဆေး ရုံရဲ့ အနောက်ဘက်မှာ ဥရုချောင်းရှိတယ်လေ။ ဥရုချောင်းမှာ ခုန်ချသွားတာ ရေကမကူးတတ်ဆိုတော့ ရေနစ် ပြီး သေသွားတာ။ အဲ့ဒီလူကို အောက်ဆီဂျင်ဗူးတွေနဲ့ ရှာနေသေးတယ်။ မတွေ့သေးဘူး ထင်တယ်” ဟု ပြော သည်။
ဥရုချောင်းအတွင်း ခုန်ဆင်းထွက်ပြေးသွားသည့် ရဲတွင် လက်နက်လည်း ပါသွားသည်ဟု ဒေသခံများက ပြော သည်။
ဒေသခံ အမျိုးသားတစ်ဦးက “ထွက်ပြေးတဲ့ရဲသားက ဥရုချောင်းဘက်ကို ခုန်ချသွားတာပေါ့။ ပေါ်မလာတော့ဘူး တဲ့ ဒီနေ့တစ်နေကုန်လိုက်ရှာနေတာ၊ အဓိကလက်နက်ပြန် ရချင်လို့ထင်တယ်။ လက်နက်တွေလည်း ပါသွား တယ် လို့ ပြောတယ်။ သေနတ်ကော၊ ရဲတွေစီးတဲ့ ဘွတ်ဖိနပ်ကော ပါသွားတယ်” ဟု ပြောသည်။
စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၄ နာရီအချိန်တွင်လည်း KIA တပ်ရင်း ၆ နှင့် KPDF တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် ရဲစခန်းတို့ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေး သည်။
စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၊ ရဲစခန်းနှင့် ဆေးရုံဝန်းအတွင်း ပစ်ခတ်မှုမှာ စက်တင်ဘာလ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဖားကန့်ဆေးရုံထဲ ဝင်ရောက်ပစ်ခတ်မှုသည်လည်း KIA တပ်ရင်း ၆ နှင့် KPDF တို့၏ ပစ်ခတ်မှုဖြစ်နိုင် ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်မပြုနိုင် သေးပေ။
စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်အစောပိုင်းက ဝင်ရောက် ပစ်ခတ်ခံလိုက်သည့် စရဖရုံးတွင်လည်း လုံခြုံရေး ကို တင်းကျပ်စွာချထားပြီး ဒရုန်းဖျက်စက်နှင့် CCTV များ တပ်ဆင်ထားကြောင်း မျက်မြင်တွေ့လာသည့် ဒေသခံတစ်ဦးက ပြောသည်။
“စရဖရုံးမှာတော့ ဒီနေ့တွေ့ခဲ့တာကတော့ ဒရုန်းဖျက်စက် အကြီးကြီးတပ်ထားတာ။ မိုးပေါ်ထိပ်မှာကို ချီထား တာ တွေ့တယ်။ CCTV တောင် ၄ လုံးလောက် တပ်ထားတယ်။ ဒရုန်းဖျက်စက်ကို ဝါးလုံးနဲ့ အရှည်ကြီး တပ်ထား တယ်။”
စစ်ကောင်စီ၏ စရဖရုံးနှင့် ရဲစခန်း ဝင်ရောက်ပစ်ခတ်ခံရပြီးနောက် စစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့သည်။
စက်တင်ဘာလ ၂၅ ရက်နေ့က ပစ်ခတ်ခံလိုက်ရသည် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသော ရဲတပ်ဖွဲ့ဝင်များ မှာ စက်တင်ဘာလ ၂၁ ရက်နေ့၌ ကားဖြင့် ဆေးခန်းလာပြသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး KIA နှင့် KPDF ပူးပေါင်း တပ်တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရချိန်တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။