နစ်မြုပ်သွားသည့် ရုရှားကုန်တင်သင်္ဘော နျူကလီးယား ဓါတ်ပေါင်းဖို သယ်ဆောင်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်။
စပိန်နိုင်ငံ၊ ကာတာဂျီးနား (Cartagena) ကမ်းလွန်တွင် ပဟေဠိဆန်စွာ နစ်မြုပ်သွားခဲ့သည့် ရုရှားကုန်တင်သင်္ဘော “Ursa Major” သည် မြောက်ကိုရီးယားသို့ နျူကလီးယားရေငုပ်သင်္ဘော နည်းပညာများ သယ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း CNN သတင်းဌာန၏ စုံစမ်းဖော်ထုတ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နစ်မြုပ်သွားခဲ့သော ၎င်းသင်္ဘောသည် ရေငုပ်သင်္ဘောသုံး နျူကလီးယားဓာတ်ပေါင်းဖို နှစ်လုံးကို တင်ဆောင်လာခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ ရာဆန် (Rason) ဆိပ်ကမ်းသို့ ဦးတည်နေခြင်းဖြစ်ကြောင်း သင်္ဘောကပ္ပတိန်က ဝန်ခံခဲ့သည်။
ဤဖြစ်စဉ်သည် ရုရှားက ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားစစ်သားများကို အလဲအလှယ်အဖြစ် နျူကလီးယားနည်းပညာ ပံ့ပိုးပေးခြင်းဖြစ်နိုင်ကြောင်း သံသယများ ထွက်ပေါ်နေသည်။
အဆိုပါသင်္ဘောသည် ရှားပါးသည့် တော်ပီဒိုတစ်မျိုးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ပြီး၊ အနောက်အုပ်စုက နည်းပညာလွှဲပြောင်းမှုကို ကြားဖြတ်ဟန့်တားခဲ့ခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးမှုများက ညွှန်းဆိုနေသည်။