Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်း အဝေး နောက်ဆုံးနေ့

  • July 30, 2016

တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ကချင်ဘာသာ ) ၃၀ – ၀၇ -၂၀၁၆။
ဗိုလ်ချူပ်ကြီး အင်ဘန်လ အဖွင့်မိန့်ခွန်း (အစည်းအဝေး နောက်ဆုံးရက်)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့်အတွက် ကုန်သွယ်ရေးစစ်ပွဲများ မဆင်နွှဲသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု အလွန်အမင်း များပြားနေခြင်းနှင့် ငွေကြေးတန်ဖိုး လျှော့ချထားခြင်းတို့ကြောင့် ကုန်သွယ်ရေး မညီမျှမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံး၏ မူဝါဒရေးရာ စိုးရိမ်မှုများကို တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာသင့်ကြောင်းနှင့် ဂျာမနီအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုကို ကာကွယ်ပြီး ကာကွယ်ရေးဝါဒကို ငြင်းပယ်ရာတွင် ဥရောပသမဂ္ဂအတွင်း ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုသည် အားလုံးအတွက် အကျိုးရှိကြောင်း သဘောတူညီခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံရေးသည် တရားမျှတသည့် စည်းမျဉ်းများ၊ တန်းတူညီမျှမှုများအပေါ် အခြေခံရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ #EU #တရုတ် #ကုန်သွယ်ရေးစစ်ပွဲ
    ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား — September 23, 2026 1:50 pm
  • အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အီရန်နှင့် ဖြစ်ပွားနေသည့် ၇ လကြာ စစ်ပွဲအတွင်း ပျက်စီးသွားခဲ့သော အရှေ့အလယ်ပိုင်းဒေသရှိ စွမ်းအင် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်နှင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန် ရန်ပုံငွေ စီမံကိန်းတစ်ခုကို အမေရိကန် အစိုးရအဖွဲ့က အဆိုပြုလိုက်သည်။ ဝေါစထရိဂျာနယ် (The Wall Street Journal) သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါ "PACT" စီမံကိန်းအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၅ ဘီလီယံ ထည့်ဝင်မည်ဖြစ်သည်။ ကျန် ဒေါ်လာ ၅ ဘီလီယံကို ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ အီရတ်နှင့် ဂျော်ဒန် စသည့် ဒေသတွင်း မဟာမိတ် ၈ နိုင်ငံမှ ပူးပေါင်းထည့်ဝင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းသည် စစ်ပွဲကြောင့် ပျက်စီးခဲ့သည့် ရေနံပိုက်လိုင်းများ၊ ရေနံသန့်စင်စက်ရုံများနှင့် ပို့ကုန်ဆိပ်ကမ်းများကို ပြန်လည်တည်ဆောက်ရန်ဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားကို မဖြတ်သန်းရဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့နိုင်မည့် အစားထိုး လမ်းကြောင်းသစ်များကို ဖော်ထုတ်ရန် ရည်ရွယ်သည်။ သို့သော် ဒေသတွင်း အာဏာပိုင်အချို့ကမူ စစ်ပွဲ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိသေးမီ အချိန်တွင် စွမ်းအင်စက်ရုံများကို ပြန်လည်တည်ဆောက်ပါက အီရန်၏ တိုက်ခိုက်မှုများ ထပ်မံကြုံတွေ့ရနိုင်သဖြင့် ယခု စီမံကိန်းမှာ စောလွန်းသေးကြောင်း သတိပေးထားသည်။ #Trump
    အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု — September 23, 2026 1:47 pm
  • သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အိမ်ဖြူတော်က မီဒီယာအချို့၏ သတင်းရယူခွင့်ကို ပိတ်ပင်လိုက်သည့်အပေါ် မကျေနပ်သည့်အတွက် အမေရိကန် ပင်မ ရုပ်သံကွန်ရက်ကြီးများ ပူးပေါင်း၍ သမ္မတ ဒေါ်နယ်ထရန့်၏ သတင်းရိုက်ကူး တင်ဆက်မှုများကို ရပ်ဆိုင်းကာ ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာ ၂၁ ရက်တွင် သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာန ၃ ခုအား အိမ်ဖြူတော်အတွင်း သတင်းရယူခွင့် ပိတ်ပင်ခဲ့သည်။ အဆိုပါ အရေးယူမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ABC၊ CBS၊ CNN၊ Fox နှင့် NBC တို့ပါဝင်သော အမေရိကန် ထိပ်သီး ရုပ်သံလိုင်း ၅ ခုသည် သမ္မတ၏ သတင်းများကို စုပေါင်းရိုက်ကူးပေးသည့် (Pool Coverage) လုပ်ငန်းစဉ်များကို အတူတကွ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြမှုကြောင့် နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် သမ္မတထရန့်၏ ခရီးစဉ်တစ်ခုလုံးအား သတင်းမီဒီယာများမှ ရုပ်သံသတင်း ရိုက်ကူးတင်ဆက်နိုင်ခဲ့ခြင်း မရှိပေ။ တစ်ချိန်တည်းတွင် သတင်းရယူခွင့် ပိတ်ပင်ခံရသည့် သတင်းဌာနများက အဆိုပါ အမိန့်အား ချက်ချင်းရုပ်သိမ်းပေးရန် တရားရုံး၌ တရားစွဲဆိုထားသည်။ ယခု ပိတ်ပင်မှုသည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကို ကာကွယ်ပေးထားသည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက် (First Amendment) ကို တိုက်ရိုက် ချိုးဖောက်နေခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ သို့သော် သမ္မတ ဒေါ်နယ်ထရန့်က သတင်းမီဒီယာများသည် "ကင်ဆာရောဂါ" သဖွယ်ဖြစ်နေပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း အဆိုပါ မီဒီယာများသည် လက်ဝဲယိမ်း ဝါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ #သမ္မတဒေါ်နယ်ထရန့် #ABC #CBS #CNN #Fox #NBC
    သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက် — September 23, 2026 1:29 pm

