ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့မှ ထိပ်သီးခေါင်း ဆောင်များ ပင်လုံဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်၂ ရက်ကြာ ကျင်းပခဲ့သည်။

အစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကချင်ခေါင်းဆောင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် ဦးဆောင်သည့် ရှမ်းခေါင်းဆောင်များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဗိုလ်ချူပ် စိုင်းထူး ဦးဆောင်သည့် အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။