တရုတ်က အီရန်ကို ဖျက်သင်္ဘောတွေနဲ့ ထောက်ကူထားပေးပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။ 

အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLAN) သည် ကမ္ဘာ့အစွမ်းထက်ဆုံးဟု သတ်မှတ်ထားသော ‘Type 055’ အဆင့်မြင့်ဖျက်သင်္ဘောကြီးကို အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းသို့ စေလွှတ်၍ တပ်ဖြန့်လိုက်ကြောင်း စစ်ရေးစောင့်ကြည့်ရေးမဂ္ဂဇင်း (Military Watch Magazine) က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ယင်းစစ်သင်္ဘောအုပ်စုတွင် ‘Type 052D’ ဖျက်သင်္ဘောနှင့် ‘Liaowang-1’ အာကာသခြေရာခံ ထောက်လှမ်းရေးသင်္ဘောကြီးတို့လည်း ပါဝင်သည်။ 

တရုတ်နိုင်ငံ၏ ဤခြေလှမ်းသည် အနောက်အုပ်စု ရေတပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်နှင့် ရရှိလာသော ထောက်လှမ်းရေးသတင်းများကို အီရန်ဘက်သို့ လက်ဆင့်ကမ်းပေးရန် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ 

အကယ်၍ ထိုသို့ သတင်းပေးပို့မှုများ အတည်ဖြစ်ခဲ့ပါက အနောက်အုပ်စု၏ “အငိုက်ဖမ်းတိုက်ခိုက်မှု” ဗျူဟာကို ပျက်ပြားစေမည့်အပြင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းစနစ်များအတွက် အလွန်အရေးပါသော ပစ်မှတ်ခြေရာခံ အချက်အလက်များကို ရရှိသွားစေမည် ဖြစ်သည်။