ကော့ကရိတ်မြို့ အနီး စစ်ကောင်စီ နယ်စပ် တပ်စခန်းတစ်ခုကို KNU တိုက်ခိုက် သိမ်းပိုက် 

သတင်းနှင့် မီဒီယာကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်။ 

ထိုင်းမြန်မာနယ်စပ် ကော့ကရိတ်မြို့နယ် နယ်စပ် အနီး စစ်ကောင်စီ၏ ဘလယ်ဒို တပ်စခန်းကို ကရင်အမျိုးသား အစည်းအရုံး KNU က မေလ ၂၃ ရက် (ယနေ့) ညနေ ၅ နာရီတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု KNU က ထုတ်ပြန်သည်။ 

ဘလယ်ဒို တပ်စခန်းသည် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဘလယ်ဒို ကျေးရွာ အနီးတွင် တည်ရှိသည့် တပ်စခန်းဖြစ်သည်။ 

အဆိုပါ တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု KNU က ဆိုသည်။