Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

Kachin National Organization (KNO) ထုတ်ပြန်ကြေညာချက် ။

  • June 8, 2016
တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( ကချင်ဘာသာ ) ၀၅ – ၀၆ -၂၀၁၆။
တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံဆိုင်ရာညှိနှိုင်းစည်းဝေး

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ဂျာမနီ ကောင်စစ်ဝန်ရုံးကို ရုရှား မောင်းထုတ် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် တည်ရှိသည့် ဂျာမန် ကောင်စစ်ဝန်ချုပ်ရုံးကို လာမည့် စက်တင်ဘာလ ၁၈ ရက်နေ့ထက် နောက်မကျစေဘဲ ပိတ်သိမ်းရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်သည်။ ထို့ပြင် ရုရှားနိုင်ငံအတွင်း စိုက်ထူထားသည့် ဂျာမန်ဘာသာစကားနှင့် ယဉ်ကျေးမှု ပြန့်ပွားရေး အဖွဲ့အစည်း၏ ဗဟိုဌာနခွဲ အားလုံးကိုလည်း ပိတ်သိမ်းရန်နှင့် ဝန်ထမ်းများအနေဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ရုရှားဘက်က သတိပေးထားသည်။ ယခု လုပ်ဆောင်ချက်သည် ဘုန်းမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးနှင့် ဘာလင်မြို့ရှိ ရုရှားယဉ်ကျေးမှုဗဟိုဌာနတို့ကို ပိတ်သိမ်းရန် ဂျာမနီဘက်က အစောပိုင်းတွင် ဆုံးဖြတ်ခဲ့မှုအပေါ် ရုရှားက တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံ၊ လိုက်ပ်ဇစ် (Leipzig) လေဆိပ်တွင် ပြုလုပ်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှု ကြိုးပမ်းမှုနောက်ကွယ်၌ ရုရှားနိုင်ငံ ပါဝင်နေသည်ဟု ဂျာမနီဘက်က စွပ်စွဲခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ပဋိပက္ခများ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းလေဆိပ်သည် ယူကရိန်းနိုင်ငံသို့ အကူအညီများ ပေးပို့ရာတွင် အဓိက အသုံးပြုနေသည့် အရေးပါသော လေကြောင်းကွန်လိုင်းတစ်ခု ဖြစ်သည်။ ဥရောပသမဂ္ဂ (EU) ကလည်း အဆိုပါဖြစ်စဉ်သည် ရုရှားက နောက်ကွယ်မှ ကူညီပေးခဲ့သည့် အကြမ်းဖက်မှုဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။ သ သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီးကမူ ဂျာမနီ၏ စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ယင်းစွပ်စွဲချက်များသည် စစ်ပွဲတစ်ခု စတင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ #ဂျာမနီ
    ဂျာမနီ ကောင်စစ်ဝန်ရုံးကို ရုရှား မောင်းထုတ် — September 8, 2026 6:32 pm
  • ရုပ်ရှင် လုပ်ငန်း ကျဆုံးမသွားစေရန် ပြင်သစ်နှင့် တောင်ကိုရီးယား ပူးပေါင်းကြိုးပမ်းမည် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။ ပြင်သစ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကမ္ဘာ့ရုပ်ရှင်နှင့် ရုပ်သံဖျော်ဖြေရေးကဏ္ဍ မြှင့်တင်ရန်အတွက် ယူရို ၁ ဘီလီယံ ပူးတွဲရင်းနှီးမြှုပ်နှံမည့် ၅ နှစ်တာ စီမံကိန်းကြီးကို ပူးတွဲ ထုတ်ပြန်လိုက်သည်။ ပြင်သစ်သမ္မတ အီမန်နူအဲလ် မက်ခရွန် နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်း တို့သည် ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ကျင်းပခဲ့သည့် လူမီယာ (Lumière) ထိပ်သီးအစည်းအဝေး၌ ယခုကဲ့သို့ ကြေညာခဲ့ကြခြင်းဖြစ်သည်။ နှစ်နိုင်ငံလုံးက ယူရို သန်း ၅၀၀ စီ အချိုးကျ ထည့်ဝင်ကာ ၂၀၂၇ မှ ၂၀၃၁ အထိ ရန်ပုံငွေများ စတင်မတည်ပေးသွားမည်ဖြစ်သည်။ အဆိုပါ ရန်ပုံငွေများကို နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများ၊ နည်းပညာ သုတေသန လုပ်ငန်းများနှင့် ရုပ်ရှင်ပူးတွဲ ထုတ်လုပ်မှုများတွင် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်း ကလည်း တောင်ကိုရီးယားအနေဖြင့် ယခင် အောင်မြင်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ ဘာသာစကား အတားအဆီးများကို ကျော်လွန်နိုင်မည့် ကမ္ဘာ့အဆင့်မီ ရုပ်ရှင်များကို ပိုမို ဦးဆောင်ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။ ယင်းမှာ စကားပြောကို အဓိက မထားဘဲ အမူအရာနှင့် ရုပ်ပုံများဖြင့် ဖော်ပြသည့် ရုပ်ရှင်ဇာတ်လမ်းများကို ထုတ်လုပ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် ပြင်သစ်သမ္မတ မက်ခရွန် က ဖန်တီးထားသည့် ဉာဏ်ရည်တု (AI) နည်းပညာများနှင့် ပတ်သက်၍ သတိပေးခဲ့သည်။ AI ကို အသုံးပြု၍ စာရေးဆရာများ၊ ရုပ်ရှင်ဖန်တီးရှင်များနှင့် အသံသရုပ်ဆောင်များ၏ နေရာတွင် အစားထိုးခြင်းသည် ကြီးမားသည့် အမှားအယွင်း ဖြစ်လာနိုင်ကြောင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကို ပိုမို တင်းကျပ်ရန် တောင်းဆိုခဲ့သည်။ ယင်းထိပ်သီးအစည်းအဝေးသို့ Netflix နှင့် NBCUniversal တို့ကဲ့သို့ ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း ထိပ်သီးခေါင်းဆောင်များအပြင်၊ ဟောလိဝုဒ် မင်းသားကြီး ဂျော့ချ် ကလူနီ (George Clooney) အပါအဝင် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ အနုပညာရှင်နှင့် စတူဒီယို အကြီးအကဲ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ #Lumière
    ရုပ်ရှင် လုပ်ငန်း ကျဆုံးမသွားစေရန် ပြင်သစ်နှင့် တောင်ကိုရီးယား ပူးပေါင်းကြိုးပမ်းမည် — September 8, 2026 6:30 pm
  • မက္ကစီကိုတွင် မီးရှုးမီးပန်းများကြောင့် လူ ၁၀ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း၌ ကျင်းပသည့် ဘာသာရေးပွဲတော်တစ်ခုအတွင်း မီးရှူးမီးပန်းများ ပြင်းထန်စွာ ပေါက်ကွဲခဲ့မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိသွားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်လိုက်သည်။ အဆိုပါ ပေါက်ကွဲမှုသည် မက္ကဆီကိုစီးတီးမြို့အနီးရှိ ဘုရားကျောင်းတစ်ခုဘေးတွင် စနေနေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရာနှင့်ချီသည့် ဒေသခံများ မီးရှူးမီးပန်း ပစ်ဖောက်သည်ကို ကြည့်ရှုရန် စုဝေးနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အုတ်တံတိုင်းတစ်ခုပါ ပြိုကျခဲ့သည်။ ဒဏ်ရာရရှိသူများထဲတွင် ဒေသခံ ခရစ်ယာန်ဘုန်းတော်ကြီး ၂ ဦးလည်း ပါဝင်ကြောင်း သိရသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များတွင် ပေါက်ကွဲမှုအပြီး မီးခိုးများနှင့် အပျက်အစီးများကြား ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများနှင့် လွတ်မြောက်လာသူများက လိုက်လံရှာဖွေနေကြသည်။ လက်ရှိတွင် ပေါက်ကွဲရသည့် အကြောင်းရင်းကို မက္ကဆီကိုပြည်နယ် ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးလျက် ရှိသည်။ #မက္ကဆီကို
    မက္ကစီကိုတွင် မီးရှုးမီးပန်းများကြောင့် လူ ၁၀ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရ — September 8, 2026 6:26 pm

