စစ်ပွဲအတွင်း အီရန်က တရုတ်သို့ ရေနံများ ဆက်လက် တင်ပို့နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်။
ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်ပို့မှုလမ်းကြောင်းများ ပြတ်တောက်နေသော်လည်း အီရန်နိုင်ငံသည် ၎င်း၏ အဓိကဝယ်လက်ဖြစ်သော တရုတ်နိုင်ငံသို့ ရေနံစည်ပေါင်း ၁၁.၇ သန်းကျော်ကို ဆက်လက်တင်ပို့နေကြောင်း ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။
အီရန်၏ တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် ရေနံတင်သင်္ဘောအများစုမှာ တည်နေရာပြစနစ် (Tracking Systems) များကို ပိတ်ထားကြသော်လည်း ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါသင်္ဘောများသည် တရုတ်နိုင်ငံသို့ ဦးတည်မောင်းနှင်နေခြင်း ဖြစ်သည်။
လက်ရှိ တင်ပို့မှုပမာဏမှာ စစ်ပွဲမတိုင်မီကထက် ထက်ဝက်ခန့် လျော့ကျသွားသော်လည်း တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်အခက်အခဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဇန်နဝါရီလအထိ ရေနံစည်ပေါင်း ၁.၂ ဘီလီယံခန့် သိုလှောင်ထားပြီးဖြစ်သည်။
၎င်းပမာဏမှာ တရုတ်နိုင်ငံအတွက် ၃ လမှ ၄ လစာအထိ လုံလောက်စွာ သုံးစွဲနိုင်မည် ဖြစ်သည်။