ပျူစောထီးမိသားစုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။ 

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းနေထိုင်သော ပျူစောထီး မိသားစုကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ပြောသည်။ 

ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ဖြစ်သည့် ဦးမောင်ညွန့်၊ ဇနီးဖြစ်သူနှင့် သားဖြစ်သူ ကိုကိုမောင် တို့ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

အသက် ၂၂ အရွယ် သားဖြစ်သူ ကိုကိုမောင်အား ဇူလိုင်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာတွင် မိဘ များ ဖြစ်ကြသည့် ပျူစောထီးအဖွဲ့ဝင် အသက် ၅၃ နှစ်အရွယ် ဦးမောင်ညွန့် နှင့် ဇနီးဖြစ်သူတို့ကို မီးလောင် ချောင်းကျေးရွာ တစ်နေရာ၌ သွားရောက်ခေါ်ယူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြိတ်ခရိုင် တပ်ရင်း (၁) တာဝန်ရှိသူက သူက ပျူစောထီးတွေထဲမှာကိုမှ စကစအတွက် တော်တော်လေး အရေး ပါတဲ့သူပါ။ စကစကသွားတဲ့ နေရာတိုင်းမှာ မပါမဖြစ်ပါနေတယ် ဟု ပြောသည်။

လက်ရှိတွင် ဦးမောင်ညွန့်တို့ မိသားစုကို အပြစ်သားများကဲ့သို့ မဆက်ဆံပဲ စည်းရုံးရေးဆင်းကာ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) တာဝန်ရှိသူက ဆိုသည်။

မီးလောင်ချောင်းရွာရှိ အင်အား ၄၀ ခန့်ရှိနေသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဇူလိုင်လ ၁၀ ရက်နေ့က  ဒရုန်း ဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ် အင်အား ၄၀ ခန့် ထပ်မံတိုးထားသည့်ကြားက ယခုကဲ့သို့ သွား

ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ အင်အားထပ်တိုးထားခြင်းကြောင့် မီးလောင်ချောင်း ကျေးရွာအတွင်းရှိ ရွာသားအချို့မှာမူ နေရပ်မှ စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ရွာသားများက ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၁၀ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့သည့် ပုလောမြို့နယ် ငါးမိုင်ကျေးရွာ အနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်များတို့ နှစ်ဖက်ကြား၌ စစ်ရေးတင်းမာနေဆဲဖြစ် သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မူးယစ်ဆေးမှု၊ လူသတ်မှုများနှင့် ဆက်နွယ်နေသူ ၁၁ ဦးကို ပုလောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့ သေးသည်။