Recent Posts

  • မြဝတီတွင် စစ်ဘေးရှောင်စခန်း ဒရုန်းဖြင့် ဗုံးကြဲခံရ၍ ကလေးတစ်ဦးအပါအဝင် ၂ ဦး သေဆုံး
  • စစ်ကိုင်းတိုင်း ရေဦးတွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲခံရ၍ အရပ်သား ၇ ဦး သေဆုံး
  • ဂျာမနီ ကောင်စစ်ဝန်ရုံးကို ရုရှား မောင်းထုတ်
  • ရုပ်ရှင် လုပ်ငန်း ကျဆုံးမသွားစေရန် ပြင်သစ်နှင့် တောင်ကိုရီးယား ပူးပေါင်းကြိုးပမ်းမည်
  • မက္ကစီကိုတွင် မီးရှုးမီးပန်းများကြောင့် လူ ၁၀ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရ

Archives

Related Posts

မြဝတီတွင် စစ်ဘေးရှောင်စခန်း ဒရုန်းဖြင့် ဗုံးကြဲခံရ၍ ကလေးတစ်ဦးအပါအဝင် ၂ ဦး သေဆုံး သတင်းနှင့် မီဒီယာကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။ ကရင်ပြည်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းကို စစ်အုပ်စု တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများ တာဝန်ရှိသူများနှင့် စခန်းတာဝန်ခံက ပြောသည်။ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ဘေးရှောင်များ နေ့လယ်စာ သုံးဆောင်နေချိန်၌ စစ်အုပ်စုတပ်က အဆိုပါ စစ်ဘေးရှောင်စခန်း တည့်တည့်ကို ဒရုန်းဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (Human Rights Foundation of MonLand) မှ ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က “စစ်အုပ်စုရဲ့ ဒရုန်းဗုံးထိတာပါ။ ပလောတပို့စခန်းအနီး လမ်းမတန်းပေါ်ကို ကြဲချတာပါ။ ပထမတလုံးက လမ်းမတန်းဘေး အိမ်တအိမ်နားကျတယ်၊ နေအိမ်ထဲက ကလေး အစမှန်ပြီး နေရာမှာပဲ ဆုံးတယ်။ လည်ပင်းထိတာ။ နောက် အမျိုးသမီးတဦးက ဒုတိယကြဲတဲ့အလုံးကို ထိတယ်။ ကေ့စ်နှစ်ခုပေ့ါ။ နေရာနှစ်နေရာ။ နှစ်ဦးစလုံးက မိသားစု နှစ်စုက လာတာဖြစ်တယ်” ဟု ပြောသည်။ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မင်းလက်ပံကျေးရွာမှ ပလောတပို့စခန်းသို့ စစ်ဘေးတိမ်းရှောင်လာသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်မှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ ထို့ပြင် နေအိမ်သို့ ပြေးဝင်ခိုလှုံသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ထပ်မံ ထိမှန်ခဲ့ပြီး မဲဆောက် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ထိုည ၇ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ စစ်အုပ်စုတပ်၏ လေကြောင်းနှင့် ဒရုန်းအန္တရာယ် စိန်ခေါ်မှုများနှင့် ပတ်သက်၍ မနိုင်အဲမွန်က ယခုကဲ့သို့ ဆက်ပြောသည်။ “နောက်ပိုင်း စွမ်းဆောင်ရည်မြင့် ဒရုန်းတွေနဲ့ လှည့်တိုက်တာ ပိုများလာတယ်။ အရင်လို လေယာဉ်နဲ့က တစ်ခါ တစ်လေပဲ ကင်းထောက်ပုံစံ ကြားတော့တယ်။ လက်နက်ကြီးနဲ့ အဝေးက နေလှမ်းပစ်တာတွေလည်း တချို့ ရှိတယ်။ စခန်းတိုင်းနဲ့ ရွာတွေမှာတော့ အခုနောက်ပိုင်း လုံခြုံရေးနဲ့ ကာကွယ်ရေး အစီအမံတွေ ပြင်ဆင်မှုတွေ ရှိလာခဲ့တာ တွေ့ရတယ်။ သို့သော် နေ့တဓူဝ လှုပ်ရှားမှုတွေကြား ရှောင်တခင် တိုက်ခိုက်မှုတွေကိုတော့ တုံပြန်နိုင်စွမ်းနည်းကြတယ်။ ဒါကြောင့်လည်း ထိခိုက်တာတွေ တိမ်းပါးတာတွေ ဖြစ်နေဆဲပါပဲ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ အဆိုပါ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇဇင်ဘာလ တတိယအပတ် လေးကေ့ကော်မြို့သစ် တိုက်ပွဲအပြီးတွင် ယာယီစစ်ရှောင်တဲများအဖြစ်မှ စခန်းအဖြစ် တည်ထောင်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း အဆိုပါ စစ်ဘေးရှောင်စခန်းကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ သဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။ လက်ရှိတွင် အဆိုပါ စခန်း၌ ကော့ကရိတ်မြို့နယ်အတွင်းရှိ နန်းရွှေမိတ်၊ မိဖာလဲ့၊ ထီဖိုးစံ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်တပွဲနှင့် နောင်မိ စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများ လာရောက်ခိုလှုံလျက်ရှိ ကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။ ဓာတ်ပုံ – (Human Rights Foundation of MonLand) #မြဝတီ #HURFOM

