Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

ကချင်ပြည်နယ် မိုင်ဂျာယန်တွင်ကျင်းပမည့် မျက်နှာစုံညီအစည်းအဝေးအတွက် ပြင်ဆင်ရေးကော်မတီ တွေ့ဆုံဆွေးနွေး

  • July 13, 2016
တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( မြန်မာဘာသာ ) ၁၀ – ၀၇ -၂၀၁၆။
မိုင်ဂျာယန်တွင် ဖက်ဒရယ်အခြေခံ မူသဘောထားများ တင်သွင်းမည်

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့်အတွက် ကုန်သွယ်ရေးစစ်ပွဲများ မဆင်နွှဲသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု အလွန်အမင်း များပြားနေခြင်းနှင့် ငွေကြေးတန်ဖိုး လျှော့ချထားခြင်းတို့ကြောင့် ကုန်သွယ်ရေး မညီမျှမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံး၏ မူဝါဒရေးရာ စိုးရိမ်မှုများကို တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာသင့်ကြောင်းနှင့် ဂျာမနီအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုကို ကာကွယ်ပြီး ကာကွယ်ရေးဝါဒကို ငြင်းပယ်ရာတွင် ဥရောပသမဂ္ဂအတွင်း ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုသည် အားလုံးအတွက် အကျိုးရှိကြောင်း သဘောတူညီခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံရေးသည် တရားမျှတသည့် စည်းမျဉ်းများ၊ တန်းတူညီမျှမှုများအပေါ် အခြေခံရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ #EU #တရုတ် #ကုန်သွယ်ရေးစစ်ပွဲ
    ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား — September 23, 2026 1:50 pm
  • အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အီရန်နှင့် ဖြစ်ပွားနေသည့် ၇ လကြာ စစ်ပွဲအတွင်း ပျက်စီးသွားခဲ့သော အရှေ့အလယ်ပိုင်းဒေသရှိ စွမ်းအင် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်နှင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန် ရန်ပုံငွေ စီမံကိန်းတစ်ခုကို အမေရိကန် အစိုးရအဖွဲ့က အဆိုပြုလိုက်သည်။ ဝေါစထရိဂျာနယ် (The Wall Street Journal) သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါ "PACT" စီမံကိန်းအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၅ ဘီလီယံ ထည့်ဝင်မည်ဖြစ်သည်။ ကျန် ဒေါ်လာ ၅ ဘီလီယံကို ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ အီရတ်နှင့် ဂျော်ဒန် စသည့် ဒေသတွင်း မဟာမိတ် ၈ နိုင်ငံမှ ပူးပေါင်းထည့်ဝင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းသည် စစ်ပွဲကြောင့် ပျက်စီးခဲ့သည့် ရေနံပိုက်လိုင်းများ၊ ရေနံသန့်စင်စက်ရုံများနှင့် ပို့ကုန်ဆိပ်ကမ်းများကို ပြန်လည်တည်ဆောက်ရန်ဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားကို