ရုရှားနှင့် မြန်မာစစ်ကော်််််မရှင်ရှငရှရအကြား ၅ နှစ်သက်တမ်းရှိ စစ်ရေးစာချုပ် ချုပ်ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
ရုရှားနိုင်ငံနှင့် မြန်မာစစ်ကော်််််မရှင်တို့အကြား ၂၀၃၀ ပြည့်နှစ်အထိ အကျုံးဝင်မည့် ၅ နှစ်သက်တမ်းရှိ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရွှိုင်ဂူ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဤစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘောတူညီချက်အရ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအား စစ်ရေးဘက်တွင်သာမက နိုင်ငံတကာမျက်နှာစာ၌ စစ်ကော််််််မရှင်ဘက်မှ ရပ်တည်ပေးရန်အပါအဝင် ဘက်စုံကူညီမှုများ ပေးအပ်သွားမည်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုများတွင် ထောက်လှမ်းရေး၊ လုံခြုံရေး၊ ဆိုက်ဘာတိုက်ခိုက်မှု ကာကွယ်ရေးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတို့ ပါဝင်သည်။
ထို့အပြင် နျူကလီးယားနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ သင်တန်းများ ပေးအပ်ခြင်းနှင့် ရုရှား၏ ဂြိုဟ်တုနည်းပညာများကို အသုံးပြုနိုင်ရေးအတွက်လည်း အပြန်အလှန် သဘောတူညီခဲ့ကြသည်။