မြဝတီတွင် စစ်ဘေးရှောင်စခန်း ဒရုန်းဖြင့် ဗုံးကြဲခံရ၍ ကလေးတစ်ဦးအပါအဝင် ၂ ဦး သေဆုံး

  • September 8, 2026

ရုပ်ရှင် လုပ်ငန်း ကျဆုံးမသွားစေရန် ပြင်သစ်နှင့် တောင်ကိုရီးယား ပူးပေါင်းကြိုးပမ်းမည်

  • September 8, 2026

မကွေးတိုင်း မင်းတုန်းတွင် တိုက်ပွဲမရှိဘဲ စစ်တပ် ဗုံးကြဲ၍ စစ်ဘေးရှောင်တစ်ဦး သေဆုံး

  • September 7, 2026
စစ်ကိုင်းတိုင်း ရေဦးတွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲခံရ၍ အရပ်သား ၇ ဦး သေဆုံး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က လေကြောင်းမှ ရည် ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၇ ဦး ထက်မနည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာ သည့် ဂျိုင်ရိုကော်ပတာ (Gyrocopter) များနှင့် Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့သည် ရေဦးမြို့ နယ်၊ တင်းတိမ်ရံကျေးရွာရှိ ဈေးနှင့် ကပ်လျက်တည်ရှိသော ကားဝပ်ရှော့သို့ တည့်တည့် ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၂၀ မှ ၅၀ နှစ်ကြားရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၆ ဦး နေရာတွင်ပင် သေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသား ၃ ဦး ဒဏ်ရာရရှိကာ ကားဝပ်ရှော့နှင့် ဈေးဆိုင်ခန်းအချို့ ပျက်စီးခဲ့ရသည်။ အလားတူ ကား ၁၀ ထက်မနည်းလည်း ပျက်စီးသွားခဲ့သည်။ ရေဦးမြို့နယ် ဒေသခံတစ်ဦးက “ဗုံးကြဲတာက ညနေ ၅ နာရီကျော်လောက်မှာ ဖြစ်တာပါ။ အရပ်သားတွေရှိတဲ့ ကားအလုပ်ရုံကို ဝပ်ရှော့နေရာကို ဂျိုင်ရိုကော်ပတာနိမ့်နိမ့်နဲ့ တည့်တည့်ကို လာကြဲသွားတာ။ ၇ ယောက် သေသွားတယ်။ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ပါ လိုက်ပစ်တော့ ဘေးက အိမ်တွေလည်း မှန်တယ်။ ကြောက်လန့်ပြီး အရပ်သားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်” ဟု ပြောသည်။ ထို့ပြင် အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း လေယာဉ်ပေါ်မှပါ စက်လတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းတိမ်းရှောင်နေကြရသည်။ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ နယ်ဘက်မှာ စစ်တပ်က မြို့ပေါ်ကိုပဲ ထိန်းချုပ်ထားနိုင် တာ။ မြို့ ပတ်ဝန်းကျင် ရွာတွေကို စစ်တပ်က ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ မြေပြင်မှာ တိုက်ပွဲမရှိ၊ တော်လှန်ရေး တပ်ဖွဲ့တွေ မရှိဘဲနဲ့ အခုလို အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဆက်တိုက် တိုက် ခိုက်နေတာပါ။ ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းတွေကို အမြဲနားစိုပြီး ပုန်းခိုကျင်းတွေထဲ ကြိုတင် ဝင်ရောက်နေထိုင်ကြဖို့ သတိပေးချင်ပါတယ်” ဟု ပြောသည်။ တင်းတိမ်ရံကျေးရွာသည် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်အုပ်စုတပ် စစ်ကြောင်းများ၏ အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသလို စာသင်ကျောင်း အပါအဝင် ကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲခံနေရသည့် ကျေးရွာလည်း ဖြစ်သည်။ စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၇ ရက်နေ့၌ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာအပြင် ချောင်းဦးမြို့နယ် အတွင်းသို့ပါ ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ အလားတူ စက်တင်ဘာလ ၆ ရက်နေ့ကလည်း အနီးဝန်းကျင်ရှိ ကနီမြို့နယ်၊ ယာကြီးကျေးရွာအနီးတွင် စစ်အုပ်စု တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုတပ်သည် မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို အင်အား ၈၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသဖြင့် မုံရွာ-ယာကြီး-ကလေး ကားလမ်းဘေးဝဲယာရှိ ချောင်းမ၊ အောင်မင်္ဂလာ၊ သင့်ငံနှင့် ယာကြီးအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ အဆိုပါ စစ်ကြောင်းသည် ယာကြီးကျေးရွာအုပ်စုအတွင်းရှိ ရွာမကျေးရွာနှင့် ရေဖြူကျေးရွာတို့တွင် တပ်စွဲကာ ဒဏ်ရာရ စစ်သည်များကို ဆေးကုသမှု ပေးနေပြီး အနီးနား ပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်။ ဓာတ်ပုံ - (ဗုံးကြဲပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် အခြေအနေ မြင်ကွင်း / Crd) #စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်း ရေဦးတွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲခံရ၍ အရပ်သား ၇ ဦး သေဆုံး