မဖြတ်သန်းရဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့နိုင်မည့် အစားထိုး လမ်းကြောင်းသစ်များကို ဖော်ထုတ်ရန် ရည်ရွယ်သည်။ သို့သော် ဒေသတွင်း အာဏာပိုင်အချို့ကမူ စစ်ပွဲ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိသေးမီ အချိန်တွင် စွမ်းအင်စက်ရုံများကို ပြန်လည်တည်ဆောက်ပါက အီရန်၏ တိုက်ခိုက်မှုများ ထပ်မံကြုံတွေ့ရနိုင်သဖြင့် ယခု စီမံကိန်းမှာ စောလွန်းသေးကြောင်း သတိပေးထားသည်။ #Trump
    အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု — September 23, 2026 1:47 pm
  • သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အိမ်ဖြူတော်က မီဒီယာအချို့၏ သတင်းရယူခွင့်ကို ပိတ်ပင်လိုက်သည့်အပေါ် မကျေနပ်သည့်အတွက် အမေရိကန် ပင်မ ရုပ်သံကွန်ရက်ကြီးများ ပူးပေါင်း၍ သမ္မတ ဒေါ်နယ်ထရန့်၏ သတင်းရိုက်ကူး တင်ဆက်မှုများကို ရပ်ဆိုင်းကာ ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာ ၂၁ ရက်တွင် သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာန ၃ ခုအား အိမ်ဖြူတော်အတွင်း သတင်းရယူခွင့် ပိတ်ပင်ခဲ့သည်။ အဆိုပါ အရေးယူမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ABC၊ CBS၊ CNN၊ Fox နှင့် NBC တို့ပါဝင်သော အမေရိကန် ထိပ်သီး ရုပ်သံလိုင်း ၅ ခုသည် သမ္မတ၏ သတင်းများကို စုပေါင်းရိုက်ကူးပေးသည့် (Pool Coverage) လုပ်ငန်းစဉ်များကို အတူတကွ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြမှုကြောင့် နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် သမ္မတထရန့်၏ ခရီးစဉ်တစ်ခုလုံးအား သတင်းမီဒီယာများမှ ရုပ်သံသတင်း ရိုက်ကူးတင်ဆက်နိုင်ခဲ့ခြင်း မရှိပေ။ တစ်ချိန်တည်းတွင် သတင်းရယူခွင့် ပိတ်ပင်ခံရသည့် သတင်းဌာနများက အဆိုပါ အမိန့်အား ချက်ချင်းရုပ်သိမ်းပေးရန် တရားရုံး၌ တရားစွဲဆိုထားသည်။ ယခု ပိတ်ပင်မှုသည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကို ကာကွယ်ပေးထားသည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက် (First Amendment) ကို တိုက်ရိုက် ချိုးဖောက်နေခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ သို့သော် သမ္မတ ဒေါ်နယ်ထရန့်က သတင်းမီဒီယာများသည် "ကင်ဆာရောဂါ" သဖွယ်ဖြစ်နေပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း အဆိုပါ မီဒီယာများသည် လက်ဝဲယိမ်း ဝါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ #သမ္မတဒေါ်နယ်ထရန့် #ABC #CBS #CNN #Fox #NBC
    သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက် — September 23, 2026 1:29 pm

