ခွဲခြားမှုအောက်ကနေ ခေါင်းစည်းပဝါခြုံပြီး ပွင့်ဖူးလာတဲ့ အစ္စလာမ်အမျိုးသမီး သတင်းကြေညာသူ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။

အမီးလေး

အနက်ရောင် ခေါင်းစည်းပဝါကို မျက်နှာပေါ်ရုံ ခြုံထားတဲ့ သတင်းကြေညာတဲ့သူက ” မင်္ဂလာပါရှင့် People Radio Myanmar ရဲ့ ထားဝယ်ရုပ်သံ အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်ရှင့်။ ဒီအစဉ်ကနေ တနင်္သာရီတိုင်းမှာ ဖြစ်နေတဲ့ ထူးခြားတဲ့သတင်းတွေကို ထားဝယ်ဘာသာအစီအစဉ်နဲ့ တင်ဆက်ပေးသွားမှာပါရှင့်” ဆိုတဲ့ စကားနဲ့ အတူ သတင်းတွေထွက်ပေါ်လာပါတယ်။

သူဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အစ္စလာမ်ခေါင်းစည်းခြုံပဝါ ဟိဂျဗ်နဲ့ သတင်းတင်ဆက်သူ မမေမီမောင် ဖြစ်ပါတယ်။ အသက် ၂၃ နှစ် ဒီအမျိုးသမီးလေးဟာ အာဏာမသိမ်းခင်ကတော့ တနင်္သာရီတိုင်း၊  ထားဝယ် တက္ကသိုလ်မှာ ပထဝီမေ ဂျာနဲ့ ပထမနှစ် အဝေးသင်ကျောင်းသူဖြစ်သလို တယ်လီဖုန်းကုမ္ပဏီတခုမှာ အရောင်း စာရေးလည်းလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ခင်းမှာ မမေမီမောင်ဟာ အိပ်ပျော်နေခိုက် ဈေးကနေ ပြန်လာတဲ့ အမေရဲ့ စကားသံကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရပါတော့တယ်။

ထားဝယ်မြို့က အရပ်သားအစိုးရအဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရတာ၊ ခရိုင်ရုံးမှာ လူတွေ စုဝေပြီး စိုးရိမ်ထိတ် လန့်မှုနဲ့ တရုန်းရုန်းလုပ်နေကြတယ်ဆိုတာနဲ့ “စစ်တပ်က အာဏာသိမ်းလိုက်ပြီ”ဆိုတဲ့ သတင်းကြောင့် ဆက်မအိပ် နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ 

ကမန်းကတန်းပဲ မိုဘိုင်းဖုန်းကို ဖွင့်ကြည့်တော့ ဖုန်းလိုင်းကလည်းပျက်နေပါတယ်။ ဒါနဲ့ သူမ လုပ်အားပေးနေတဲ့ လူမှုအဖွဲ့အစည်းရုံးကို သွားရောက်မေးမြန်းပါတော့တယ်။ 

အရမ်းလည်းစိတ်ဆိုးတယ်။ ငါတို့ ဘဝတွေက ဘယ်နေရောက်သွားပြီးလဲပေါ့ ။ နဂိုကတည်းက အနာဂတ်က ပျောက်နေပါပြီဆိုနေမှ အခုကပိုဆိုးသွားပြီးဆိုမှ ဝမ်းနည်းတာ။ လို့ မေမီမောင်က ပြောပါတယ်။

အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်လာတဲ့အချိန် ဖေဖော်ဝါရီလ ရက်နေ့ကနေ သူပါဝင်ခဲ့ပြီးတဲ့နောက်ပိုင်း ဧပြီလ မြန်မာနှစ်သစ်ကူး တစ်ရက်နေ့မှာပဲ သူ့ကုမ္ပဏီက အလုပ်ထုတ်တာကိုခံ ခဲ့ရပါတယ်။ (ဆန္ဒပြအချိန်ကာလ)