Recent Posts

  • ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား
  • အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု
  • သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက်
  • ကုလသမဂ္ဂတွင် ဗီတိုအာဏာ ဖျက်သိမ်းရန် တူရကီသမ္မတ တောင်းဆို
  • ART ဆေး ပြန်ရသော်လည်း ဆေးပြတ်မည်ကို မြစ်ကြီးနားနှင့် ဝိုင်းမော် လူနာများ စိုးရိမ်

Archives

Related Posts

ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့်အတွက် ကုန်သွယ်ရေးစစ်ပွဲများ မဆင်နွှဲသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု အလွန်အမင်း များပြားနေခြင်းနှင့် ငွေကြေးတန်ဖိုး လျှော့ချထားခြင်းတို့ကြောင့် ကုန်သွယ်ရေး မညီမျှမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံး၏ မူဝါဒရေးရာ စိုးရိမ်မှုများကို တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာသင့်ကြောင်းနှင့် ဂျာမနီအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုကို ကာကွယ်ပြီး ကာကွယ်ရေးဝါဒကို ငြင်းပယ်ရာတွင် ဥရောပသမဂ္ဂအတွင်း ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုသည် အားလုံးအတွက် အကျိုးရှိကြောင်း သဘောတူညီခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံရေးသည် တရားမျှတသည့် စည်းမျဉ်းများ၊ တန်းတူညီမျှမှုများအပေါ် အခြေခံရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ #EU #တရုတ် #ကုန်သွယ်ရေးစစ်ပွဲ

ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား

  • September 23, 2026

ကုလသမဂ္ဂတွင် ဗီတိုအာဏာ ဖျက်သိမ်းရန် တူရကီသမ္မတ တောင်းဆို

  • September 23, 2026

ဂျပန်၌ ဒူဂျူအန် တိုင်ဖုန်းမုန်တိုင်းတိုက်ခိုက်၊ ၂ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံး

  • September 22, 2026
အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အီရန်နှင့် ဖြစ်ပွားနေသည့် ၇ လကြာ စစ်ပွဲအတွင်း ပျက်စီးသွားခဲ့သော အရှေ့အလယ်ပိုင်းဒေသရှိ စွမ်းအင် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်နှင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန် ရန်ပုံငွေ စီမံကိန်းတစ်ခုကို အမေရိကန် အစိုးရအဖွဲ့က အဆိုပြုလိုက်သည်။ ဝေါစထရိဂျာနယ် (The Wall Street Journal) သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါ "PACT" စီမံကိန်းအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၅ ဘီလီယံ ထည့်ဝင်မည်ဖြစ်သည်။ ကျန် ဒေါ်လာ ၅ ဘီလီယံကို ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ အီရတ်နှင့် ဂျော်ဒန် စသည့် ဒေသတွင်း မဟာမိတ် ၈ နိုင်ငံမှ ပူးပေါင်းထည့်ဝင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းသည် စစ်ပွဲကြောင့် ပျက်စီးခဲ့သည့် ရေနံပိုက်လိုင်းများ၊ ရေနံသန့်စင်စက်ရုံများနှင့် ပို့ကုန်ဆိပ်ကမ်းများကို ပြန်လည်တည်ဆောက်ရန်ဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားကို မဖြတ်သန်းရဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့နိုင်မည့် အစားထိုး လမ်းကြောင်းသစ်များကို ဖော်ထုတ်ရန် ရည်ရွယ်သည်။ သို့သော် ဒေသတွင်း အာဏာပိုင်အချို့ကမူ စစ်ပွဲ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိသေးမီ အချိန်တွင် စွမ်းအင်စက်ရုံများကို ပြန်လည်တည်ဆောက်ပါက အီရန်၏ တိုက်ခိုက်မှုများ ထပ်မံကြုံတွေ့ရနိုင်သဖြင့် ယခု စီမံကိန်းမှာ စောလွန်းသေးကြောင်း သတိပေးထားသည်။ #Trump

အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု

  • September 23, 2026

ART ဆေး ပြန်ရသော်လည်း ဆေးပြတ်မည်ကို မြစ်ကြီးနားနှင့် ဝိုင်းမော် လူနာများ စိုးရိမ်

  • September 23, 2026

ရုရှား ရွေးကောက်ပွဲ သမ္မတ ပူတင် ပါတီ အနိုင်ရ

  • September 22, 2026
သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အိမ်ဖြူတော်က မီဒီယာအချို့၏ သတင်းရယူခွင့်ကို ပိတ်ပင်လိုက်သည့်အပေါ် မကျေနပ်သည့်အတွက် အမေရိကန် ပင်မ ရုပ်သံကွန်ရက်ကြီးများ ပူးပေါင်း၍ သမ္မတ ဒေါ်နယ်ထရန့်၏ သတင်းရိုက်ကူး တင်ဆက်မှုများကို ရပ်ဆိုင်းကာ ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာ ၂၁ ရက်တွင် သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာန ၃ ခုအား အိမ်ဖြူတော်အတွင်း သတင်းရယူခွင့် ပိတ်ပင်ခဲ့သည်။ အဆိုပါ အရေးယူမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ABC၊ CBS၊ CNN၊ Fox နှင့် NBC တို့ပါဝင်သော အမေရိကန် ထိပ်သီး ရုပ်သံလိုင်း ၅ ခုသည် သမ္မတ၏ သတင်းများကို စုပေါင်းရိုက်ကူးပေးသည့် (Pool Coverage) လုပ်ငန်းစဉ်များကို အတူတကွ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြမှုကြောင့် နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် သမ္မတထရန့်၏ ခရီးစဉ်တစ်ခုလုံးအား သတင်းမီဒီယာများမှ ရုပ်သံသတင်း ရိုက်ကူးတင်ဆက်နိုင်ခဲ့ခြင်း မရှိပေ။ တစ်ချိန်တည်းတွင် သတင်းရယူခွင့် ပိတ်ပင်ခံရသည့် သတင်းဌာနများက အဆိုပါ အမိန့်အား ချက်ချင်းရုပ်သိမ်းပေးရန် တရားရုံး၌ တရားစွဲဆိုထားသည်။ ယခု ပိတ်ပင်မှုသည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကို ကာကွယ်ပေးထားသည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက် (First Amendment) ကို တိုက်ရိုက် ချိုးဖောက်နေခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ သို့သော် သမ္မတ ဒေါ်နယ်ထရန့်က သတင်းမီဒီယာများသည် "ကင်ဆာရောဂါ" သဖွယ်ဖြစ်နေပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း အဆိုပါ မီဒီယာများသည် လက်ဝဲယိမ်း ဝါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ #သမ္မတဒေါ်နယ်ထရန့် #ABC #CBS #CNN #Fox #NBC

သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက်

  • September 23, 2026

ရခိုင်တွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ခ မြင့်တက်

  • September 23, 2026

ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်

  • September 22, 2026
×Close