တနင်္သာရီတွင် ခရီးသည်တင်ယာဥ်များ စစ်ဆေးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာအနီးရှိ ကမ္ဘောဇဆီအုန်း ကုမ္ပဏီခြံရှေ့တွင် ခရီးသည်တင်ယာဥ်များအား
တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိခဲ့သည်ဟု တောင်ပိုင်းညီနောင်တပ်ပေါင်းစု – SBA စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကာ တောင်ပိုင်းညီနောင်တပ်ပေါင်းစု –
SBA စစ်ကြောင်းက တပ်ဖွဲ့ဝင်များထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်ဆုတ်နိုင်ခဲ့သည်ဟု KTLA – tcjf ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
စစ်ကြောင်းတာဝန်ရှိသူက “ခရီးသည်တွေကို စစ်ဆေးနေတုန်းမှာ ပစ်တာမဟုတ်ဘူး။ ခရီးသည်ကားတွေ လွန် သွားမှ အလစ်ဝင်ပြီး တိုက်ခိုက်ခဲ့တာပါ” ဟု ပြောသည်။
ခရီးသည်ယာဥ်များအား စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေဖြူကျေးရွာရှိ ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ် အမှတ်(၃) စစ်ဗျူဟာကုန်းမှ ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်ခံခဲ့ရ ခြင်း ဖြစ်သည်။
နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုး မရှိခဲ့ ကြောင်း စစ်ကြောင်းတာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်မှ ယခုကဲ့သို့ စစ်ဆေးခြင်းမျိုးကို တစ်လတွင် ၅ ကြိမ်ခန့် ပြုလုပ်လေ့ရှိပြီး ခရီးသည်တင် ကား များနှင့် ဆိုင်ကယ်များအား တား၍ ဆက်ကြေးအခွန် ငွေတောင်း ကောက်ခံလေ့ရှိသလို ဆက်ကြေးမတောင်းဘဲ စစ်ဆေးသည့် အခါမျိုးလည်း ရှိသည်ဟု ခရီးသည်တင် ယာဥ်မောင်းသူများက ဆိုသည်။
တိုက်ပွဲဖြစ်ပြီးနောက် ရေဖြူကျေးရွာနှင့် ချောင်းလမုကျေးရွာများဘက်သို့ ရေဖြူစစ်ဗျူဟာကုန်းနှင့် ကမ္မလိုင်း ကျေးရွာ အခြေစိုက် ခမရ – ၅၅၈ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ ၁၀ရက်နေ့ မွန်းလွဲပိုင်း အချိန် ထိ ပစ်ခတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ရွာသားများ အိမ်အောက်များနှင့် ဘေးလွတ်မည်ထင်သည့် အ
ကာအကွယ်ရှိရာများတွင် ပုန်းဝပ်နေကြရပြီး ထမင်းဟင်း ချက်စား၍ မရသဖြင့် ကလေးများနှင့် သက်ကြီး ရွယ်အို လူမမာများအတွက် ခက်ခဲမှုများကြုံခဲ့ကြရသည်။
တနင်္သာရီမြို့နယ် ရေဖြူစစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် ၃မိုင်ခန့်အကွာမှ အကျဉ်းသားများနှင့် ဝန်ထမ်းများ စွန့်ခွာသွားပြီးဖြစ်သည့် ထုံခါအကျဉ်းစခန်းကိုလည်း တောင်ပိုင်းညီနောင် တပ်ပေါင်းစုစစ်ကြောင်း – SBA က
ဒီဇင်ဘာလ ၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သေးသည်။
Southern Brother Army – SBA ခေါ် တောင်ပိုင်းညီနောင် စစ်ကြောင်းကို ကော်သူးလေတပ်မတော် KTLA၊
KTLA – ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ၊ People Liberation Army တို့ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့က ဖွဲ့
စည်းခဲ့သည်။