ဆိုင်ရှင်က ကုမ္မဏီကို ဘာပြောလဲဆိုရင် သူ့ကို ဆိုင်ထဲမှာလာဖမ်းလို့ရှိရင် ဆိုင်ထဲက တစ်ခုခုပျက်ဆီးသွား လို့ရှိရင် နင်ကတာဝန်ယူပေးနိုင်လားအဲလိုပြောခဲ့တာပေါ့ ညတွင်းကြီး ၁၀ နာရီခွဲ လောက်ရှိပြီး မနက်ဖန်အ လုပ်မလာနဲ့တော့။” လို့ ဆိုင်ရှင်က ပြောပြီး အလုပ်ထုတ်ပါတယ်။

အလုပ်ထုတ်ခံရပြီးနောက် ဇမ္ဗူသီရီ အရေးပေါ် လူနာတင်ယာဉ်နှင့် ကယ်ဆယ်ရေးပရဟိတ အဖွဲ့မှာ စေတနာ့ ဝန်ထမ်းအနေနဲ့ ပါဝင်ခဲ့ပြန်ပါတယ်။

တနေ့မှာတော့ ပရဟိတရုံးကို စစ်သားတွေ ရောက်လာပါတယ်။ မမေမီမောင်ရဲ့ ဓာတ်ပုံကိုပြပြီး လာရှာတာပါ။ ဒီအကြောင်းကို ရုံးက ဖုန်းဆက်ပြီး ရုံးကို မလာနဲ့တော့လို့ပြောတာကြောင့် သူမ ထားဝယ် အနီးက ရွာကိုထွက်ပြေး သွားခဲ့ရပါတယ်။

သူမဟာ အစိုးရဝန်ထမ်းတွေ CDM လုပ်ဖို့နဲ့ ကလေးတွေကျောင်းမတက်ကြဖို့ ထားဝယ်မြို့ ရဲ့ တိုင်းဒေသ ကြီးထွေ အုပ်ရုံးရှေ့မှာ အစည်းအဝေးလုပ်နေတဲ့ ဌါနဆိုင်ရာအကြီးအကဲတွေနဲ့ စစ်သားတွေကို  စင်ပေါ် တက် လက်ညိုထိုးပြီး ဟောပြောခဲ့ပါသေးတယ်။

ဒါအပြင်မကပါဘူး ထားဝယ်မြို့ထောင်ရှေ့နဲ့ သပိတ်စုရပ်တွေမှာလည်း ဟောပြောခဲ့ပါတယ်။ဒီအချက်တွေ ကြောင့် သူ့ကို စောင့်ကြည့်ရတဲ့အထိဖြစ်လာပါတယ်။ အာဏာသိမ်းပြီး တစ်လပြည့်ခါနီး ၂၈ ရက်နေ့မှာတော့ သူမတို့ ဆန္ဒပြပွဲအတွင်းကို သေနတ်သံတွေနဲ့ လွှမ်းမိုး သွားပါတယ်။

ဒီသေနတ်အသံဟာ မမေမီမောင်တို့ ရဲ့နောက်က သပိတ်စစ်ကြောင်းကို ပစ်ခတ်နေတာပါ။အသံတွေကြောင့် အားလုံးထွက်ပြေးကြရင်း မမေမီမောင် လွတ်မြောက်သွားခဲ့ပေမယ့် တခြားပြည်သူလူထု ၅ ဦး သေဆုံးသွားခဲ့ သလို ဒဏ်ရာရသူ ၆၇ ယောက်ထိရှိခဲ့ပါတယ်။

ရဲဘော်တွေ တော်တော် ကျသွားတာ အများကြီးပဲ ကျဉ်ထိပြီးတော့ တချို့တွေကလဲ ဒဏ်ရာရတဲ့သူကလဲ ရတယ် တချို့တွေကလဲ ကျပါကျသွားတယ်

ဒီနောက်ပိုင်း သပိတ်စစ်ကြောင်းတွေမှာ စစ်ကောင်စီရဲ့ ဖြိုခွဲမှုတွေ များလာတာကြောင့် သူမဟာ သပိတ်စစ် ကြောင်းတွေနဲ့ လိုက်ပါ ဆန္ဒထုတ်ဖော်တာတွေကို နားလိုက်တယ်လို့ ပြောပါတယ်။

