AA က စစ်တွေခရိုင်အတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါထိန်းချုပ်ရေး ကွင်းဆင်းကုသ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

ရခိုင်ပြည်၊ စစ်တွေခရိုင်အတွင်း အဖျားရောဂါ အဖြစ်များနေသည့် ကျေးရွာ ၃ ရွာနှင့် စစ်ဘေးရှောင်စခန်း ၂ ခုတို့မှ ပြည်သူ ၆၀၀ နီးပါးကို အာရက္ခတပ်တော် (AA) ၏ ကျန်းမာရေးအဖွဲ့က ကွင်းဆင်း၍ ကျန်းမာရေး စစ်ဆေး ကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်တွေခရိုင်အတွင်း အဖျားရောဂါ အဖြစ်များနေသည့် အဆိုပါ ကျေးရွာများနှင့် စစ်ရှောင်စခန်းများမှ ပြည်သူ ၅၉၀ ကျော်ကို ဩဂုတ်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် အခမဲ့ ဆေးကုသပေးခဲ့ ခြင်း ဖြစ်သည်။

AA နှင့် နီးစပ်သည့် ဆရာဝန်တစ်ဦးက ှက်ဖျားနဲ့ သွေးလွန်တုတ်ကွေးကို တတ်နိုင်သလောက် ထိန်နေတာပါ။ စစ်တွေခရိုင်က ရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို ကွင်းဆင်းခဲ့တယ် နေရာအတိအကျ ပြောလို့ အဆင်မပြေလို့ ပါ။ ကျနော်တို့ ကျန်းမာရေး အသိပေးတာပါ လုပ်ခဲ့ပါတယ် ဟု ပြောသည်။

ထိုသို့ ကွင်းဆင်း ဆေးကုသပေးရာတွင် ဆေးဝါး ကုသပေးခြင်းအပြင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ကာကွယ် ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ပေးခဲ့ပြီး ယခုကဲ့သို့ အခမဲ့ ဆေးကုသပေးမှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိ ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားမှုများကြောင့် ဆေးဝါးနှင့် ကျန်းမာ ရေး ထောက်ပံ့ပစ္စည်းများ ပြတ်လပ်နေချိန်တွင် မိုးရာသီ ကာလအတွင်း ကျေးရွာများနှင့် စစ်ဘေးရှောင် စခန်းများ၌ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ကူးစက်ရောဂါများ ပိုမိုအဖြစ်များလာနေခြင်း ဖြစ်သည်။

အခမဲ့ ဆေးကုသမှုနေသည့် အပေါ် ရခိုင်ဒေသခံ လူငယ်တစ်ဦးက အခုလို လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ပြီး ဆေးဝါးဝယ်ဖို့ ခက်ခဲနေတဲ့အချိန်မှာ ရောဂါတွေဖြစ်တော့ တော်တော်လေး ဒုက္ခရောက်ကြရတာပါ။ အခုလို ကျန်းမာရေးအဖွဲ့တွေ ကိုယ်တိုင် ရွာအထိ ဆေးလာကုပေးကြတဲ့အတွက် ဆေးဖိုးဝယ်ယူဖို့ အခက်အခဲရှိနေတဲ့ မိသားစုတွေနဲ့ စစ်ဘေးရှောင်တွေအတွက် အများကြီး အထောက်အကူဖြစ်တာပေါ့။ ရခိုင်က နေရာဒေသတိုင်း ကို သွားဖို့လိုပါတယ်။ အားလုံးက လိုအပ်နေတာပါ ဟု ပြောသည်။

စစ်တွေခရိုင်အပြင် ရခိုင်ပြည်အတွင်းရှိ အခြားခရိုင်များမှ မြို့နယ်၊ ကျေးရွာများတွင်လည်း ဒေသခံ ပြည်သူများ ကို အခမဲ့ ဆက်လက်ကုသပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အဖျားရောဂါများ သာမက မျက်စိခွဲစိတ် ကုသခြင်း၊ သွားရောဂါ ဝေဒနာရှင်များအား ကုသပေးခြင်း၊ ကာ ကွယ်ဆေးထိုးပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ရောဂါကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းများနှင့် အထွေထွေ ရောဂါဝေဒနာရှင်များကိုပါ အခြေခံ ဆေးကုသမှုများ အပြည့်အဝ လုပ်ဆောင် ပေးလျက်ရှိသည်။

ဓာတ်ပုံ – (AA Info Desk / AA ကျန်းမာရေးအဖွဲ့က စစ်တွေခရိုင်အတွင်းရှိ ဒေသခံ ပြည်သူများနှင့် စစ်ဘေး ရှောင်များအား အခမဲ့ ကွင်းဆင်း ဆေးကုသပေးနေစဉ်။)