“မိုခါ” မုန်တိုင်းကြောင့် ဆားငန်ရည်ဝင်ခဲ့သော လယ်ယာများ အထွက်နှုန်းကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။

ရခိုင်ပြည်ကို အခြေပြုပြီးတိုက်ခတ်ခဲ့သည့် ‘မိုခါ’ မုန်တိုင်းကြောင့် ပင်လယ်ဆားငန်ရည် ဝင်ရောက်ခဲ့သည့် မြို့ များက လယ်ယာစပါးခင်းများသည့် စပါးရိတ်ရာသီတွင် ယခင်နှစ်ထက် အထွက်နှုန်း ၈၀ ရာခိုင်နှုန်းထက်မနည်း လျှော့ကျ သွားခဲ့သည်ဟု တောင်သူလယ်သမားများက ပြောသည်။

၂၀၂၃ ခုနှစ် မိုးစပါးရိတ်ကာလတွင် ယခင်နှစ်ထက် စပါးအထွက်နှုန်း ကျဆင်းသွားသည်ဟု ရသေ့တောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာ တောင်သူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒီတောင်သူလယ်သမားတွေက အများကြီးခက်ခဲသွားတယ်။ လွန်ခဲ့တဲ့နှစ် မိုခါကြောင့်က ရေတွေကြီးတယ် ဟုတ်လား။ အဲ့ဒီလိုကြီးပြီး ဒီရေတွေတက်တော့ ဆားငန်ရေတွေ တက်လာတယ်။ အဲ့မှာ စပါးတွေကတော့ သန် တယ် ကောင်းလာတယ်။ အဲ့ဒါပေမယ့် အသီးကျတော့ မရတော့ ဘူး။ ဆားငန်ရေတွေက မြေမှာဝပ်နေသေး တယ်။ ဆား ငန်ရေဓါတ်တွေကြောင့် လယ်သမားအများအားဖြင့် စပါး က မရလိုက်ကြဘူး။”

ရသေ့တောင်မြို့နယ်အတွင်းက လယ်သမား အများစုမှာ တစ်ဧက တင်း ၅၀ ခန့်ထွက်ရှိသော လယ်ယာများမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ စပါးရိတ်ချိန်တွင် တစ်ဧက ၁၀ တင်းပင် မရကြဘူးဟု ဆိုသည်။

ရသေ့တောင်မြို့နယ်၊ တောင်သူလယ်သမား သမဂ္ဂ ဒု-ဥက္ကဋ္ဌက “မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးပဲ ပြော ရမှာပေါ့နော်။ အဓိကက ဆားငန်ရေကြောင့်ပေါ့။ စပါးပင်တွေက သန်ပေမယ့် စပါးအထွက်နှုန်းက ကျသွား တယ်။ အရင်က လယ်တစ်ဧကကို တင်း ၄၀-၅၀ ရတဲ့နေရာ ၁၀ တင်းတောင်မရဘူး။ တချို့နေရာဆို ရိတ် တောင် မရိတ်လိုက်ကြဘူး။ စပါးက မသီးဘူးလေ။ မကောင်းဘူးပေါ့။ အဲ့တော့ မရိတ်တဲ့လူတောင်ရှိတယ်။ ပစ် လိုက်ရတယ်။ ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်တောင် လျော့သွားတယ်” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ မယူမြစ်ကမ်း အရှေ့ဘက်၊ အနောက်ဘက်ခြမ်းရှိကျေးရွာများ၊ ရသေ့တောင်မြို့ နယ် အနီးဝန်းကျင်ကကျေးရွာများမှ လယ်ယာများ အားလုံးနီးပါး ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုရှိခဲ့သည်ဟု တောင်သူများက ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ထားသည့် စာရင်းအရ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့ တွင် မျိုးစပါးတင်းပေါင်း ၇၀,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြသည်။

ထိုသို့ ပျက်စီးခဲ့သော်လည်း မုန်တိုင်းသင့် ရခိုင်မှ တောင်သူလယ်သမားများအား စစ်ကောင်စီက မျိုးစပါးအချို့ကို ထောက်ပံ့ပေးခဲ့ပြီး အချို့တောင်သူများမှာမူ မိမိတို့တတ်နိုင်သမျှ ငွေကြေးပြန်လည်စိုက်ထုတ်ကာ လယ်ယာ စိုက် ပျိုးမှုကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် “ပြီးခဲ့တဲ့နှစ်ကဆို မုန်တိုင်းဖြစ်တော့ ပျိုးပင်တွေပျက်ကုန်တယ်။ အစိုးရက ပျိုးပင်ထုတ်ပေးတာတွေရှိ တယ်။ ပျိုးပင်အတွက် ပိုက်ဆံပေးတာမျိုးတွေပေ့ါ အဲ့ဒါလည်းရှိတယ်။ အဲ့မှာ လယ်သမားတွေက ရသလောက် ပြန်စိုက်ကြ တယ်။ အားတက်သရောပေါ့ မြေဩဇာတွေကျွေးကြတယ်။ စိုက်ကြတယ်။ အသီးသီးတဲ့အခါမှာ အဖျင်းတွေများ တာ။ အသီးမသီးဘူး။ ဒါပေမယ့် မရပါဘူး။ ဆားငန်ရေ၊ ဆားအငန်ဓါတ်ကြောင့် စပါးက ဘာ မှ မဖြစ်လိုက်ဘူး” ဟု မြောက်ဦးမြို့၊ တိမ်ညိုရွာက လယ်သမားတစ်ဦးက ပြောသည်။