တိမ်းရှောင်နေရတဲ့ ရွာကလေးမှာ နေထိုင်ရင်း ရွာသပိတ်တွေမှာ ပြန်ပါဝင်ခဲ့ပါတယ်။ လေးလအကြာ ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်း ပြန်ဖြစ်လာတာကြောင့် ထားဝယ်ကို ပြန်လာခဲ့ရပြန်ပါတယ်။

အလုပ်မရှိတော့တဲ့နောက် မိသားစု စားဝတ်နေရေးအတွက် သူမဟာ မြို့မဈေးထဲ ကြက်ဥအရောင်း  ဆိုင်လေးဖွင့် ပြီး စျေးရောင်းချခဲ့ပြန်ပါတယ်။ ဈေးရောင်းရင်း လိုင်းပေါ်တက်လာတဲ့ သတင်းတွေကို ဖတ်နေရင်း စစ်တပ်က ဆန္ဒပြနေသူ လူငယ်တွေကို တိုက်ခိုက်နေမှုကိုကြည့်ပြီး မခံမရပ်နိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကနေရတဲ့ အမြတ်အစွန်းတချို့ကို တော်လှန်ရေးနဲ့ CDM တွေအတွက် လှူဒါန်းမှုတွေ‌ကြောင့် သေးငယ်တဲ့ သူမရဲ့ ကြက်ဥဆိုင်နားကို အမျိုးသားနှစ်ဦးဟာ နေ့တိုင်းလိုလို ဆိုင်နားလာပြီး စောင့်ကြည့်တာတွေ နဲ့  ဘေးပတ် ဝန်းကျင်က လူတွေကို မေးမြန်းစုံစမ်းတာတွေကို လုပ်လာပါတော့တယ်။

တစ်နေ့မှာတော့ ကွဲကွာနေတာကြာပြီဖြစ်တဲ့ သူမရဲ့ ကျောင်းနေဘက်ငယ်သူငယ်ချင်းတယောက် ဆိုင်ကို ဈေးဝယ်ရင်း အလည်ရောက်လာခဲ့ပါတယ်။ သူငယ်ချင်းနဲ့  စကားစမြည် ပြောကြရင်း တော်လှန်ရေးထဲ တက်နိုင်သလောက် ပါဝင်နေသေးတယ်ဆိုတာနဲ့ အာဏာသိမ်းမှုနဲ့ ပတ်သတ်ပြီး သူမရဲ့ မကျေနပ်မှု တွေကို ပြောပြဖြစ်လိုက်ပါတယ်။  သူငယ်ချင်းပြန်သွားပြီးတဲ့နောက် သိလိုက်ရတာက သူငယ်ချင်းဟာ ရဲဖြစ်နေခဲ့ တာကိုပါ။

မလုံခြုံမှုခံစားလာရပြီးတဲ့နောက် အဝတ်တထည် ကိုယ်တစ်ခုနဲ့ တောထဲကို ပြေးရပါတော့တယ်။သူမ ဟာ တောထဲ ရောက်တဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း   တော်လှန်ရေးတပ် ဖွဲ့တစ်ခုထဲ ဝင်ပြီး စစ်မေ တစ်ဦးဖြစ်လာပါတယ်။

ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းကို တည်ထောင်တာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာတည်ထောင်ပါတယ်။

တောထဲအရောက်တွင် အခြေခံစစ်သင်တန်းနေချိန် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ သင်တန်းတပိုင်း တစနှင့် အဆုံးသတ်သွားခဲ့သည်။ ထို့နောက် စစ်မေများကိုဌာနခွဲသည့်အခါ ထောက်လှမ်းရေးဘက်ကို သူက ရွေးချယ်ခဲ့ရာက ထောက်လှမ်းရေးသင်တန်းဆက်တက်ဖြစ်သွားခဲ့သည်။ 