Recent Posts

  • ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး သေဆုံးသူ မြင့်တက်လာ
  • စစ်ကိုင်း၊ ရှမ်းနှင့် ကချင်တွင် စစ်အုပ်စုက လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ
  • မောင်တော ဟိန္ဒူဘုရားကျောင်းအနီး စစ်တပ် ထောင်ထားသည့် မိုင်းများကို AA ရှင်းလင်း
  • ကရင်နီတွင် စစ်တပ်က အရပ်သားများကို ဒရုန်းဖြင့် ပစ်မှတ်ထား
  • ပုဏ္ဏားကျွန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၂ ဦး သေဆုံး

Archives

Related Posts

ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး သေဆုံးသူ မြင့်တက်လာ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ ရခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲများ ပြင်းထန် လျက်ရှိပြီး စစ်အုပ်စုတပ်ဘက်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေခြင်း တို့ကြောင့် ဒေသခံ အမျိုးသမီးများ ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်တက်လာနေကြောင်း ဒေသခံများနှင့် ပရဟိတဆောင်ရွက်နေသူများက ပြောသည်။ လက်ရှိတွင် ရခိုင်ပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နယ်များအပြင် နယ်စပ်ဒေသ ၄ နေရာထက်မက၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုတပ်ဘက်မှ စစ်ရေးအရ အရေးနိမ့်လာချိန်တွင် အရပ်သားများ လှုပ်ရှား သွားလာသည့် နေရာများနှင့် ကျေးရွာများကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲနေသည်ဟု ဆိုသည်။ ပရဟိတဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက “ဩဂုတ်လနဲ့ စက်တင်ဘာလမှာ ရခိုင်ကို ဗုံးကြဲတာ ပိုများလာ တယ်။ ရခိုင်တောင်ပိုင်း ဂွ၊ သံတွဲ၊ တောင်ကုတ်အပြင် မြောက်ပိုင်းက မြို့တွေမှာလည်း အမျိုးသမီး သေဆုံးတာ တွေ များတယ်။ သံတွဲ ကျောက်ကြီးက ဘုန်းကြီးကျောင်းနားကို စစ်တပ် ဗုံးကြဲတာမှာ သေဆုံးတာ အမျိုးသမီး တွေ ပိုများတယ်။ အခု ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ နယ်စပ် အပါအဝင် ရခိုင်တစ်ပြည်လုံးကို ကြဲနေ တာပါ” ဟု လက်ရှိ မြေပြင်အခြေအနေကို ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ ဘုန်းကြီးကျောင်း အနီးပတ်ဝန်း ကျင်သို့ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၁၁ ဦး အပါအဝင် ဒေသခံ ၁၆ ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက် အရ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၂ ရက်အထိ သုံးလနီးပါး ကာလအတွင်း နိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်ကြောင့် အမျိုးသမီး စုစုပေါင်း ၈၉ ဦး သေဆုံးခဲ့ရာတွင် ရခိုင်ပြည်မှ အယောက် ၃၀ ပါဝင်သဖြင့် အမျိုးသမီး သေဆုံးမှု အများဆုံး ဒေသဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ AAPP ၏ စာရင်းများအရ အဆိုပါ သုံးလတာအတွင်း သေဆုံးခဲ့ရသည့် အမျိုးသမီး ၈၉ ဦးအနက် ၇၆ ဦးမှာ လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေး ၁၂ ဦး ပါဝင်သည် ဟု ဆိုသည်။ AAPP က “သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၇၆) ဦးမှာ လေကြောင်းဖြင့် တိုက်ခိုက်မှု ကြောင့် အများဆုံး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ရခိုင်ပြည်နယ်၌ (၃၀) ဦးဖြင့် အများဆုံး သေဆုံးခဲ့သည်” ဟု သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့အထိ စစ်အုပ်စု တပ်နှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ပြည်သူ စုစုပေါင်း ၈,၄၁၈ ဦး ရှိပြီဖြစ်ကြောင်းလည်း AAPP ၏ စာရင်းများတွင် ဖော်ပြထားသည်။ ဓါတ်ပုံ - (စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပလက်ဝ၊ စိမ်းညှင်းဝကျေးရွာမှ မူလတန်းကျောင်းသားနှင့် ဒေသခံများ။ / AA) #ရခိုင်ပြည်နယ် #AA #စစ်အုပ်စု

ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး သေဆုံးသူ မြင့်တက်လာ

  • September 23, 2026

ကရင်နီတွင် စစ်တပ်က အရပ်သားများကို ဒရုန်းဖြင့် ပစ်မှတ်ထား

  • September 23, 2026

ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား

  • September 23, 2026
စစ်ကိုင်း၊ ရှမ်းနှင့် ကချင်တွင် စစ်အုပ်စုက လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ စစ်ကိုင်းတိုင်း အင်းတော်မြို့နှင့် ရှမ်းပြည် မဘိမ်းမြို့တို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို KIO ထိန်းချုပ်နယ်မြေများ၌လည်း လေကြောင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထား သည်။ စက်တင်ဘာလ ၂၃ ရက် ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းတော်မြို့နယ်ထဲက နေရာ အချို့နှင့် ကျေးရွာများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ရှမ်းပြည် မြောက်ပိုင်း မဘိမ်းမြို့နယ်အတွင်းသို့လည်း စက်တင်ဘာလ ၂၂ ရက်နေ့က ဗုံးအလုံးရေ ၄၀ ခန့် ကြဲချခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ “မနေ့ကလည်း အလုံး ၄၀ ကျော်လောက် လာကြဲသွားတာ။ ဒီနေ့မနက်မှာလည်း လေယာဉ်သံတွေကြားရပြီး ထပ်ကြဲသွားတယ်။ အိမ်ထဲက ဗုံးခိုကျင်းထဲမှာပဲ ပုန်းနေရတော့ အပြင်မှာ ထိခိုက်ပျက်စီးမှု အခြေအနေ ဘယ် လောက်ရှိလဲဆိုတာ သေချာ မသိရသေးဘူး” ဟု လက်ရှိအခြေအနေကို ပြောသည်။ စစ်အုပ်စုတပ်သည် စစ်ရေးအရ အထိနာရှုံးနိမ့်ချိန်တိုင်း အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဦးတည် တိုက် ခိုက်လေ့ရှိသဖြင့် ဖားကန့်၊ မိုင်ဂျာယန်၊ လိုင်ဇာနှင့် လွယ်ဂျယ် စသည့် KIO ထိန်းချုပ်နယ်မြေများတွင် ပြည်သူ များ ဗုံးခိုကျင်းများ ပြုလုပ်ထားကြရန်နှင့် ညအချိန် မီးမထွန်းကြရန် ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များက ညွှန်ကြားထားသည်။ ဖားကန့်ဒေသရှိ KIO အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက “ဆိုင်းတောင်နဲ့ ယူမာဘက်တကြောမှာ ပြည်သူတွေကို ညအချိန် မီးမထွန်းကြဖို့နဲ့ ဗုံးခိုကျင်းတွေထဲမှာပဲ အိပ်ကြဖို့ သတိပေးထားတယ်။ အထူးသဖြင့် မိုးကုန် ပွင့်လင်း ရာသီကူးတော့မှာဆိုတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် ပိုဆိုးလာမှာ ကို ပြည်သူတွေရော အားလုံးက စိုးရိမ်နေကြတာပါ။ မနေ့ညကလည်း သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားလိုက်ရသေးတယ်” ဟု ပြောသည်။ ဗန်းမော်နှင့် နန့်ဖားကျေးရွာဘက်တွင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးလာသဖြင့် စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် KIO/KIA တပ်များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိုင်ဂျာယန်မြို့ပေါ်သို့လည်း စစ်တပ်၏ လေယာဉ်များ ဝဲပျံခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့ကြောင့် လက်ရှိတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မိုင်ဂျာယန်မြို့ရှိ ကျောင်းများကို လုံခြုံရေးအရ ပိတ်ထားလိုက်ပြီဟု လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် PDF ပူးပေါင်းတပ်များ၏ ပြန်လည်ထိုးစစ်ကြောင့် စစ်အုပ်စုတပ်များ ဆုတ်ခွာခဲ့ရသည်။ ထို့ပြင် ဧရာဝတီ မြစ်ကြောင်းအတိုင်း တက်လာသည့် စစ်အုပ်စု စစ်သင်္ဘောများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည့် မိုးမောက်၊ ရွှေကူနှင့် ဗန်းမော်ဒေသတို့တွင်လည်း စစ်အုပ်စုတပ်က ရွာများကို ပစ်မှတ်ထား၍ လေကြောင်းမှ အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်အချို့က ပြောသည်။ #အင်းတော်မြို့ #မဘိမ်းမြို့

စစ်ကိုင်း၊ ရှမ်းနှင့် ကချင်တွင် စစ်အုပ်စုက လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ

