ထိုင်းလွှတ်တော်ကို ဇန္နဝါရီလ ကုန်တွင် ဖျက်သိမ်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ထိုင်း ဝန်ကြီးချုပ် Anutin Charnvirakul က ဇန္နဝါရီလ ကုန်တွင် လွှတ်တော်ကို ဖျက်သိမ်းပြီး လာမည့်နှစ် မတ်လ သို့မဟုတ် ဧပြီလ အစောပိုင်းတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာလိုက်သည်။
ဝန်ကြီးချုပ် Anutin သည် ယခု စက်တင်ဘာလဆန်းပိုင်းတွင် လွှတ်တော်မဲအများစုနဲ့ ၂၀၂၃ ဩဂုတ်လ နောက်ပိုင်း ထိုင်းနိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။
ယခင် ဝန်ကြီးချုပ်ဖြစ်သည့် ပေထုန်ထန် ရှီနာဝပ်ကို တရားရုံးက တာဝန်က ဖယ်ရှားလိုက်သည့်အခါ Anutin က သူ၏ Bhumjaithai ပါတီကို အာဏာရ ညွန့်ပေါင်းအဖွဲ့က ထွက်လိုက်ပြီး အဓိက အတိုက်အခံ ပါတီဖြစ်သည့် ပြည်သူ့ပါတီ ကျောထောက်နောက်ခံ ပြုမှုဖြင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်အဖြစ် မဲရရန်အတွက် Anutin သည် အာဏာရပြီး လေးလ အတွင်း လွှတ်တော်ကို ဖျက်သိမ်းကာ အထွေထွေ ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကတိပြုခဲ့သည်။
ဝန်ကြီးချုပ် Anutin လက်ထက်တွင် ထိုင်းနိုင်ငံသည် အမေရိကန် ရဲ့ သွင်းကုန်နှုန်းထား တိုးမြှင့်သည့် အခြေအနေ၊ အိမ်ထောင်စု ကြွေးမြီမြင့်မားမှု နှုင့် ငွေသုံးအား ကျနေသည့် အခြေအနေများကို ရင်ဆိုင်နေရသည်။
Anutin အစိုးရသည် နေထိုင်စားသောက်စရိတ် မြင့်တက်နေခြင်းကို လျော့ချရန်နှင့် လယ်ယာ သီးနှံများ ဈေးကျနေခြင်းကို ဖြေရှင်းရန် အစီအစဉ်များလည်း ရေးဆွဲနေသည်။
ဝန်ကြီးချုပ် Anutin က သူ့ အစိုးရ လက်ထက်တွင် အွန်လိုင်း လောင်းကစားနှင့် ကာစီနို ပါဝင်သော ဖျော်ဖြေရေး ရုံများ ဖွင့်လှစ်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ပြောထားသည်။