စစ်မေဘဝမှာ ခန္တာကိုယ်ဝတဲ့ သူ့မအပေါ်လောင်ပြောင်ကဲ့ရဲ့တာတွေ ကြုံခဲ့ရသလို စခန်းချထားတဲ့ တောတောင် ဟာလည်း ဒေသအယူအဆအရ နတ်ကြီးတာကြောင့် သူမအနေနဲ့ ဝတ်ပြုဆုတောင်းမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် စစ်အာဏာရှင်ကို တိုက်နေပြီး ဒီမိုကရေစီကို ရအောင်ယူနေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာပဲ ခွဲ ခြား ဆက်ဆံခံရမှုတွေ စတင်ကြုံရပါတော့။

မြန်မာနိုင်ငံအတွင်း လူနည်းစု တွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်မှုတွေဟာ အခုထိ ပျောက်ဆုံးနေသလို တော် လှန်ရေးအောင်သွားရင်တောင် လုံးဝရမှာ မဟုတ်ဘူးလို့ မေမီအောင်က သူ့ရဲ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး မှတ် ချက်ပြုပါတယ်။

ကုလားလို့ အစ္စလာမ်လို့ပြောလိုက်တာနဲ့ ခွဲခြားဆက်ဆံချင်တဲ့စိတ်၊ နိမ်ချင်တဲ့စိတ်က အလိုလိုပေါ်လာတယ်၊ တော်လှန်ရေးထဲက လူတွေတော်တော်များများကို ရှိကိုရှိနေသေးတယ်၊အဲကြောင့်မို့ ၁၀၀ ရာခိုင်နှုန်း လုံးဝမ ယုံဘူး လို့ မာန်ပါပါနဲ့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်  အစ္စလာမ်ဘာသာဝင်လူငယ် ၈၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ထောင်ချခံထားသူများ လည်းရှိနေပါတယ်လို့ မေမီမောင်က အတည်ပြုပြောပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ဘာသာရေးအဆောက်အဦး ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံနေရတယ်လို့ RFA သတင်းဌါနက ဖော်ပြထားပါတယ်။

တစ်နေ့မှာတော့ ထောက်လှန်ရေးစစ်မေဖြစ်တဲ့အတွက် ရှေ့တန်း ထောက်လှန်ရေးသွားရပါတယ်။ မစ်ရှင်ပြီးလို့ သူမတို့ ဟာ ညတွင်းချင်းပြန်လာကြတဲ့အခါ လမ်းခရီးမှာ သူမ တောင်ပေါ်ကနေ ခြေလျော်ပြီး လှိမ့်ကျသွား ပါတယ်။

ခါးရိုးထိသွားတဲ့သူမဟာ ဆေးကုသမှုခံယူဖို့ မဲဆောက်ကိုရောက်လာခဲ့ပါတယ်။ခရီးသည်ယာဉ်နဲ့ပဲ လိုက်လာ ခဲ့တဲ့သူမဟာ လမ်းတိုင်း စစ်ကောင်စီရဲ့ ဂိတ်တွေကို အဆင်ပြေစွာဖြတ်ရင်း ရောက်လာခဲ့တယ်လို့ သူမက ပြောပါတယ်။

ဆေးကုအပြီး စစ်စခန်းပြန်သွားချင်သော်လည်း သူမဒဏ်ရာကြောင့် မဲဆောက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။

ပါဝါဆောင်းပြီးတော့ သတင်းကြေညာဖို့က ဘာလို့လုပ်ဖြစ်လည်းဆိုတော့ ထားဝယ်လူမျိုးတွေထဲမှလည်း အစ္စလာမ် ဘာသာဝင် တွေရှိတယ်ဆိုတာပြချင်တာတကြောင်းရယ်၊ ပြီးလို့ရှိရင် ဒီသတင်းတင်ဆက်တဲ့ အစဉ်အစီတွေမှာ တခြားတိုင်းရင်းသား ဘာသာစကားတွေ အသီးသီးရှိကြတယ်။  ဒါပေမယ့် ဒီထားဝယ် တိုင်း ရင်းသားဘာသာ စကားကမရှိဘူးလေ၊ အဲဒါနဲ့ ဘယ်သူမှမလုပ်သေးတဲ့ဟာကို ကိုယ်က ထားဝယ်လူမျိုး တစ် ယောက်ဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုတာ ချပြချင်လို့ လုပ်ဖြစ် သွားတာပေါ့နော်” ဟု သူက ပြောပါတယ်။