လယ်ယာမြေများထဲ ဆားငန်ရေဝင်သည့်အခါ မြေကြီးထဲတွင် ဆားဓာတ်များက နေရာယူသွားသောကြောင့် စိုက် ပျိုးပင်များမှာ အာဟာရကို ကောင်းကောင်းမစုပ်ယူနိုင်သောကြောင့် ယခုကဲ့သို့ အထွက်နှုန်းများ ကျသွားရခြင်း ဖြစ်သည်ဟု ပညာရှင်အချို့က ထောက်ပြသည်။

အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် ပူးတွဲတည်ထောင်သူ ကိုသိန်းစိုးမင်းက “ကုသနည်းအနေနဲ့က တော့ ဥယျာဉ်ခြံလိုမျိုး ရေရဖို့လွယ်တဲ့နေရာတွေ ဆိုရင်တော့ ရေသွင်းလိုက် ရေပြန်ထုတ်လိုက်နဲ့ ရေဆေးချတာ မျိုးကတော့ အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းပါပဲ။ နောက်တစ်ခုကတော့ ထယ်နက်နက်မထိုးပဲ အပေါ်ယံပဲ လျှပ် ထိုးတဲ့စနစ်ကို သုံးသင့်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ဆားအငန်ဓါတ်ကို ခံနိုင်သည့် စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးခြင်း၊ စပါးခင်းများ၌ ကြမ်းတုံးရိုက် သည့် အချိန်တွင် ထုံးနှင့် ဇီဝမြေသြဇာ၊ သဘာဝမြေသြဇာများ ထည့်ပေးခြင်းတို့ဖြင့် မြေကြီး တည်ဆောက်မှု ပုံစံကို ပြန်ကောင်းလာစေပြီး အပင်အတွက်လည်း အဟာရဓာတ်တွေ ရနိုင်မှာ ဖြစ်သည်ဟု ကိုသိန်းစိုးမင်းက ပြောသည်။

အလားတူ သက်ဆိုင်ရာ ဒေသတွင်းရှိ အစိုးရပိုင်းအနေဖြင့်လည်း တောင်သူလယ်သမားများ လိုအပ်နေသည့် နည်းပညာပိုင်းအပြင် လိုအပ်သည့် ငွေကြေးပိုင်းဆိုင်ရာက အစ ထောက်ပံ့ပေးသင့်သည်ဟု ဆိုကြသည်။

ထုံး၊ ဂျစ်ပဆန်နှင့် သဘာဝမြေသြဇာတို့ကို တောင်သူများ အလွယ်တကူ ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသင့် သည့်အပြင် ဆားငန်ဒဏ်ကို ခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ က စီစဉ်ဆောင်ရွက်ပေးရန် အရေးကြီးသည်ဟု ဆိုသည်။

ဆားငန်ရေ မဝင်သည့် ဒေသများမှ လယ်ယာအနည်းငယ်ခန့်သာ စပါးအထွက်နှုန်းကျဆင်းခြင်း မရှိခဲ့ဘူးဟု ရသေ့တောင်မြို့နယ်၊ တောင်သူလယ်သမား သမဂ္ဂ ဒု-ဥက္ကဋ္ဌက ပြောသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၊ နိုင်ငံရေး အခြေအနေများကြောင့် စာရင်း အတိအကျ ကောက်ယူနိုင်ခြင်း မရှိဘူးဟု ဆိုသည်။

လက်ရှိအခြေအနေအရ လာမည့်နှစ်စပါးစိုက်ပျိုးရာသီအတွက်ပါ စိုးရိမ်နေကြသည်။ တိုက်ပွဲများ၊ နိုင်ငံအခြေ အနေများကြောင့် ဆားငန်ရေများ လယ်ယာများထဲ ဝပ်နေသေးသည့် ပြဿနာကို ဖြေရှင်းပေးရန် မည်သူမည်ဝါ ကို အကူအညီတောင်းရမည်ကိုပင် မသိဘူးဟု ဆိုကြသည်။

နည်းပညာ အခက်အခဲ အားနည်းခြင်း၊ အစိုးရထောက်ပံ့မှု အားနည်းခြင်း၊ တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် ရခိုင်က တောင်သူများအနေဖြင့် လာမည့်နှစ် စပါးစိုက်ရာသီအတွက် သဘာဝကပေးမည့် မိုးကိုသာမျှော်ရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ တာဝန်ရှိသူများနှင့် တောင်သူများက ပြော သည်။

၂၀၁၉ – ၂၀၂၀ ၏ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ကောက်ခံထားသည့် စစ်တမ်းအရ ရခိုင် ပြည်အတွင်း မိုးစပါးစိုက်ပျိုးဧက ၈ သိန်းခွဲနီးပါးရှိခဲ့ရာ ၂၀၂၃ မိုခါ မုန်တိုင်းကြောင့် လယ်မြေဧက တစ်သိန်း ကျော်မှာ မလုပ်နိုင်ခဲ့ဘူးဟု ဆိုသည်။