တရုတ်နိုင်ငံက ဂြိုဟ်တုပေါင်း ၂ သိန်းကျော် လွှတ်တင်ရန် စီစဉ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။ 

တရုတ်နိုင်ငံသည် အာကာသထဲသို့ ဂြိုဟ်တုပေါင်း ၂ သိန်းကျော် လွှတ်တင်ရန်အတွက် နိုင်ငံတကာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ (ITU) ထံသို့ လျှောက်ထားလိုက်သည်။ 

အဆိုပါစီမံကိန်းတွင် ဂြိုဟ်တုအစုအဖွဲ့ပေါင်း ၁၂ ခုကျော် ပါဝင်ပြီး အကြီးဆုံးအစုအဖွဲ့နှစ်ခုဖြစ်သည့် CTC-1 နှင့် CTC-2 တို့တွင် တစ်ဖွဲ့လျှင် ဂြိုဟ်တု ၉၆,၀၀၀ ကျော်စီ လွှတ်တင်သွားမည်ဖြစ်သည်။

ဤစီမံကိန်းကို China Mobile ကဲ့သို့သော ဆက်သွယ်ရေးကုမ္ပဏီကြီးများနှင့် ပုဂ္ဂလိက အာကာသကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာကာသနည်းပညာနှင့် လှိုင်းနှုန်းစဉ်နေရာဦးရန် ရည်ရွယ်ခြင်းဖြစ်သည်။ 

အကယ်၍ ဤစီမံကိန်း အောင်မြင်ပါက တရုတ်၏ ဂြိုဟ်တုအရေအတွက်သည် လက်ရှိကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုဟ်တုအရေအတွက်ထက် ၁၀ ဆခန့် များပြားလာမည်ဖြစ်သည်။ 

တရုတ် ဂြိုလ်တုများက အမေရိကန်မှ အီလွန်မာ့စ်၏ SpaceX ထက်ပင် ကျော်လွန်သွားမည်ဖြစ်သည်။

ဤသည်မှာ တရုတ်နိုင်ငံ၏ ရေရှည်အာကာသ မဟာဗျူဟာဖြစ်ပြီး ပြင်ဆင်မှုလုပ်ငန်းစဉ်များမှာ ၂ နှစ်မှ ၇ နှစ်အထိ ကြာမြင့်နိုင်သည်ဟု ဆိုသည်။