သတင်းသမားအဖြစ် စလုပ်ခဲ့စဉ်က “ဝါသနာသိပ်မပါ” ဟုဆိုကာ  “ကိုယ်လုပ်တဲ့သတင်းထောက်ကလည်း ဒီတော်လှန်ရေးမှာ အထောက်အကူဖြစ်တယ်ဆိုတဲ့စိတ်နဲ့။ အဓိကကတော့ တော်လှန်ရေးလုပ်ချင်တဲ့စိတ်နဲ့ အဲလိုလုပ်တာပါ၊အလုပ်မရှိလို့တော့မဟုတ်ဘူး အဲသတင်းထောက်လုပ်လို့လည်း ပိုက်ဆံအများကြီး မရဘူးလေ” ဟု သူကဆက်ပြောပြပါတယ်။

အသံသွင်းတာနှင့်စတင်ပြီး DVB က သတင်းထောက် သင်တန်းတက်ပြီးသည့်နောက် သတင်းရေးခြင်းကိုပါ လုပ်ဆောင်လာခဲ့ပါတယ်။

 “ဥပုတ်နေ့ (တနေ့) မှာ ပါဝါဆောင်းပြီး ရုံးသွားတဲ့အချိန်မှာ အဲမှာ သမီးတို့ဆရာ(အယ်ဒီတာ)က ဒီလိုပုံစံနဲ့ သတင်းကြေညာပါလားဆိုတော့ ကြိုးစားကြည့်မယ်ပေါ့၊ လုပ်ဖြစ်သွားတယ်။ လုပ်ရင်းလုပ်ရင်းနဲ့လည်း ဝါသနာပါလာတယ်” ဟု သူက ဆိုပါတယ်။

ဒါပေမယ့် သတင်းတင်ဆက်တဲ့ အလုပ်ဟာလည်း တော်လှန်ရေးအတွက် အဓိကအရေးပါတဲ အလုပ်ဖြစ်တယ်လို့ ခံယူထားတာကြောင့် မိမိယုံကြည်မှုတစ်ခုဖြစ်တဲ့ ရိုးရာဝတ်စုံ ခေါင်ခြုံပဝါ အနက်ရောင်ဟိဂျဗ်ကို ရဲရဲခြုံပြီး လူရှေ့ ထွက်လာပါတော့တယ်။

ပထမဦးဆုံး သတင်းတင်ဆက်တဲ့နေ့ဟာ သူမအတွက် အပျော်ဆုံးနေဖြစ်ခဲ့သလို သူမရဲ့ ဆရာ၊မ တွေကလည်း  မင်းဟာ မြန်မာပြည်မှာ ပထမဦးဆုံးသော အစ္စလမ်ဘာသာထဲက သတင်းတင်ဆက်သူဖြစ်သွားပြီး လို့ မှတ် ချက်ပြုကြပါတယ်။

