အောင်လအင်ဆန်၏ နောက်ဆုံး နှုတ်ဆက်ပွဲစဉ် ထိုးသတ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်။

MMA ဖိုက်တာ မြန်မာ့စပါးအုံး အောင်လအင်ဆန်၏ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည် ဖြစ်သည်။ 

အောင်လအင်ဆန်သည် ၎င်း၏ နှုတ်ဆက်ပွဲစဉ်အဖြစ် ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်လအင်ဆန်ကို ချစ်ခင်သော ပရိသတ်များမှာ ၎င်း၏ နောက်ဆုံးပွဲစဉ်အတွက် ရင်ခုန်စိတ်လှုပ်ရှား နေကြသည်။ 

ONE Championship တွင် အောင်လအင်ဆန်သည် စုစုပေါင်း ၁၉ ပွဲကစား ၁၄ ပွဲနိုင် ရလဒ်ကောင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ 

၎င်း၏ ပြိုင်ဘက် ကာဒက်စတမ်ကမူ ONE Championship ၌ ၁၁ ပွဲကစား ၇ ပွဲနိုင် ထားသူဖြစ်သည်။

မြန်မာ့စပါးအုံးကို ချစ်ခင်အားပေးသော ပရိသတ်များမှာ ၎င်း၏ နောက်ဆုံးပွဲစဉ်ကို စောင့်ကြည့်ရန် ရင်ခုန် စိတ်လှုပ်ရှားနေကြပြီး အောင်လအင်ဆန်အား အားလုံးအတူတကွ အားပေးကြရန်လည်း တိုက်တွန်းထား ကြောင်း သိရသည်။