ဂေးဘားကို ဝင်ရောက်ဖမ်းဆီးမှုကြောင့် ထိုင်ဝမ်တွင် LGBTQ+ များ ဆန္ဒပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့ရှိ နာမည်ကျော် LGBTQ+ ဘားတစ်ခုဖြစ်သည့် “Commander D” ကို ရဲတပ်ဖွဲ့က တရားရုံး ရှာဖွေဝရမ်းဖြင့် ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ပိုင်ရှင်နှင့် လာရောက်အပန်းဖြေသူ ၅၁ ဦးကို ခေတ္တထိန်းသိမ်း စစ်ဆေးခဲ့သည့်အပေါ် LGBTQi+ အသိုင်းအဝိုင်းဝင် ၁၀၀ နီးပါးက ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ပြည်သူ့ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှု အတိုင်ခံရခြင်းကြောင့် စစ်ဆေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အရှေ့အာရှတွင် အကြီးမားဆုံးဖြစ်သည့် ထိုင်ပေ ပရိုဒ် (Taipei Pride) ပွဲတော် မကျင်းပမီ ရက်ပိုင်းအလိုတွင် ယခုစီးနင်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်သည် ၂၀၁၉ ခုနှစ်တွင် အာရှ၌ လိင်တူလက်ထပ်ခွင့်ကို ပထမဆုံး တရားဝင် ခွင့်ပြုခဲ့သော နယ်မြေဖြစ်သည်။