ဗမာနိုင်ငံမှာ ဘယ်သူမှ မလုပ်ဖူးတဲ့အရာကို လုပ်လိုက်ရတဲ့အတွက် အရမ်းကျေနပ်တယ်၊ ကိုယ့်ဘာသာစကားကို လည်းချပြခွင့်ရတယ်၊အစ္စလာမ်တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်း ချပြခွင့်ရလို့ အရမ်းပျော်တယ် လို့ သူမက ပျော်ရွှင်စွာပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာ သိမ်းလိုက်ပြီးနောက် သတင်းသမား ဖမ်းဆီးထောင်ချခံရသူ စုစုပေါင်း ၂ဝဝ ကျော် အထိရှိခဲ့ပြီး တချို့ပြန်လွတ်လာပေမယ့် ဆက်ပြီးထောင်ချခံထားရသူ ၅ဝ ဦးအထိရှိနေသေးတယ်လို့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မေမီမောင်အနေနဲ့ ဟိဂျဗ်ခေါင်းခြုံပဝါနဲ့ ပျော်ရွှင်စွာ သတင်းတင်ဆက်နေပေမယ့် တဘက်မှာလည်း “ကုလား တွေက စိုးမိုးတော့မှပဲ၊ကုလားတွေကို ဘာလို့ လုပ်ခိုင်းတာလဲ၊ဝက်သားကျွေး လိုက်ရလို့၊ကုလားမ သတင်း ပါးစပ် ပိတ်ထား” စတဲ့ စကားတွေနဲ့ စပြီး အဆဲဆို ခံရတာဟာ အခုထိဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ  အစ္စလာမ်ဘာသာဝင်တွေကို ဖိနိပ်ချုပ်ချယ်မှုဟာ အစိုးရ ခေတ်အဆက်ဆက် ရှိခဲ့သလို ထင်ထင် ရှားရှား ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓ- အစ္စလာမ်ကြား အရေးအခင်းတွေမှာဆိုရင် မိတ္ထီလာအရေးအခင်းနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးခင်းတို့ဟာ အထင်အရှားပဲဖြစ်ပါတယ်။

ပထမဦးဆုံး ထင်ရှားသည့် ၂၀၁၃ ခုနှစ်က မန္တလေးတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာ သာဝင်တွေ ကြား လူမျိုးရေး ပဋိပက္ခဟာ မိတ္ထီလာအရေးအခင်းဖြစ်ပြီးတော့ ဒီအရေးအခင်းမှာဆိုရင် ဗုဒ္ဓဘာသာဘက်မှ ဆရာ တော် ဦးဝိသူရဟာ မွတ်စလင်အစ္စလာမ် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူဖြစ်တယ်။

ဒီအရေးအခင်းမှာဆိုရင် အစ္စလာမ်ဘာသာဝင် ၄၇ ဦးကျော် သေဆုံးခဲ့ပြီး ဗလီဘုရားကျောင်း ၁၃ ကျောင်းနှင့် လူနေအိမ်  တစ်ထောင်ကျော်   မီးလောင်ပျက်စီးခဲ့တယ်လို RFA သတင်းက ၂၀၁၃ ခုနှစ် မတ်လမှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့တဲ့ မွတ်စလင် ရိုဟင်ဂျာ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှု၊ အိုးအိမ်တွေ မီးရှို့မှု၊မုဒိမ်းပြုကျင့်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ခုနှစ် သိန်းသုံး သောင်းကျော် ထွက်ပြေးခဲ့ရတယ်လို့ UNHCR အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။

အခုတာ့ ဒီလို လူမျိုးရေးနဲ့ ဘာသာရေးခွဲခြားဆက်ဆံမှုတွေကြား မေမီမောင်ဟာ သတင်းတင်ဆက်ရတာကို ပျော် ရသလို၊မိမိကိုယ် ဂုဏ်ယူစွာ ဒီအလုပ်ကို ဆက်လုပ်နေဆဲဖြစ်တယ်လို့ ရယ်ရင်းပြောပြပါတယ်။

သတင်းတင်ဆက်နေတဲ့အချိန်မှာပေါ့နော် တော်လှန်ရေးလုပ်နေတဲ့ တော်လှန်ရေးProfile နဲ့တင်ထားတဲ့သူ တွေကိုယ်တိုင်ကို ကုလားတို့ ဘာတို့ညာတို့ ဆဲတာတွေရှိတယ်ဗျာ” ဟု သူက စိတ်မကောင်း စွာပြောပါတယ်။

