တိုင်းရင်းသား အဖွဲ့ ၃ ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ သီးခြားဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၂၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်လျှောက်တွင် အားလုံးပါဝင်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် အစိုးရဖက်က ဦးခက်ထိန်နန် ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ သီးခြားအကြိုညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးသည့် တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှာ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့များဖြစ်သည်။

ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်အမျိုး သားကောင်စီ ANC အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် မှ ²အဓိက ဆွေးနွေးတာက အားလုံးပါဝင်ရေးနဲ့ ပတ်သက်လို့ပါ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်တလျှောက်လုံးမှာ ကျနော်တို့ ပါဝင်နေတယ်။ ပါလာခဲ့တယ်။ ဒါပေမဲ့ အားလုံး ပါဝင်ရေးကို မဖော်ဆောင်နိုင်တဲ့ အခါ ကြတော့ အခက်အခဲတွေ ဖြစ်သွားတယ်။ NCA ကို အတူတကွ ရေးကြတယ်။ NCCT မှာ ၁၆ ဖွဲ့ အနေနဲ့စုဖွဲ့ပြီးတော့မှ ပါဝင်ခဲ့တယ်။ SD မှာလည်းဘဲ ၁၇ ဖွဲ့ ပုံစံပါဝင်တဲ့ထဲမှာလည်း ကျနော်တို့ တောက်လျှောက်ပါခဲ့ တယ်။ နောက်ဆုံးတော့ ကျနော်တို့ အားလုံး ပါဝင်တဲ့မူကို လက်မခံတဲ့အခါြ ကတော့ ခုန ပြောတဲ့ NCCT ၊ SD ထဲက ၆ ဖွဲ့က အသိအမှတ်ပြုခြင်း မခံရဘူး။ အဲဒါက ပြုတ် ကျန်ခဲ့တယ်။ အဲဒါ ပြုတ်ကျန်ခဲ့တော့ အဲဒီ ၆ ဖွဲ့ကို အကြောင်းပြုပြီးတော့ အားလုံးပါဝင်မှု မရှိတဲ့ဖြစ် စဉ်ဆိုပြီးမှ ဖြစ်သွားတယ်။ အဲဒါကြောင့် ၈ ဖွဲ့က လက်မှတ်ထိုးတယ်။ ကျန်တဲ့အဖွဲ့က ကျန်ခဲ့တယ်။ အခု ကျန်တဲ့အဖွဲ့တွေကို ဆက်ပြီးတော့မှ ဖိတ်ကြားတယ်။ NCA ကို အခြေခံ ပြီးတော့မှ ဆက်သွား ဖု့ိ လုပ်ငန်းစဉ်မှာ၊ ဆိုတော့ ပြန်ပြီးမှ အားလုံးပါဝင်ရေး ဖြစ်စဉ်ကိုဘဲ ပြန်ရောက်တယ်။ ပြဿနာက ဂျာအေး ကို သူ့အမေရိုက်တဲ့ ဖြစ်စဉ်လို ဖြစ်နေတယ်။ အဲဒါကြောင့် မှားပြီးသား အမှားကို ထပ်မမှား ဖို့အတွက် ကျနော်တို့ ဘယ်လို နည်းလမ်းရှာမလဲ၊ အဖြေရှာမလဲပေါ့နော်²ဟု ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးမှုကို အစိုးရဖက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင် ဆင်ရေး ဆပ်ကော်မတီ (၂) က ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ ၊ ဦးမိုးဇော်ဦး နှင့် ဦးကျော်လင်းဦး တို့တက်ရောက်ဆွေးနွေးခဲ့ပြီး ဦးလှမောင်ရွှေ တက်ရောက်ခြင်း မရှိခဲ့ပါ။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖက်မှ ရခိုင်ပြည်အမျိုးသားကောင်စီ ဥက္ကဌ ဒေါက်တာ ခင်မောင်၊ အထွေထွေအ တွင်းရေးမှူး ဦးထွန်းဇော် ၊လားဟူဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန် နဲ့ ဝ အမျိုးသားအဖွဲ့ချူပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး တာ့ညီလူ တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ် ဦးခက်ထိန်နန် မှ သတင်းထောက်များအား ယခုလို ပြောဆိုသည်။

ကျနော်တို့ အလွတ်သဘောပါပဲ ဒါ ကျနော်တို့ဆက်ပြီးတော့ပေါ့နော် အားလုံးပါဝင်နိုင်အောင် ပြီးတော့ အားလုံး လက်တွဲနိုင်အောင် ကျနော်တို့ နည်းလမ်းရှာတဲ့ အနေနဲ့ တွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်၊

ယင်းသို့ သီးခြားထပ်မံတွေ့ဆုံဆွေးနွေးရခြင်းသည် ယခင်အစိုးရလက်ထက်တွင် ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့ များအား NCA လက်မှတ်ထိုးရာတွင် ပါဝင်ရန်မလိုပဲ နိုင်ငံရေး ဆွေးနွေးပွဲကို တိုက်ရိုက်တက် ရောက်ရန် ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် တခြားတိုင်းရင်းသားများနည်းတူ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်များ မရှိခြင်းကြောင်း အားလုံးပါဝင်နိုင်ရန် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည် ဟု ဦးထွန်းဇော် မှ ပြောသည်။

ယနေ့တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် UNFC အဖွဲ့သည် တိုင်းရင်သားအားလုံးပါဝင်မှသာ NCA လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။