နိုင်ငံအချို့က အမေရိကန်ကို ဗီဇာ ပြန်ပိတ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက နိုင်ငံပေါင်း ၃၉ နိုင်ငံအပေါ် ခရီးသွားလာခွင့် ကန့်သတ်လိုက်ပြီးနောက် အာဖရိကနှင့် အာရှနိုင်ငံအချို့က အမေရိကန်နိုင်ငံသားများအပေါ် ဗီဇာကန့်သတ်မှုများဖြင့် အပြန်အလှန် တုံ့ပြန်လာကြသည်။ 

အာဖရိကနိုင်ငံများဖြစ်သော မာလီ၊ ချဒ်၊ နိုင်ဂျာနှင့် ဘာကီးနားဖားဆို တို့သည် အမေရိကန်နိုင်ငံသားများအား ဗီဇာထုတ်ပေးမှုကို လုံးဝရပ်ဆိုင်းလိုက်ပြီး အပြန်အလှန်မူဝါဒ (Reciprocal Move) ကို ကျင့်သုံးလိုက်ကြသည်။

အလားတူ ပါကစ္စတန်နိုင်ငံသည်လည်း ယခင်က အမေရိကန်နိုင်ငံသားများ ရရှိခဲ့သည့် အခမဲ့ ဆိုက်ရောက်ဗီဇာစနစ်ကို ဖျက်သိမ်းလိုက်ပြီး ဗီဇာကြေး ဒေါ်လာ ၆၀ ပေးဆောင်ရန်နှင့် စိစစ်ချိန် ၇ ရက်အထိ စောင့်ဆိုင်းရန် သတ်မှတ်လိုက်သည်။ 

အမေရိကန်သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၉ နိုင်ငံအား ဗီဇာပိတ်ခဲ့ပြီး၊ ၂၀၂၆ ဇန်နဝါရီတွင် ရွှေ့ပြောင်းအခြေချဗီဇာ ရပ်ဆိုင်းမည့် နိုင်ငံ ၇၅ နိုင်ငံကို ထပ်မံကြေညာခဲ့သည်။  

အမေရိကန်က ဗီဇာပိတ်ပင်ထားသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။