ဂရင်းလန်ကျွန်းအရေး အမေရိကန်-ဥရောပ ဆက်ဆံရေး တင်းမာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်ကျွန်း (Greenland) ကို အမေရိကန်က ထိန်းချုပ်ပိုင်ဆိုင်ခွင့်ရရှိရန် တောင်းဆိုလာခြင်းကြောင့် အမေရိကန်နှင့် ဥရောပမဟာမိတ်နိုင်ငံများအကြား ဆက်ဆံရေး ပြင်းထန်စွာ တင်းမာလျက်ရှိသည်။

အမေရိကန်သမ္မတက အဆိုပါကျွန်းအား ဝယ်ယူရန် သို့မဟုတ် စစ်ရေးအရ ထိန်းချုပ်ရန် နည်းလမ်းမျိုးစုံကို စဉ်းစားထားကြောင်း ပြောကြားခဲ့ပြီးနောက်၊ ဥရောပနိုင်ငံများက ဂရင်းလန်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် စစ်ရေးအရ စတင်ပူးပေါင်းဆောင်ရွက်လာကြသည်။ 

ယနေ့ ဇန်နဝါရီ ၁၅ ရက်တွင် ဂျာမနီနိုင်ငံက စစ်သား ၁၃ ဦးကို ကင်းထောက်မစ်ရှင်အဖြစ် ဂရင်းလန်းသို့ စတင်စေလွှတ်ခဲ့ပြီး ဆွီဒင်၊ နော်ဝေး၊ ပြင်သစ်၊ နယ်သာလန်နှင့် ကနေဒါနိုင်ငံတို့လည်း အဆိုပါနိုင်ငံစုံမစ်ရှင်တွင် ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။

အင်္ဂလန်နိုင်ငံကလည်း ဤစစ်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် စဉ်းစားနေပြီး အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဖင်လန် နိုင်ငံ ခေါင်းဆောင်တွေကတော့ ဂရင်းလန်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး ဒိန်းမတ်ဘက်က ရပ်တည်ထားသည်။ 

သမ္မတထရမ့်က မကြားသေးမီ ရက်သတ္တပတ်များ အတွင်းတွင် ဂရင်းလန်ကျွန်းသည် အမေရိကန်၏ လုံခြုံရေးအတွက် အရေးပါသည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ 

ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သည် ဂရင်းလန်သည် တည်နေရာအရ မဟာဗျူဟာကျပြီး သယံဇာတ ပေါကြွယ်ဝသည့်အတွက် ရုရှား သို့မဟုတ် တရုတ်တို့က ဝင်ရောက်မကျူးကျော်နိုင်စေရန် အမေရိကန်က ပိုင်ဆိုင်ရမည်ဟု သမ္မတ ထရန့်က ပြောခဲ့သည်။ 

ဂရင်းလန်ကို ဝယ်ယူ၍ ပဲ ဖြစ်စေ၊ စစ်ရေးအရ လုပ်ဆောင်မှုအနေနှင့် ဖြစ်စေ နည်းလမ်းမျိုးစုံကို စဉ်းစားထားသည်ဟု သမ္မတ ထရန့်က ပြောကြားခဲ့ပြီးနောက်တွင်တော့ ဥရောပနှင့် အမေရိကန်အကြား ဆက်ဆံရေးသည် အလွန်တင်းမာလျက်ရှိနေသည်။