ထိုင်းနှင့် အမေရိကန် တိုက်ရိုက်လေယာဉ် ပြန်လည် ပြေးဆွဲမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံကြား တိုက်ရိုက်လေယာဉ်ပျံသန်းမှုကို ပြန်လည် စတင်တော့မည် ဖြစ်သည်။
ဆယ်နှစ်တာရပ်ဆိုင်းထားသော ဤခရီးစဉ်ကို အောက်တိုဘာ ၂၆ ရက်တွင် အမေရိကန်၏ United Airlines လေကြောင်းလိုင်းက ပထမဆုံး ပျံသန်းမည်ဖြစ်သည်။ United Airlines ၏ ဘိုးရင်း 787-9 အမျိုးအစား Dreamliner လေယာဉ်များဖြင့် ပြေးဆွဲသွားမည် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံခန့်ခွဲရေး (US Federal Aviation Administration) က ထိုင်းနိုင်ငံ၏ လေကြောင်း လုံခြုံရေး အဆင့်အတန်းကို အဆင့် ၁ မှ အဆင့် ၂ သို့ လျော့ချခဲ့ခြင်းကြောင့် တိုက်ရိုက်လေယာဉ်ပျံသန်းမှုများကို ၂၀၁၅ ခုနှစ်က ရပ်ဆိုင်းခဲ့သည်။
အမေရိကန်လေကြောင်း ထိန်းသိမ်းရေးက ယခုနှစ် ဧပြီလတွင် ထိုင်းနိုင်ငံအား ထိပ်တန်း လုံခြုံရေး အဆင့် ပြန်လည် သတ်မှတ်ခဲ့သည်။
ခရီးစဉ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့ အကြားဖြစ်သည်။
ယခင်က ထိုင်းလေကြောင်း လေယာဉ်များလည်း တိုက်ရိုက်ပျံသန်းခဲ့သော်လည်း လေယာဉ်ပျံသန်းမှုနှင့် ပတ်သက်၍ ထိုင်းလေကြောင်းလိုင်းက တစုံတရာ ကြေညာခြင်း မရှိသေးပါ။