လူနာတင်ယာဉ်မောင်း စစ်ကြောရေးတွင် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

စစ်ကောင်စီဖမ်းဆီးထားသည့် လူမှုကူညီရေးအသင်း၏ လူနာတင်ယာဥ်မောင်းတစ်ဦး စစ်ကြောရေးတွင် နှစ်ပတ်ကျော်အကြာ၌ သေဆုံးသွားသည်ဟု ရွာသားများကပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ သာရဘွင်ကျေးရွာ အခြေစိုက်၊ ချမ်းမြေ့ပါရမီ ကျန်းမာရေး အ
ထောက်အကူပြု အဖွဲ့မှ လူနာတင်ယာဥ်မောင်းကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့နောက် အောက်တိုဘာလ တတိပတ်ထဲတွင် သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဆွေမျိုးတော်စပ်သူ တစ်ဦးက “ကျန်းမာရေး ကောင်းနေတဲ့သူပါ၊ လူမဆန်အောင် နှိပ်စက်ခံရတာကြောင့် ဆုံး သွားတာ။ အမေလုပ်သူကလည်း ကျန်းမာရေး သိပ်မကောင်းတော့ ဝိုင်းပြီး စိတ်ပူနေကြရတယ်” ဟု ပြော သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က မြိတ်မြို့သို့ လူနာသွားပို့ပြီး ပြန်လာသည့် ယာဉ်မောင်း ကိုအောင်ကျော်နိုင် အသက် ၂၈ နှစ်အရွယ်ရှိသူကို ဇဝဲကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခဲ့ပြီး နောက် လူနာ တင်ယာဉ်နှင့် အတူ အောက်ကင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၇ တပ်ရင်းတွင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကိုအောင်ကျော်နိုင် သေဆုံးသွားကြောင်းနှင့် အလောင်းကို လာထုတ်ယူရန်ဟုဆိုကာ အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက မိသားစုဝင်များထံ ဖုန်းဆက် အကြောင်း ကြားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။

စစ်ကောင်စီမှ ထိုသို့ အကြောင်းကြားခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် မိသားစုဝင်များက တနင်္သာရီမြို့ နယ် ဆေးရုံကြီး ရင်ခွဲရုံ၌ အလောင်းကို သွားရောက်ကြည့်ရှုကာ နာရေးကို တခါတည်း ပြုလုပ်ခဲ့ရခြင်း ဖြစ်သည် ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

သေဆုံးသွားသူ ကိုအောင်ကျော်နိုင်သည် မိခင်၊ အကိုနှင့် ညီဖြစ်သူ ၈ တန်းကျောင်းသား တို့ကို လုပ်ကိုင် ကျွေး မွေးနေသူတစ်ဦးဖြစ်ပြီး သာရေးနာရေး လူမှုရေးကိစ္စများတွင် ရပ်ရွာမှ အားကိုးရသည့် လူငယ်တစ်ဦးလည်းဖြစ် သည်ဟု ရွာသားများက ပြောသည်။