ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဥရောပသမဂ္ဂ သက်တမ်းတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။ 

ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဥရောပကောင်စီ၏ ထုတ်ပြန်ချက်အရ လက်ရှိပိတ်ဆို့မှုများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆက်လက်အတည်ပြုထားမည် ဖြစ်သည်။ 

အဆိုပါ ပိတ်ဆို့မှုများကို ၂၀၁၄ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစတင်ချိန်တွင် ပိုမိုတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

EU ၏ ပိတ်ဆို့မှုများတွင် ရုရှားဘဏ်အချို့ကို နိုင်ငံတကာငွေပေးချေမှုစနစ် (SWIFT) မှ ဖယ်ရှားခြင်း၊ ရုရှားနိုင်ငံထုတ် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို ရေကြောင်းမှ တင်သွင်းခြင်းနှင့် လွှဲပြောင်းခြင်းအား ပိတ်ပင်ခြင်းတို့ ပါဝင်သည်။ 

ထို့ပြင် ရုရှားအစိုးရ နောက်ကွယ်မှ ပံ့ပိုးပေးထားသည့် သတင်းမှားဖြန့်ချိရေးဌာနများ၏ ထုတ်လွှင့်ခွင့်လိုင်စင်များကိုလည်း ရပ်ဆိုင်းထားသည်။ 

ထပ်မံ၍ ရုရှားအတိုက်အခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖိနှိပ်ရာတွင် ပါဝင်ခဲ့သည့် တရားရေးအရာရှိ နှစ်ဦးကိုလည်း ပိုင်ဆိုင်မှုများ ပိတ်ဆို့ရပ်ဆိုင်းကာ အရေးယူမှုအသစ်များ ချမှတ်ခဲ့သည်။ 

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေများကို ဆက်လက်ချိုးဖောက်နေသရွေ့ ယခုကဲ့သို့ ပိတ်ဆို့မှုများကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း EU က အသိပေးထားသည်။