ကွန့်မန်ထဲမှာ ဆဲဆိုတာကတော့ သိပ်ပြီးတော့ စိတ်မဝင်စားဘူးပေါ့။ ကိုယ်ဘက်ကနေပြီးတော့ လက် လျစ်လျူ ရှုလိုက်တယ်။ ဒီတော်လှန်ရေးအဖွဲ့အစည်းထဲကလူတွေ လာဆဲထားရင်တော့ နည်းနည်းတော့ ခံစားရတာပေါ့၊ ဒါပေမယ့် စိတ်ထဲလဲသိပ်မထားဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုပဲ ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ ဆက်လုပ်တယ်။” ဟု သူက ဆိုပါတယ်။

 “စိတ်တိုချင်တာပေါ့ တုံ့ပြန်ချင်တယ်။ ဒါပေမယ့် Professional ကျကျလုပ်နေတဲ့ အလုပ်နေရတဲ့ အလုပ်ဖြစ် နေ ကြတော့ ကိုယ်စိတ်ကိုယ်ထိန်းပြီးမှသွားရတာပေါ့” ဟု သူက ဆက်ပြောသည်။

သူမကို တိုက်ခိုက်ကြတဲ့အပေါ် အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့သလို အစ္စလာမ်အမျိုးသမီးတွေအတွက် အခွင့် အလမ်းတစ်ခုကို စတင်ပေးလိုက်တာဖြစ်တယ်လို့ သူမနဲ့အတူလုပ်ကိုင်နေတဲ့ ကိုဒီပါက အခုလိုမှတ်ချက်ပြု ပါတယ်။

သူ့ကို အပြောခံရတဲ့အပေါ်မှာ ဝေဖန်ခံရတဲ့အပေါ်မှာလဲ သူအကောင်းဆုံးကျော်လွှာခဲ့တယ် နောက် ထပ်သူ့လို အစ္စလာမ်အမျိုးသမီးတွေ အခွင့်အလှမ်းကောင်းတစ်ခုလို့လဲမြင်မိတယ်ပေါ့ ကိုယ့်ရဲ့ရိုးရာအရ ပဲဖြစ်ဖြစ်၊ယဉ် ကျေးမှုအရပဲဖြစ်ဖြစ်၊ဘာသာရေးအရပဲဖြစ်ဖြစ် လိုဆိုပါတယ်။

သူမဟာ သတင်းတင်ဆက်မှု စလုပ်ကိုင်သည့်အချိန်မှာ လိုအပ်ချက်တွေရှိခဲ့ပေမယ့် အခုတော့ တခြားသတင်းဌာန က သတင်းကြေညာသူတွေကို ကြည့်ပြီး လေ့လာသင်ယူရင်း အကောင်းဆုံး သတင်းတင်ဆက်နေပါပြီ။

သူမအနေနဲ့ သတင်းဌာနအကြီးကြီးမှာ အကောင်းဆုံး သတင်းတင်ဆက်သူ တစ်ဦးဖြစ်ချင်သလို အစ္စလာမ်ဘာ သာ ဝင်အနေနဲ့ရယ် ထားဝယ်ဘာသာစကားနဲ့ ကြေညာချင်သေးဆိုတဲ့ မျှော်လင့်ချက်က ရှိနေပါတယ်။

“RFA မှာလို့သတင်းကြေညာသူလိုမျိုးဖြစ်ချင်တယ် ရယ်မောရင်းပြောပါတယ်။

အခုတော့ ထိုင်းနိုင်ငံမှာနေပြီး သူမရဲ့ ငယ်ဘဝ ရည်မှန်းချက်ကို သတင်းတင်ဆက်သူလုပ်ရင်း အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားနေသလို တော်လှန်ရေးထဲမှာလည်း ပါဝင်ကူညီပေးနေပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး တော်လှန်ရေးအောင်မြင်သွားတဲ့အခါမှာလည်း လေယာဉ်မယ် ဖြစ်ချင်တဲ့ ငယ်အိမ်မက်ကို ဆက်ပြီးအကောင်အထည်ဖော်ချင်တယ်လို့ ပြောပါတယ်။