  • September 23, 2026

ပုဏ္ဏားကျွန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၂ ဦး သေဆုံး

  • September 23, 2026

အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု

  • September 23, 2026
မောင်တော ဟိန္ဒူဘုရားကျောင်းအနီး စစ်တပ် ထောင်ထားသည့် မိုင်းများကို AA ရှင်းလင်း သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ဟိန္ဒူဘုရားကျောင်းဝန်းအတွင်း စစ်အုပ်စုတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း များကို အာရက္ခတပ်တော် (AA) က ရှာဖွေရှင်းလင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ မောင်တောမြို့နယ်တောင်ပိုင်း၊ ကျောက်ပန္ဒူကမ်းခြေအနီးရှိ ဟိန္ဒူဘာသာဝင်များ ကိုးကွယ်သည့် “မဟာရာမယ ဏ ဟရိနာမ ရာမ” ဟိန္ဒူဘုရားကျောင်း ကွင်းပြင်နှင့် အနီးဝန်းကျင်တွင် စစ်အုပ်စုတပ် ထောင်ထားခဲ့သည့် M-14 မြေမြှုပ်မိုင်း ၄ လုံးကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် AA မိုင်းရှင်းလင်းရေး တပ်ဖွဲ့က ရှာဖွေတွေ့ရှိ၍ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဘုရားကျောင်း အဝင်အထွက် လမ်းကြောင်းများ၌ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက် လက် ဆောင်ရွက်လျက် ရှိသည်။ ဒေသခံ ရခိုင်ပြည်မြောက်ပိုင်း အာရက္ခတပ်တော်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “မောင်တောမှာ စစ်တပ် ထောင်ထားခဲ့တဲ့ မိုင်းတွေကို လူမျိုးဘာသာမရွေး နေထိုင်တဲ့ နေရာတွေမှာ ရှင်းလင်းနေတာ။ အခုနှစ်ပိုင်းတွေမှာ ပိုပြီး လုပ်လာတယ်။ မွတ်ဆလင်ရွာတွေ ဟိန္ဒူရွာတွေကလည်း တောင်းဆိုတာတွေ ရှိတယ်။ မောင်တောက စစ်တပ် တပ်စွဲခဲ့တဲ့ နေရာတွေကို အဓိက ရှင်းတယ်။ လမ်းမကြီးတွေ၊ ကျေးရွာတွေကိုလည်း မိုင်းရှင်းလင်း ပေးနေတယ်” ဟု ပြောသည်။ မောင်တောမြို့နယ်အတွင်း စစ်အုပ်စုတပ် စခန်းချ တပ်စွဲခဲ့သည့် နေရာများ၌ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲ သေးသည့် စစ်လက်နက်ပစ္စည်းများ ကျန်ရှိနေဆဲဖြစ်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လ တာကာလအတွင်း AA မိုင်းရှင်းလင်းရေးတပ်ဖွဲ့က မိုင်းစုစုပေါင်း ၁၁၉ လုံးအထိ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။ တပ်စခန်းဟောင်းများ၊ ဘာသာရေးကျောင်းများ၊ လမ်းပိုင်းများ၊ တောင်တန်း၊ စိုက်ပျိုးရေး ဧရိယာများနှင့် လူသွားနည်းသည့် လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက်နေသော်လည်း မိုင်းအန္တရာယ် ကျန်ရှိ နေသေးသဖြင့် သွားလာရေး အထူးသတိပြုကြရန် ဒေသခံများကို အသိပေးထားသည်။ ထို့ပြင် AA ထိန်းချုပ်ရာ ဒေသများ၌ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အန္တရာယ်ရှိနိုင်သည့် နေရာများ၌ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကိုလည်း ပြုလုပ်လျက် ရှိသည်။ #မောင်တောမြို့နယ်

မောင်တော ဟိန္ဒူဘုရားကျောင်းအနီး စစ်တပ် ထောင်ထားသည့် မိုင်းများကို AA ရှင်းလင်း

  • September 23, 2026

မကွေး – ရခိုင်အစပ်တိုက်ပွဲ စစ်တပ်က တပ်ရင်းမှူး ၂ ဦး သေဆုံး

  • September 23, 2026

သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက်

  • September 23, 2026
×Close