သတင်းနှင့်မီဒီယာ ကွန်ယက်။
ဧပြီလ ၃၀ ရက်။ ၂၀၁၆ ခုနှစ်။

အစိုးရနှင့် NCA ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ရဲ့ အင်အားကြီးအဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်များသည် ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံဆွေးနွေးနေသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့နှစ်ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နေကြသည့် ကိုယ်စားလှယ်များ တွေ့ဆုံနေခြင်းဖြစ်သည်။

သုံးရက်ကြာကျင်းပမည့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး ဆက်လက်အကောင်အထည် ဖော်နိုင်ရန် ရှေ့လုပ်ငန်းစဉ်များ အပါအဝင် ဖက်ဒရယ်ရေးရာကိစ္စ၊ ပင်လုံညီလာခံ ကိစ္စ တွေကို နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့ထိပ်သီးအစည်းအဝေးတွင် KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး နှင့် RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် တို့ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO-PPST အဖွဲ့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးရန် ဖွဲ့စည်းခဲ့သည်။