စစ်ကောင်စီရဲ့ ဗျူဟာမြောက် စခန်းတွေကို ညီနောင် မဟာမိတ် ၃ ဖွဲ့က တစ်ပြိုင်တည်းဝင်တိုက်

ရှမ်းပြည်မြောက်ပိုင်းက နယ်မြေတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေရာကနေ အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ မြောက်ပိုင်း စစ်ရေးမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် ၅ မြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။