  • September 8, 2026

မက္ကစီကိုတွင် မီးရှုးမီးပန်းများကြောင့် လူ ၁၀ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရ

  • September 8, 2026

တရားမဝင် ပြည်ပလူပို့ဆောင်သည့် အမျိုးသမီး ၂ ဦးကို AA ဖမ်းဆီးအရေးယူ

  • September 7, 2026
ဂျာမနီ ကောင်စစ်ဝန်ရုံးကို ရုရှား မောင်းထုတ် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် တည်ရှိသည့် ဂျာမန် ကောင်စစ်ဝန်ချုပ်ရုံးကို လာမည့် စက်တင်ဘာလ ၁၈ ရက်နေ့ထက် နောက်မကျစေဘဲ ပိတ်သိမ်းရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်သည်။ ထို့ပြင် ရုရှားနိုင်ငံအတွင်း စိုက်ထူထားသည့် ဂျာမန်ဘာသာစကားနှင့် ယဉ်ကျေးမှု ပြန့်ပွားရေး အဖွဲ့အစည်း၏ ဗဟိုဌာနခွဲ အားလုံးကိုလည်း ပိတ်သိမ်းရန်နှင့် ဝန်ထမ်းများအနေဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ရုရှားဘက်က သတိပေးထားသည်။ ယခု လုပ်ဆောင်ချက်သည် ဘုန်းမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးနှင့် ဘာလင်မြို့ရှိ ရုရှားယဉ်ကျေးမှုဗဟိုဌာနတို့ကို ပိတ်သိမ်းရန် ဂျာမနီဘက်က အစောပိုင်းတွင် ဆုံးဖြတ်ခဲ့မှုအပေါ် ရုရှားက တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံ၊ လိုက်ပ်ဇစ် (Leipzig) လေဆိပ်တွင် ပြုလုပ်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှု ကြိုးပမ်းမှုနောက်ကွယ်၌ ရုရှားနိုင်ငံ ပါဝင်နေသည်ဟု ဂျာမနီဘက်က စွပ်စွဲခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ပဋိပက္ခများ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းလေဆိပ်သည် ယူကရိန်းနိုင်ငံသို့ အကူအညီများ ပေးပို့ရာတွင် အဓိက အသုံးပြုနေသည့် အရေးပါသော လေကြောင်းကွန်လိုင်းတစ်ခု ဖြစ်သည်။ ဥရောပသမဂ္ဂ (EU) ကလည်း အဆိုပါဖြစ်စဉ်သည် ရုရှားက နောက်ကွယ်မှ ကူညီပေးခဲ့သည့် အကြမ်းဖက်မှုဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။ သ သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီးကမူ ဂျာမနီ၏ စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ယင်းစွပ်စွဲချက်များသည် စစ်ပွဲတစ်ခု စတင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ #ဂျာမနီ

ဂျာမနီ ကောင်စစ်ဝန်ရုံးကို ရုရှား မောင်းထုတ်

  • September 8, 2026

ဗန်းမော်-ရွှေကူ အစပ် ဧရာဝတီမြစ်ကူးတံတားကို စစ်တပ် ဗုံးကြဲ၍ ရထားလမ်းနှင့် ကားလမ်း ပျက်စီး

  • September 7, 2026

ကရင်နီတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် ၁၁ ဦးသေဆုံး

  • September 7, 2026
×Close