အစ္စရေးက အရန် တပ်ဖွဲ့ဝင် ၆၀,၀၀၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။
အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစ္စရေး နိုင်ငံက အရန် တပ်ဖွဲ့ဝင် ၆၀,၀၀၀ အားစစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ဘင်ဂျမင် နက်တန်ယာဟု) က ဟားမတ်စ်အဖွဲ့၏ စစ်ရေးစွမ်းရည်များ အပြီးသတ်ဖျက်ဆီးနိုင်ရန်နှင့် အစ္စရေးလူမျိုးများ၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်စေရန် စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု ပြောလိုက်သည်။
ထို့အပြင် ဂါဇာမြို့တော်သိမ်းပိုက်ရေးအတွက် မကြာမီမှာ ခွင့်ပြုချက်ပေးမည်ဟု လည်း ဆိုလိုက်သည်။
ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေး၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟုလည်း ကြေညာထားသည်။ ဟားမတ်စ်ခေါင်းဆောင်များက အစ္စရေး၏ လုံခြုံရေးဆိုင်ရာ ပြောဆိုချက်များသည် ဂါဇာဒေသကို အပြည့်အဝ ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ပြောပြီး ပါလက်စတိုင်းပြည်သူတွေအနေဖြင့် နယ်မြေများကို ကာကွယ်သွားမည်ဟု ပြောသည်။
အမေရိကန်နှင့် အီဂျစ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသော်လည်း သိသာထင်ရှားသည့် အပစ်အခတ်ရပ်စဲရေး အလားအလာ မရှိသေးဟု အကဲခတ်များက ပြောသည်။
အစ္စရေးဘက်ကတော့ ဓါးစာခံများ အားလုံး လွှတ်ပေးပြီး အစ္စရေးက တောင်းဆိုထားသည့် အခြေအနေများကို လက်ခံမည်ဆိုပါက အပစ်အခတ် ရပ်စဲမည်ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် ဂါဇာဒေသခံပြည်သူများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေပြီး နိုင်ငံတကာကလည်း ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြသည်။